Connect with us

Africa & Middle East

အမေရိကန်ဦးဆောင်သော နိုင်ငံတကာမဟာမိတ်တပ်ဖွဲ့၏ တာဝန်ပြီးဆုံးမည့်ရက်စွဲကို ထုတ်ပြန်ကြေညာရန် ရွှေ့ဆိုင်းလိုက်ကြောင်း အီရတ်က ပြောကြား

အီရတ်နိုင်ငံ Salahuddin ပြည်နယ်တွင် အီရတ်လေတပ် တည်ထောင်ခြင်း ၉၃ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား၌ တာဝန်ကျနေသည့် စစ်သားတစ်ဦးကို ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)

“နောက်ဆုံးဖြစ်ပေါ်တိုးတက်နေသောအခြေအနေများ”ကြောင့် အမေရိကန်ဦးဆောင်သော နိုင်ငံတကာမဟာမိတ်တပ်ဖွဲ့၏ တာဝန်ပြီးဆုံးမည့်ရက်စွဲကို ရွှေ့ဆိုင်းလိုက်ကြောင်း အီရတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။

နှစ်နိုင်ငံ အရာရှိများ ပါဝင်သော အီရတ်-အမေရိကန် အဆင့်မြင့် စစ်ဘက်ဆိုင်ရာ ကောင်မတီသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာမဟာမိတ်တပ်ဖွဲ့အား အကြံပေးအဖွဲ့မှ နုတ်ထွက်ရေး အသေးစိတ် အချက်အလက်များကို ဆွေးနွေးခဲ့ကြောင်း အီရတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။ အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းရာတွင် အီရတ်၏ ရည်မှန်းချက်မှာ “အီရတ်မြေပေါ်ရှိ နိုင်ငံအားလုံး၏ နိုင်ငံတကာ မဟာမိတ်အကြံပေးများ ရှိနေခြင်းကို အဆုံးသတ်ရန်” ဖြစ်ကြောင်း သိရသည်။

အီရတ်နိုင်ငံ Salahuddin ပြည်နယ်တွင် အီရတ်လေတပ် တည်ထောင်ခြင်း ၉၃ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား၌ တာဝန်ကျနေသည့် စစ်သားတစ်ဦးကို ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နှစ်ဖက်အနေဖြင့် အသေးစိတ်အချက်အလက်များ၊ တာဝန်ပြီးဆုံးကြောင်းကြေညာမည့်ရက်စွဲနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ တချို့ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး “သဘောတူညီချက်တစ်ခုကြေညာရန် အလွန်နီးကပ်နေပြီဖြစ်သော်လည်း နောက်ဆုံးဖြစ်ပေါ်တိုးတက်နေသော သောအခြေအနေများကြောင့် နိုင်ငံတကာ မဟာမိတ်တပ်ဖွဲ့၏ အီရတ်ရှိ စစ်ရေးတာဝန် ပြီးဆုံးကြောင်းကြေညာမည့်ရက်စွဲကို ရွှေ့ဆိုင်းလိုက်သည်” ဟု ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

မည်သည့်နေ့တွင် ထိုရက်စွဲအားကြေညာမည်ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိသလို ဖြစ်ပေါ်တိုးတက်နေသောအခြေအနေများကိုလည်း အတိအကျကို ဖော်ပြထားခြင်းမရှိပေ။
နိုင်ငံတကာမဟာမိတ်တပ်ဖွဲ့ နုတ်ထွက်ရေးသတင်းကို ခန့်မှန်းခြေအရ စက်တင်ဘာလအစောပိုင်းတွင် ကြေညာဖွယ်ရှိကြောင်း အီရတ်နိုင်ငံခြားရေးဌာနမှ အရာရှိသူတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသည် ၂၀၀၃ ခုနှစ်တွင် အီရတ်စစ်ပွဲကို စတင်ဆင်နွှဲခဲ့ပြီး ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ၎င်း၏စစ်တပ်များကို အီရတ်မှ ပြန်လည်ရုပ်သိမ်းခဲ့ပြီး အခြေစိုက်စစ်သည်အင်အား အနည်းငယ်ကိုသာ ချန်ထားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် အစွန်းရောက်အဖွဲ့အစည်းဖြစ်သည့် ISIS က အီရတ်နိုင်ငံ အနောက်ပိုင်းနှင့် မြောက်ပိုင်းဒေသ အများအပြားကို သိမ်းပိုက်လိုက်ပြီး မကြာမီတွင်ပင် အမေရိကန်နိုင်ငံဦးဆောင်သည့် ISIS တိုက်ခိုက်ရေး နိုင်ငံတကာမဟာမိတ်တပ်ဖွဲ့က အီရတ်နိုင်ငံသို့ စစ်အင်အားများ တိုးချဲ့စေလွှတ်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံတကာမဟာမိတ်တပ်ဖွဲ့၏ တိုက်ခိုက်မှုတာဝန်များ ပြီးဆုံးခဲ့ပြီးဖြစ်၍ အီရတ်စစ်တပ်က စစ်စခန်းများအားလုံးကို လွှဲပြောင်းလက်ခံလိုက်ပြီးဖြစ်ကြောင်း၊ အချို့သောစစ်ဘက်ဆိုင်ရာ အကြံပေးနိုင်ငံခြားစစ်သည်များအနေဖြင့် အီရတ်လုံခြုံရေးတပ်ဖွဲ့အား ထောက်ပံ့မှုများ ပေးနိုင်ရန် အီရတ်နိုင်ငံတွင် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း အီရတ်ဝန်ကြီးချုပ်ရုံး၏ ပြန်ကြားရေးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

