Connect with us

Asia

မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ ရင်ကြားစေ့ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားမည် ဖြစ်ကြောင်း ဝမ်ရိ ပြောကြား

ဘန်ကောက်၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)

(၉) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၂၄ ခုနှစ် သြဂုတ် ၁၆ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အစည်းအဝေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံခဲ့ရာတွင် မြန်မာနိုင်ငံအရေးနှင့်စပ်လျဉ်း၍ ပြောကြားခဲ့သည်။ဝမ်ရိက ယခုအကြိမ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ မတက်ရောက်မီ မိမိအနေဖြင့် ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ အလည်အပတ် ခရီးစဉ် သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ (အငြိမ်းစား) ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့ နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း၊ ထိုသို့ ဆွေးနွေးရာတွင် တရုတ်နိုင်ငံအနေဖြင့် တရုတ်-မြန်မာ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးကို ခိုင်မာစွာ မြှင့်တင်ရန်၊ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှု မပြုခြင်းမူကို လက်ကိုင်ထားကျင့်သုံးရန် ၊ မြန်မာနိုင်ငံ ပြည်သူတစ်ရပ်လုံးကို မျက်နှာမူသည့်၊ မြန်မာနိုင်ငံအပေါ်ထားရှိသည့် ချစ်ကြည်ရေးမူဝါဒကို ကျင့်သုံးရန် အတိအလင်းဖော်ပြခဲ့ကြောင်း ပြောကြားခဲ့သည်။

တာဝန်ယူမှုရှိသည့် နိုင်ငံကြီးနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်ဖြစ်သည့် နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို အစဉ်တစ်စိုက် အားထားဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့သည် မြန်မာနိုင်ငံ၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာ၊ နိုင်ငံတစ်သားတည်းဖြစ်တည်မှုနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား ကာကွယ်ထိန်းသိမ်းခြင်းအပေါ် အခိုင်အမာ ထောက်ခံသလို ပြည်တွင်းတည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့နေထိုင်မှုဘဝကောင်းမွန်ရေးကို မြန်မာနိုင်ငံက အားထားဆောင်ရွက်နေခြင်းအပေါ် အခိုင်အမာ ထောက်ခံကြောင်း၊ မြန်မာနိုင်ငံ၏ ရှေ့လုပ်ငန်းစဉ်သစ် (၅) ရပ်အရ ဖွဲ့စည်းပုံ အခြေခံဥပဒေမူဘောင်အောက်တွင် နိုင်ငံရေးအရ ပြည်တွင်းရင်ကြားစေ့ရေး၊ ရွေးကောက်ပွဲမှတစ်ဆင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်း ဖော်ဆောင်နေမှုအပေါ် ထောက်ခံကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာ့ပြည်တွင်းရေးအပေါ် ပြည်ပအင်အားစုများထင်သလို ဝင်ရောက်စွက်ဖက်ခြင်းကို ဆန့်ကျင်သလို တရုတ်-မြန်မာ ဆက်ဆံရေးအား သွေးကွဲအောင် လုပ်ဆောင်နေမှုနှင့် တရုတ်နိုင်ငံအပေါ် မဟုတ်မမှန် ပြောဆိုလုပ်ကြံတိုက်ခိုက်နေမှု မှန်သမျှကို ဆန့်ကျင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံရေးအပြန်အလှန် ယုံကြည်မှု တစ်ဆင့်တိုး ခိုင်မာစေရန်၊ ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေရန်၊ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံလူပုဂ္ဂိုလ်များ၊ စီမံကိန်းများနှင့် တရုတ်-မြန်မာ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းရန် ၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု ပူးတွဲတိုက်ဖျက်ရေးအင်အား ဖြည့်တင်းရန်၊ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို နက်ရှိုင်းမှု၊ လက်တွေ့ကျမှုရှိအောင် မြှင့်တင် ဆောင်ရွက်ရန် တရုတ်-မြန်မာ နှစ်နိုင်ငံစလုံးက သဘောတူညီခဲ့ကြကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဘက်ပေါင်းစုံနှင့်အတူ မြန်မာနိုင်ငံ စစ်ပွဲများရပ်တန့်ရေး၊ တည်ငြိမ်မှုကို ထိန်းသိမ်းရေး၊ အများပြည်သူ လုံခြုံရေး အာမခံမှု ရှိစေရေး၊ ပြည်ပစွက်ဖက်မှုများ ဆန့်ကျင်ရေးကို ထောက်ခံသည့် တူညီသောသတင်းစကားကို ပြောကြားသွားမည် ဖြစ်ကြောင်း၊ အာဆီယံမိသားစုကြီးတွင် မြန်မာနိုင်ငံသည် မရှိ၍ မဖြစ်ပါကြောင်း၊ အာဆီယံ၏ ပင်ကိုယ် စည်းလုံးမှုကို ထိန်းသိမ်းခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ “ဘုံသဘောတူညီချက် ၅ ရပ်”ကို အကောင်အထည်ဖော်ဆောင်ခြင်း၊ ကြားဝင်စေ့စပ်ညှိနှိုင်းမှုတွင် အာဆီယံအား အဓိကထားခြင်း၊ “အာဆီယံနည်းလမ်း” ဖြင့် မြန်မာနိုင်ငံပြဿနာ “အဆင်ပြေချောမွေ့စွာ ညှိနှိုင်း ဖြေရှင်းရေး (Soft Landing)” ကို တွန်းအားပေးရန် တရုတ်နိုင်ငံအနေဖြင့် ထောက်ခံပါကြောင်း ၊ မြန်မာနိုင်ငံ တည်ငြိမ်ရေးအေးချမ်းရေး၊ ရင်ကြားစေ့ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံက အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားမည်ဟု မိမိတို့အနေဖြင့် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————————-
王毅:为缅甸实现稳定、和解和发展发挥建设性作用
新华社曼谷8月16日电(记者高博 陈倩慈)当地时间2024年8月16日,澜沧江-湄公河合作第九次外长会在泰国清迈举行。会后,中共中央政治局委员、外交部长王毅在会见记者时谈及缅甸问题。
王毅表示,此次出席澜湄合作外长会前,我应邀赴缅甸访问,会见缅甸领导人敏昂莱、前国家和平与发展委员会主席丹瑞,同丹穗副总理兼外长举行会谈,表明中国坚定弘扬中缅“胞波”情谊,奉行不干涉内政原则,奉行面向缅甸全体人民的对缅友好政策。作为负责任大国和联合国安理会常任理事国,中方始终致力于维护地区的和平稳定。我们支持缅方维护独立、主权、国家统一和领土完整,支持缅方致力于国内和平稳定、发展经济、改善民生,支持缅方按照新的“五点路线图”,在缅宪法框架内实现国内政治和解,通过大选重启民主转型进程。中方反对在缅国内挑动内乱内战的行为,反对域外势力蓄意干涉缅甸内政,反对任何离间中缅关系、抹黑污蔑中国的言行。
中缅双方一致同意进一步巩固政治互信,深化各领域务实合作,切实维护在缅中方人员项目和中缅边境地区的安全稳定,加大联合打击跨国犯罪力度,推动中缅命运共同体建设走深走实。中方愿同各方一道,发出支持缅甸止战维稳、保障人民安全、反对外来干涉的共同声音。东盟大家庭不能缺少缅甸。中方支持东盟保持自身团结,支持落实东盟涉缅“五点共识”,支持东盟作为斡旋主渠道,以“东盟方式”推动缅甸问题“软着陆”。我们期待各方为缅甸实现稳定、和解和发展发挥建设性作用。(完)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.