Connect with us

China

ရဲဘော် တိန့်ရှောင်ဖိန် နှစ် ၁၂၀ ပြည့် မွေးနေ့အထိမ်းအမှတ် ဆွေးနွေးပွဲအား တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ကျင်းပ၊ သမ္မတ ရှီကျင့်ဖိန် အရေးကြီးမိန့်ခွန်းပြောကြား

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ရဲဘော် တိန့်ရှောင်ဖိန် နှစ် ၁၂၀ ပြည့် မွေးနေ့အထိမ်းအမှတ် ဆွေးနွေးပွဲတွင် အရေးကြီးမိန့်ခွန်းပြောကြားနေသည်ကို ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ ၂၀၂၄ ခုနှစ် ဩဂုတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် ရဲဘော် တိန့်ရှောင်ဖိန် နှစ် ၁၂၀ ပြည့် မွေးနေ့အထိမ်းအမှတ် ဆွေးနွေးပွဲကို ဩဂုတ် ၂၂ ရက် နံနက်ပိုင်းက ပြည်သူ့ခန်းမဆောင်တွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တက်ရောက်၍ အရေးကြီးမိန့်ခွန်းပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က ရဲဘော် တိန့်ရှောင်ဖိန်သည် ပါတီတစ်ရပ်လုံး၊ စစ်ကော်မရှင်တစ်ရပ်လုံး၊ တစ်ပြည်လုံးရှိ တိုင်းရင်းသားလူမျိုးတစ်ရပ်လုံး အသိအမှတ်ပြုသည့် မြင့်မားသောဂုဏ်သိက္ခာနှင့်ပြည့်စုံသော ထူးချွန်သည့်ခေါင်းဆောင်ကောင်း၊ ကြီးမြတ်သည့် မာ့ခ်ဝါဒီ၊ ကြီးမြတ်သည့် ပစ္စည်းမဲ့လူတန်းစား တော်လှန်ရေးပညာရှင်၊ နိုင်ငံရေးပညာရှင်၊ စစ်ရေးပညာရှင်၊ သံတမန်ရေးပညာရှင်၊ နှစ်ကာလကြာရှည်စမ်းသပ်မှုဒဏ်ခံနိုင်ရည်ရှိသည့် ကွန်မြူနစ်ဝါဒီ စစ်သည်တော်၊ ပါတီ၏ ဒုတိယမျိုးဆက် ဗဟိုခေါင်းဆောင်အဖွဲ့၏ မဏ္ဍိုင်၊ တရုတ်နိုင်ငံ ဆိုရှယ်လစ်ဝါဒ ပြုပြင်ပြောင်းလဲရေး၊ တံခါးဖွင့်လှစ်မှုနှင့် ခေတ်မီအသွင်ပြောင်းရေး တည်ဆောက်မှု၏ ဗိသုကာကြီး၊ တရုတ်ဝိသေသလက္ခဏာဆောင် ဆိုရှယ်လစ်လမ်းစဉ်ကို ရှေ့ဆောင်ဦးရွက်ပြုသူ၊ တိန့်ရှောင်ဖိန် သီအိုရီ၏ အဓိကတည်ထောင်သူ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသော အကျိုးကို ဆောင်ကြဉ်းပေးသည့် နိုင်ငံတကာဝါဒီ ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။ ၎င်းသည် ပါတီ၊ ပြည်သူ၊ တိုင်းပြည်၊ လူမျိုးနှင့် ကမ္ဘာအတွက် အကျိုးဆောင်ကြဉ်းပေးမှု သမိုင်းတွင် မှတ်တမ်းတင်သလို နှောင်းလူများအတွက် ထာဝစဉ် စိတ်အားတက်ကြွဖွယ်ရာ ဖြစ်စေခဲ့ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင် ကျောက်လဲ့ကျိ၊ ဝမ်ဟုနင်၊ တင်းရွှဲရှန်၊ လီရှီး၊ နိုင်ငံတော် ဒုတိယ သမ္မတ ဟန်ကျိန့် တို့ တက်ရောက်ခဲ့သလို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင် ချိုက်ချီက ဆွေးနွေးပွဲ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည်။

