Connect with us

Europe

ကမ္ဘာတစ်ဝန်းမှ ဂိမ်းထုတ်လုပ်သူများ Gamescom 2024 တွင် စုဝေး

ဂျာမနီနိုင်ငံ ကိုလုံးမြို့တွင် ကျင်းပသော Gamescom တွင် ဓာတ်ပုံရိုက်နေသော အမျိုးသားတစ်ဦးအား ဩဂုတ် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုလုံး၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)
ကမ္ဘာ့ဂိမ်းလုပ်ငန်းတွင် အရေးကြီးသောပြပွဲတစ်ခုအနေဖြင့် Gamescom 2024 ကို ဂျာမနီနိုင်ငံ ကိုလုံးမြို့တွင် ဩဂုတ် ၂၁ ရက်က ဖွင့်လှစ်ခဲ့သည်။ တရုတ်ကုမ္ပဏီများအပါအဝင် ကမ္ဘာတစ်ဝန်းမှ ဂိမ်းထုတ်လုပ်သူများနှင့် ဂိမ်းဝါသနာရှင်များသည် ပြပွဲတွင် စုဝေးခဲ့ကြပြီး နောက်ဆုံးပေါ်ဂိမ်းထုတ်ကုန်များကို အတူအာရုံစိုက်ကာ ဂိမ်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု ဦးတည်ရာလမ်းကြောင်းများကို ဆွေးနွေးခဲ့ကြသည်။

ယခုအကြိမ် ပြပွဲသည် သြဂုတ် ၂၅ ရက်အထိ ကြာမြင့်မည်ဖြစ်ပြီး နိုင်ငံနှင့် ဒေသပေါင်း ၆၄ ခုမှ ပါဝင်ပြသသူပေါင်း ၁,၄၀၀ ကျော်ကို ဆွဲဆောင်နိုင်ခဲ့ပြီး ယင်းမှာ စတင်ကျင်းပချိန်မှစ၍ ပါဝင်ပြသသူအရေအတွက် အများဆုံးဖြစ်ကြောင်း သိရသည်။ ပြပွဲဧရိယာမှာ ၂၃၀,၀၀၀ စတုရန်းမီတာကျယ်ဝန်းပြီး အပြန်အလှန်တုံ့ပြန်နိုင်သော ဂိမ်းကိုယ်တွေ့ခံစားမှုများ၊ e-sports၊ စစ်တုရင်နှင့်ကတ်ဂိမ်းများ၊ COSPLAY ဖျော်ဖြေမှုများ၊ ကျောင်းဝင်း အလုပ်ခေါ်ယူခြင်းနှင့် ဂိမ်းအရန်ထုတ်ကုန်များရောင်းချခြင်းစသည့် ကဏ္ဍများစွာ လွှမ်းခြုံပါဝင်သည်။

ယခုနှစ်ပြပွဲသည် အင်တာနေရှင်နယ်ပိုဆန်ပြီး အသွင်အပြင်မျိုးစုံသောထူးခြားချက်ရှိကြောင်း၊ ပါဝင်ပြသသူ အရေအတွက်မှာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်း တိုးလာကြောင်း ပြပွဲကြီးမှူးကျင်းပသူ၏ ပြောကြားချက်အရ သိရသည်။

မကြာသေးမီနှစ်များအတွင်း တရုတ်ဂိမ်းကုမ္ပဏီများသည် Gamescom တွင် အလွန်ထင်ရှားပေါ်လွင်မှု ရှိခဲ့ကြောင်း၊ ပါဝင်ပြသသူအရေအတွက် တစ်နှစ်ထက်တစ်နှစ် တိုးလာကာ ပြပွဲ၏ အရေးပါသော ပါဝင်သူများဖြစ်လာကြောင်း Gamescom တရုတ်ပိုင်းဆိုင်ရာ အကြီးအကဲ ဖန်းရုံက ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။ တရုတ်ဂိမ်းထုတ်ကုန်များသည် ပြည်တွင်းဈေးကွက်တွင်သာ အကန့်အသတ်မဟုတ်တော့ဘဲ ကမ္ဘာ့ဈေးကွက်တွင်လည်း တဖြည်းဖြည်း ရပ်တည်လာနိုင်ကြသည်။

Gamescom ပြပွဲကို ၂၀၀၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ရာ ဂျာမနီဂိမ်းလုပ်ငန်းအသင်း နှင့် Koelnmesse ကုမ္ပဏီတို့မှ ကြီးမှူးကျင်းပပြီး အမေရိကန်နိုင်ငံ E3 ဂိမ်းပြပွဲ၊ ဂျပန်နိုင်ငံ တိုကျိုဂိမ်းပြပွဲတို့နှင့်အတူ ကမ္ဘာ့အကြီးဆုံး ဂိမ်းပြပွဲကြီး သုံးခု ဟုလည်း ခေါ်ဝေါ်ကြသည်။ (Xinhua)

……………………………….
(Chinese Version)
全球游戏厂商云集2024年科隆国际游戏展
新华社德国科隆8月21日电(记者单玮怡 车云龙)作为全球游戏行业重要展会,2024年科隆国际游戏展21日在德国科隆开幕。包括众多中国企业在内的世界各地游戏厂商和游戏爱好者云集展会,共同关注最新游戏产品,探讨行业发展动向。
据悉,本届展会将持续至8月25日,共吸引来自64个国家和地区的1400多家参展商,展商数量为创办以来之最。展区规模为23万平方米,涵盖游戏互动体验、电子竞技、棋牌卡牌、COSPLAY表演、校园招聘以及游戏周边产品销售等多个板块。
据主办方介绍,今年展会具有更加国际化和多样化的特点,参展商数量较去年增加15%。
科隆国际游戏展中国区负责人潘容告诉新华社记者,近年来,中国游戏企业在科隆国际游戏展上的表现非常亮眼,参展企业数量逐年增加,已成为展会的重要参与者。中国游戏产品不再局限于国内市场,更是在全球市场上逐渐站稳脚跟。
科隆国际游戏展创办于2009年,由德国游戏行业协会和科隆展览公司主办,与美国E3游戏展、日本东京电玩展并称为世界三大游戏展会。(完)
图说:8月21日,一名男子在德国科隆举办的科隆国际游戏展上拍照。