Connect with us

China

တစ်နှစ်ပတ်လုံးတွင် “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူတည်ဆောက်ရေး စီးပွားရေး အသိုက်အဝန်း ၉၄ ခုမှ လုပ်ငန်းများ ဟောင်ကောင်၌ အခြေစိုက်မည်ဟု တရုတ်နိုင်ငံ ဟောင်ကောင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဌာနက ခန့်မှန်း

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ Victoria ဆိပ်ကမ်းအား ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)

တစ်နှစ်ပတ်လုံးတွင် “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူတည်ဆောက်ရေး စီးပွားရေးအသိုက်အဝန်း စုစုပေါင်း ၉၄ ခု (ပြည်မကြီးမပါဝင်) မှ လုပ်ငန်းများ ဟောင်ကောင်၌ အခြေစိုက်မည်ဖြစ်ပြီး လွန်ခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်လျှင် ၄၇ ရာခိုင်နှုန်းများလာမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဌာန၏ နောက်ဆုံးခန့်မှန်းချက်များအရ သိရသည်။

“ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူတည်ဆောက်ရေး စီးပွားရေးအသိုက်အဝန်းမှ လုပ်ငန်းများသည် ဟောင်ကောင်တွင် ရင်းနှီးမြှုပ်နှံမှု ဘဏ္ဍာငွေလိုအပ်ချက် နှိုင်းယှဉ်မှုအရ လိုအပ်ချက်များရာ ဤနေရာတွင် ၎င်းတို့အနေဖြင့် အိန်ဂျယ် (Angel) သဖွယ် ရင်းနှီးမြှုပ်နှံသူများကို တွေ့နိုင်သလို ဤနေရာတွင်လည်း အကျိုးတူအရင်းအနှီး (Venture capital) ရန်ပုံငွေ၊ ပုဂ္ဂလိက အစုရှယ်ယာ ရန်ပုံငွေများကလည်း ရင်းနှီးမြှုပ်နှံမည့်အခွင့်အလမ်းများကို ရှာဖွေနေကြကြောင်း၊ ထို့အပြင် ဟောင်ကောင်သည် လွန်စွာ အရေးပါလှသော IPO ရန်ပုံငွေရှာဖွေရေးစင်တာ ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဌာန လက်ထောက်ညွှန်ကြားရေးမှူး ကျန်ရွှယ်လီက ဆိုသည်။ကျန်ရွှယ်လီက နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများကို တိုးချဲ့လိုသည့် ပြည်မကြီးကုမ္ပဏီလုပ်ငန်းများသည်သာမက တရုတ်ပြည်မကြီးကို ဈေးကွက်ထိုးဖောက်လိုသည့် ပြည်ပ ကုမ္ပဏီလုပ်ငန်းများအတွက်ဆိုလျှင် ဟောင်ကောင်သည် စီးပွားရေးလုပ်ငန်းလည်ပတ်ရာ တစ်မူထူးခြားသည့် အားသာချက်များ ရှိကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတကာဘဏ္ဍာရေးစင်တာဖြစ်သည့် ဟောင်ကောင်တွင် စီမံနေသည့် ရင်းနှီးငွေပမာဏမှာ ဟောင်ကောင်ဒေါ်လာ ၃၀ ထရီလီယံ ရှိကြောင်း၊ ၎င်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်သည့် အထင်အရှားဆုံးအချက် ဖြစ်ကြောင်း၊ ထို့အပြင် ဟောင်ကောင်သည် ဒေသတွင်းတွင် ရှေ့ဆုံးက အလွန် ဦးဆောင်နေသည့် ရေကြောင်း ကုန်သွယ်ရေး စင်တာဖြစ်သလို ဒေသတွင်း အရေးပါသည့် နိုင်ငံတကာဥပဒေနှင့် အငြင်းပွားမှု ဖြေရှင်းရေး ဝန်ဆောင်မှုစင်တာတစ်ခု ပို၍ပင် ဖြစ်ပါကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဌာန၏ မိတ်ဆက်ပြောကြားချက်များအရ ပထမနှစ်ဝက်တွင် လုပ်ငန်းပေါင်း ၃၂၂ ခုကို ဟောင်ကောင်သို့ လာရောက်၍ လုပ်ငန်းများ ဖွင့်လှစ်ရန် သို့မဟုတ် တိုးချဲ့ရန် ကူညီပံ့ပိုးခဲ့ရာ လွန်ခဲ့သည့်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၄၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။ ယင်းလုပ်ငန်းများက ဟောင်ကောင်စီးပွားရေးအတွက် ဟောင်ကောင်ဒေါ်လာ ၃၈.၃ ဘီလီယံ ဆောင်ကြဉ်းပေးလာခဲ့သလို အလုပ်အကိုင်ပေါင်း ၃,၅၀၀ ကျော်ကို ဖန်တီးနိုင်ခဲ့ရာ ပြီးခဲ့သည့်နှစ်ကာလတူထက် ၆ ရာခိုင်နှုန်းနှင့် ၄၄ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကြောင်း၊ အဆိုပါ ထောက်ပံ့ကူညီမှုကို ရရှိခဲ့သည့် လုပ်ငန်းပေါင်း ၃၂၂ ခုအနက် ၄၇ ခုမှာ “ရပ်ဝန်းနှင့် ပိုးလမ်းမ” စီးပွားရေးအသိုက်အဝန်းများ (ပြည်မကြီးမပါဝင်) မှ လာခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဌာနက ဟောင်ကောင်တွင် ရင်းနှီးမြှုပ်နှံရန် လုပ်ငန်းပေါင်း ၃၈၂ ခုကို ပံ့ပိုးကူညီခဲ့ရာ ယခုနှစ်ဇွန်လမတိုင်မီအထိ လုပ်ငန်းပေါင်း ၃၂၂ ခုကို ကူညီပံ့ပိုးပြီးဖြစ်ကြောင်း သိရသည်။ ၂၀၂၂ ခုနှစ် (ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ) အုပ်ချုပ်ရေးမှူး၏ စီမံအုပ်ချုပ်ရေး အစီရင်ခံစာ၌ အဆိုပြုခဲ့သည့် ၃ နှစ်အတွင်း လုပ်ငန်းပေါင်း ၁,၁၃၀ ကို ဟောင်ကောင်၌ လာရောက် ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်မည့် စံနှုန်းအား ကျော်လွန်နိုင်မည်ဟု ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဌာနက ခန့်မှန်းထားသည်။ (Xinhua)


