Connect with us

Europe

လက်ရှိအခြေအနေတွင် ယူကရိန်းနှင့် တွေ့ဆုံဆွေးနွေးမည် မဟုတ်ဟု ရုရှား ပြောကြား၊ ရုရှားနိုင်ငံ Kursk ပြည်နယ်ရှိ သတ်မှတ်ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်နေသည်ဟု ယူကရိန်းသမ္မတ ဇယ်လန်းစကီး ပြောကြား

ရုရှားနိုင်ငံ Kursk မြို့တွင် ရုရှား-ယူကရိန်းနယ်စပ်နေပြည်သူများ အထောက်အပံ့ပစ္စည်းများ ယူဆောင်နေသည်ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို/ကိဗ်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)
ယခုလက်ရှိအခြေအနေတွင် ရုရှားဘက်က ယူကရိန်းနှင့် တွေ့ဆုံဆွေးနွေးမည် မဟုတ်ဟု ရုရှား သမ္မတ လက်ထောက် Yury Ushakov က မီဒီယာများကို ပြောကြားခဲ့ကြောင်း Sputnik သတင်းဌာန၏ ဩဂုတ် ၁၉ ရက် သတင်းများအရ သိရသည်။
ယူကရိန်းဘက်က စစ်ရေးစွန့်စားမှုများလုပ်ဆောင်နေခြင်းကြောင့် လက်ရှိ တွေ့ဆုံဆွေးနွေးမှု လုပ်ငန်းစဉ်ကို အတိုင်းအတာ တစ်ခုအထိ သွားရန် လုံးဝ သင့်လျော်မှု မရှိသေးကြောင်း Yury Ushakov က ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင်ပင် Yury Ushakov က သမ္မတ ပူတင် ထိုမတိုင်မီ အဆိုပြုခဲ့သည့် ယူကရိန်းအကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာ အဆိုပြုချက်များကို မဖျက်သိမ်းကြောင်း၊ အနာဂတ်အခြေအနေအလားအလာမှာ Kursk ကို ဦးတည်သည့် စစ်ရေးအခြေအနေအပါအဝင် စစ်ပွဲအခြေအနေများပေါ်တွင် မူတည်ကြောင်း အလေးထား ပြောကြားခဲ့သည်။

Donetsk ဒေသ Pokrovsk စသည့်နေရာများကို ဝိုင်းရံထားသော ပြင်းထန်သည့်တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း၊ ယူကရိန်းဘက်က ရှေ့တန်းသို့ လက်နက်ပစ္စည်းများ ပံ့ပိုးရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ထို့အပြင် ယူကရိန်းတပ်က Kursk ဒေသရှိ သတ်မှတ်ရည်မှန်းချက်များကို ဖော်ဆောင်လျက်ရှိကြောင်း ဇယ်လန်းစကီးက ဩဂုတ် ၁၉ ရက်က လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

လွန်ခဲ့သည့်ရက်တွင် ယူကရိန်းတပ်က Kursk ကို ဦးတည်ရာတွင် လူပေါင်း ၃၃၀ ကျော် နှင့် တင့်ကား ၄ စင်း ဆုံးရှုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ဩဂုတ် ၁၉ ရက်က ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြထားသည်။ Kursk ပြည်နယ် တိုက်ခိုက်မှုတစ်ခုလုံးတွင် ယူကရိန်းတပ်သည် စုစုပေါင်း လူအင်အား ၃,၈၀၀ ကျော်နှင့် တင့်ကား ၅၄ စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။ (Xinhua)


…………………………..
(Chinese Version)
俄方称现阶段不会与乌对话 乌总统说正在库尔斯克实现既定目标
新华社莫斯科/基辅8月19日电 据俄新社19日报道,俄罗斯总统助理乌沙科夫对媒体表示,在现阶段俄方不会与乌克兰对话。乌克兰总统泽连斯基19日强调,乌军正在库尔斯克地区实现既定目标。
乌沙科夫说,考虑到乌方正在发动军事冒险,目前进入某种谈判进程是完全不合适的。他同时强调,总统普京此前提出的有关解决乌克兰危机的倡议并未取消,未来局势如何发展取决于战场形势,包括库尔斯克方向战场形势。
泽连斯基19日在社交媒体账号上发文说,围绕顿涅茨克地区波克罗夫斯克等地的激烈战斗仍在继续,乌方努力为前线提供武器。此外,乌军正在库尔斯克地区实现既定目标。
俄国防部19日公布的数据显示,过去一天,乌军在库尔斯克方向损失330多人和4辆坦克。在库尔斯克州整个战斗中,乌军已累计损失超过3800人和54辆坦克。
1. 8月14日,在俄罗斯库尔斯克市,来自俄乌边境地区的居民领取物资。