အမေရိကန်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် အီရတ်မှ စစ်ဆင်ရေးတပ်များကို ရုပ်သိမ်းခဲ့ပြီး လက်ရှိတွင် အမေရိကန်စစ်သား ၂,၅၀၀ ခန့်က အီရတ်အစိုးရတပ်ဖွဲ့များကို လေ့ကျင့်သင်ကြားရန်နှင့် စစ်ရေးအကြံပေးများအဖြစ် ဆောင်ရွက်ရန် အမည်ဖြင့် အီရတ်တွင် တပ်စွဲထားဆဲဖြစ်သည်။

လွန်ခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်တွင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခတစ်ဖန်ဖြစ်ပွားပြီးနောက် အီရတ် Shia ပြည်သူ့စစ်များက အီရတ်နှင့် ဆီးရီးယားရှိ အမေရိကန်တပ်များကို မကြာခဏ တိုက်ခိုက်ခဲ့ပြီး ယင်းမှာ အမေရိကန် ပံ့ပိုးကူညီသော အစ္စရေးက ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) အား တိုက်ခိုက်မှုအတွက် တုံ့ပြန်ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။ အမေရိကန်စစ်တပ်နှင့် ၎င်းဦးဆောင်သော နိုင်ငံတကာမဟာမိတ်တပ်ဖွဲ့တို့က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ အီရတ်ပြည်တွင်းတွင် နိုင်ငံတကာမဟာမိတ်အား “နှင်ထုတ်ရန်” တောင်းဆိုမှုများ မြင့်တက်လာခဲ့သည်။ ယခုနှစ် နှစ်ဆန်းမှစ၍ အီရတ်အစိုးရသည် အမေရိကန်၏တိုက်ခိုက်မှုများကို ထပ်တလဲလဲ ရှုတ်ချခဲ့ပြီး အီရတ်နိုင်ငံတွင် နိုင်ငံတကာမဟာမိတ်တပ်ဖွဲ့၏တည်ရှိမှုကို အဆုံးသတ်ရန်အတွက် အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း ဖြစ်စဉ်တိုးတက်မှုမှာ နှေးကွေးလျက်ရှိသည်။ (Xinhua)

……………………….
(Chinese Version)
伊拉克称推迟宣布美国主导的国际联盟任务结束日期
新华社北京8月16日电 伊拉克外交部15日说,因“最新事态发展”,宣布美国主导的国际联盟在伊任务结束的日期被推迟。
伊拉克外交部在一份声明中说,由两国官员组成的伊美高级军事委员会讨论了美国主导的国际联盟撤出顾问的细节。在与美方谈判中,伊方的目标是“结束所有国籍的国际联盟顾问在伊拉克领土上的存在”。
声明说,双方讨论了细节、宣布结束任务的日期和一些后勤问题,并且“已经非常接近宣布达成协议,但由于最新事态发展,宣布结束国际联盟在伊拉克军事任务的日期被推迟”。
声明没有说明将何时宣布这一日期,也没有说明具体事态发展。
一名伊拉克外交部官员告诉路透社记者,国际联盟撤离的消息预计将在9月初宣布。
美国2003年发动伊拉克战争,2011年年底从伊撤军,仅留少量驻军。极端组织“伊斯兰国”2014年夺取伊拉克西部和北部大片地区,美国主导的打击“伊斯兰国”国际联盟随后增兵伊拉克。2022年1月,伊拉克总理新闻办公室发表声明说,国际联盟的战斗任务已结束,伊军方已接管所有军事基地,一些从事顾问工作的外军人员仍留在伊境内继续为伊安全部队提供支持。
美国2021年12月从伊拉克撤出作战部队,目前仍有约2500名美军士兵以训练伊拉克政府军、担任军事顾问的名义在伊拉克驻扎。
本轮巴以冲突去年10月7日爆发后,伊拉克什叶派民兵武装频繁袭击伊拉克和叙利亚境内美军,声称这是对美国支持以色列打击巴勒斯坦伊斯兰抵抗运动(哈马斯)的回应。美军及其主导的国际联盟则回以一系列空袭。伊拉克国内对国际联盟的“逐客”呼声不断高涨。今年年初以来,伊拉克政府反复谴责美方的袭击行径,并就结束国际联盟在伊存在与美方展开谈判,但进展缓慢。
图说:4月24日,在伊拉克萨拉赫丁省,一名士兵在伊空军成立93周年庆祝活动上执勤。新华社发(哈利勒·达伍德摄)