Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ သမ္မတ To Lam တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဗီယက်နမ်နိုင်ငံ သမ္မတ To Lam လက်ဆွဲနှုတ်ဆက်နေသည်ကို ဩဂုတ် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ (CPC) အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ အလည်အပတ်ခရီးစဉ် ရောက်ရှိနေသော ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ သမ္မတ To Lam နှင့် ပေကျင်းမြို့ပြည်သူ့ခန်းမဆောင်တွင် ဩဂုတ် ၁၉ ရက်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲပြီးနောက် ပါတီစာသင်ကျောင်းများ၊ အပြန်အလှန် ချိတ်ဆက်မှု၊ စက်မှုလုပ်ငန်း၊ ဘဏ္ဍာရေး၊ အကောက်ခွန်စစ်ဆေးရေးနှင့် ရောဂါစစ်ဆေးရေး၊ ကျန်းမာရေး၊ သတင်းအေဂျင်စီနှင့် မီဒီယာ၊ ဒေသန္တရ၊ ပြည်သူများ၏ နေထိုင်မှုဘဝ စသည့်ကဏ္ဍများဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးခဲ့ကြသည်။ (Xinhua)


……………………………..
(Chinese Version)
习近平同越共中央总书记、国家主席苏林会谈
北京,2024年8月19日 8月19日,中共中央总书记、国家主席习近平在北京人民大会堂同来华进行国事访问的越共中央总书记、国家主席苏林举行会谈。会谈后,双方共同见证签署关于党校、互联互通、工业、金融、海关检验检疫、卫生、新闻机构和媒体、地方、民生等领域多项双边合作文件。
图说:这是习近平同苏林握手。新华社记者 岳月伟 摄