Connect with us

Africa & Middle East

ပါကစ္စတန်နိုင်ငံတွင် ရက်ပေါင်း ၅၀ နီးပါး မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၂၁၅ ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ Chaman မြို့တွင် ရေတိုက်စားမှုကြောင့် ပျက်စီးသွားသော နေအိမ်ကို ကြည့်ရှုနေသည့် အမျိုးသားတစ်ဦးအား ၂၀၂၄ ခုနှစ် ဧပြီ ၁၉ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)
ယခုနှစ် ဇူလိုင် ၁ ရက်မှစ၍ မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှုမှတစ်ဆင့် ဖြစ်ပွားသည့် သဘာဝဘေးအန္တရာယ်များကြောင့် ပါကစ္စတန်နိုင်ငံတွင် အနည်းဆုံး လူ ၂၁၅ ဦး သေဆုံးပြီး ၄၀၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန၏ ဩဂုတ် ၁၉ ရက် အစီရင်ခံစာ၌ ဖော်ပြထားသည်။
ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်းရှိ Punjab ပြည်နယ်နှင့် အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်သည် ကပ်ဘေးဒဏ် အဆိုးရွားဆုံးခံရသည့် ဒေသများ ဖြစ်ကြောင်း၊ မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှုမှတစ်ဆင့် ဖြစ်ပွားသည့် သဘာဝဘေးအန္တရာယ်များကြောင့် ယင်းပြည်နယ်နှစ်ခုတွင် အနည်းဆုံး လူပေါင်း ၈၆ ဦးနှင့် ၆၅ ဦး အသီးသီး သေဆုံးခဲ့ကြောင်း၊ နိုင်ငံတစ်ဝန်းလုံးတွင် အနည်းဆုံး နေအိမ် ၂,၅၀၀ ၊ တံတား ၃၁ စင်းနှင့် လမ်းပေါင်း ၄၄ ကီလိုမီတာ ပျက်စီးခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

လာမည့် ၄၈ နာရီအတွင်း ပါကစ္စတန်နိုင်ငံ ကဘူလ်မြစ်၊ အိန္ဒုမြစ်၊ ဂျေလမ်မြစ် မြစ်ညာြမစ်ဝှမ်းတို့တွင် မိုးအသင့်အတင့်မှ မိုးကြီးနိုင်ကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် ရေဘေးကြိုတင်ကာကွယ်ရေးနှင့် ဘေးအန္တရာယ်လျှော့ချရေး လုပ်ငန်းများကို ကောင်းမွန်စွာ လုပ်ဆောင်ထားရန် ပါကစ္စတန် မိုးလေဝသဌာနက ပြောကြားခဲ့သည်။

လက်ရှိတွင် ပါကစ္စတန်အစိုးရက နိုင်ငံတစ်ဝန်းတွင် ယာယီဆေးကုသရေးနှင့် ကူညီကယ်ဆယ်ရေး စခန်း ၈၆ ခု ထားရှိပြီး ကပ်ဘေးဒဏ်သင့် ပြည်သူ ၄,၁၀၀ ကျော်ကို အရေးပေါ်နေရာချထားခဲ့ကြောင်းနှင့် နိုင်ငံတစ်ဝန်းကို တဲဖျင်၊ ခြုံစောင် စသည့် ကူညီကယ်ဆယ်ရေးနှင့်နေရာချထားရေးအထောက်အပံ့ပစ္စည်း ထောင်ချီ ပေးဝေခဲ့ကြောင်း သိရသည်။ (Xinhua)


…………………………
(Chinese Version)
巴基斯坦季风暴雨近50日来已致至少215人死亡
新华社伊斯兰堡8月19日电(记者蒋超)巴基斯坦国家灾害管理局19日发布报告说,今年7月1日以来,季风暴雨引发的灾害已在该国造成至少215人死亡、405人受伤。
报告说,东部旁遮普省和西北部开伯尔-普什图省是受灾最严重的地区,季风暴雨引发的灾害在两省分别造成至少86人和65人死亡。巴全国至少有2500间房屋、31座桥梁和44公里道路在灾害中遭毁。
巴基斯坦气象部门说,未来48小时内,预计该国喀布尔河、印度河以及杰赫勒姆河上游流域将有中到大雨,有关部门应做好防汛减灾工作。
目前,巴政府已在全国设立了86座临时医疗和救援营地,紧急安置了4100余名受灾民众,并已向全国派发了数千件帐篷、毛毯等各类救援安置物资。(完)
1. 4月19日,在巴基斯坦杰曼,一名男子查看被洪水损毁的房屋。 新华社/法新