…………………………
(Chinese Version)
香港投资推广署预计全年94间共建“一带一路”经济体企业在港落户
新华社香港8月16日电 香港特区政府投资推广署最新预计,全年共有94间来自共建“一带一路”经济体(不包括内地)的企业落户香港,较去年多47%。
投资推广署助理署长蒋学礼表示,来自共建“一带一路”经济体的企业在港融资需求相对较大。在这里他们能遇到很多天使投资者,这里也有大批创业投资基金、私募股权基金在寻找投资机会,而且香港是很重要的上市集资中心。
蒋学礼说,无论对于想拓展国际业务的内地企业,还是想进军内地的海外企业,香港都具有独特营商优势。香港作为国际金融中心,所管理的资产规模达30万亿港元,这是很吸引外资的亮点。此外,香港也是区内一个非常领先的航运贸易中心,更是区内重要的国际法律和争议解决服务中心。
据投资推广署介绍,上半年协助322间企业来港开设或拓展业务,较去年同期上升43%。这些企业为香港经济带来383亿港元的投资,并创造逾3500个新增职位,分别较去年同期上升6%和44%。在这322间受助企业中,47间来自共建“一带一路”经济体(不包括内地)。
2023年,投资推广署协助382间企业在港投资,今年前6个月便已协助了322间企业。投资推广署预计,将超额完成2022年行政长官施政报告提出的三年内吸引1130间企业来港的绩效指标。
1. 这是2021年11月24日在香港中环拍摄的维多利亚港两岸。新华社记者 王申 摄