Connect with us

Europe

မော်စကိုသို့ ပျံသန်းလာသည့် ဒရုန်းယာဉ် ၁၀ စင်းကို ရုရှား လေကြောင်းရန်ကာကွယ်ရေးတပ်က ပစ်ချ

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ဒရုန်းယာဉ်တိုက်ခိုက်ခံခဲ့ရသော အဆောက်အဦအား ၂၀၂၃ ခုနှစ် ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
ရုရှား လေကြောင်းရန်ကာကွယ်ရေးတပ်က မော်စကိုသို့ ပျံသန်းလာသည့် ဒရုန်းယာဉ် ၁၀ စင်းကို ဩဂုတ် ၂၁ ရက် နံနက်အစောပိုင်းက ပစ်ချခဲ့ကြောင်း ရုရှားနိုင်ငံ မော်စကိုမြို့၏ မြို့တော်ဝန် Sergey Sobyanin က ယင်းနေ့ လူမှုကွန်ရက်စာမျက်နှာတွင် ပြောကြားခဲ့သည်။

ကနဦး စုံစမ်းစစ်ဆေးချက်များတွင် ပျက်ကျသည့် ဒရုန်းယာဉ် အပျက်အစီးများကြောင့် ပစ္စည်းဥစ္စာပျက်စီးဆုံးရှုံးမှုနှင့် လူသေဆုံးဒဏ်ရာရမှု ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း၊ ရုရှား အရေးပေါ်ရေးရာဌာနက အချင်းဖြစ်နေရာတွင် စီမံဆောင်ရွက်မှုများ ပြုလုပ်ပြီးဖြစ်ကြောင်း Sergey Sobyanin ၏ပြောကြားချက်အရ သိရသည်။
ဩဂုတ် ၂၁ ရက် နံနက်အစောပိုင်းက Bryansk ပြည်နယ်အထက်ဝေဟင်တွင် ဒရုန်းယာဉ် ၁၁ စင်းကို ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်က ဖျက်ဆီးခဲ့ကြောင်း၊ ဒရုန်းအပျက်အစီးများကြောင့် ပစ္စည်းဥစ္စာဆုံးရှုံးမှုနှင့် လူသေဆုံးဒဏ်ရာရမှု ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း ယင်းပြည်နယ်အုပ်ချုပ်ရေးမှူး Aleksandr Bogomaz က ထိုနေ့တွင်ပင် လူမှုကွန်ရက်စာမျက်နှာ၌ သတင်းထုတ်ပြန် ပြောကြားခဲ့သည်။

Tula ပြည်နယ် အထက်ဝေဟင်တွင်လည်း ဒရုန်းယာဉ် ၂ စင်းကို ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်က ဖျက်ဆီးခဲ့ကြောင်း Rossiya Segodnya သတင်းဌာနက Tula ပြည်နယ် လုံခြုံရေးဌာန၏ သတင်းများကို ကိုးကား၍ ဖော်ပြထားသည်။ (Xinhua)


…………………………..
(Chinese Version)
俄防空部队击落10架飞向莫斯科的无人机
新华社莫斯科8月21日电 俄罗斯首都莫斯科市市长索比亚宁21日在社交媒体发文说,俄防空部队当日凌晨击落了10架飞向莫斯科的无人机。
据索比亚宁发布的消息,初步调查显示,坠落的无人机残骸没有造成财产损失和人员伤亡,俄紧急情况部门人员已在现场处理。
俄罗斯布良斯克州州长博戈马兹21日在社交媒体发布消息说,俄防空系统当日凌晨在该州上空共摧毁11架无人机,无人机残骸没有造成财产损失和人员伤亡。
另据今日俄罗斯通讯社援引图拉州安全部门的消息,俄防空系统21日凌晨在图拉州上空摧毁了2架无人机。
1. 这是2023年7月30日在俄罗斯莫斯科拍摄的被无人机袭击的建筑。新华社/塔斯社

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.