ရှီကျင့်ဖိန်က မိန့်ခွန်းပြောကြားရာတွင် ရဲဘော် တိန့်ရှောင်ဖိန်၏ ဘဝတစ်သက်တာသည် ထွန်းလင်းတောက်ပခဲ့သည့် ဘဝ၊ ရုန်းကန်ကြိုးပမ်းခဲ့သည့် ဘဝ၊ ကြီးမြတ်ခဲ့သည့် ဘဝ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းသည် ပါတီ ဦးဆောင်သည့် အမျိုးသားလွတ်လပ်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးလုပ်ငန်း၊ တရုတ်နိုင်ငံတော်သစ် တည်ထောင်မှုတွင် ထူးချွန်ပြောင်မြောက်သည့် အကျိုးဆောင်မှု ရှိခဲ့ပြီး ဆိုရှယ်လစ်ဝါဒစနစ် တည်ထောင်မှုနှင့် ဆိုရှယ်လစ်ဝါဒ တည်ဆောက်မှုအတွက် အောင်မြင်ထိရောက်သည့် လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ “ယဉ်ကျေးမှု တော်လှန်ရေး” အပြီးတွင် တိန့်ရှောင်ဖိန်သည် ပါတီ၏ ဒုတိယမျိုးဆက် ဗဟိုခေါင်းဆောင်အဖွဲ့ မဏ္ဍိုင်အနေဖြင့် ပါတီနှင့်ပြည်သူကို ဦးဆောင်ကာ ကြီးမြတ်လှသော သမိုင်းတစ်ဆစ်ချိုးပြောင်းလဲမှုကို ဖော်ဆောင်နိုင်ခဲ့သလို မာ့ခ်ဝါဒ တရုတ်အသွင် အဆင့်မြင့်လာခြင်းကို တွန်းအားပေးဖော်ဆောင်နိုင်ခဲ့ပါကြောင်း၊ ဆိုရှယ်လစ်ဝါဒ ခေတ်မီအသွင်ပြောင်းရေး တည်ဆောက်မှု အခင်းအကျင်းသစ်ကို ဖွင့်လှစ်နိုင်ခဲ့သလို အမိမြေ အပြည့်အဝ တစ်သားတည်းပေါင်းစည်းရေးကို ဖော်ဆောင်ရန် မှန်ကန်သည့် လမ်းစဉ်ကို ထူထောင်နိုင်ခဲ့ပါကြောင်း၊ ဆိုရှယ်လစ်ဝါဒအလံ တောက်ပြောင်စွာ လွှင့်ထူမှုကို ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းနိုင်ခဲ့သလို တရုတ်ဝိသေသလက္ခဏာဆောင် ဆိုရှယ်လစ်ဝါဒကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ကြောင်း ရှီကျင့်ဖိန်က ထုတ်ဖော်ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က ရဲဘော် တိန့်ရှောင်ဖိန်၏ သမိုင်းဝင် အကျိုးဆောင်မှုမှာ ဘက်စုံထောင့်စုံ ရှိသလို ဖန်တီးမှုလည်းရှိရာ တရုတ်နိုင်ငံနှင့် ကမ္ဘာအပေါ် ကာလရှည်ကြာ နက်ရှိုင်းစွာ သက်ရောက်မှု ရှိပါကြောင်း အလေးထားပြောကြားခဲ့သည်။
တိန့်ရှောင်ဖိန်၏ တစ်ဘဝလုံး ကြိုးပမ်းရုန်းကန်မှုတွင် ကွန်မြူနစ်ဝါဒ၏ မဟာမျှော်မှန်းချက်နှင့် တရုတ်ဝိသေသလက္ခဏာဆောင် ဆိုရှယ်လစ်ဝါဒ၏ ယုံကြည်မှုအပေါ် ထားရှိသည့် အနှိုင်းမဲ့ ခိုင်မာမြဲမြံသော မြင့်မြတ်သည့် ဂုဏ်အရည်အသွေး၊ ပြည်သူ့အပေါ် ထားရှိသည့် အနှိုင်းမဲ့ မေတ္တာတရား၊ အမှန်ကိုအမှန်အတိုင်း အစဉ်အမြဲ ရှုမြင်ကျင့်ကြံသည့် အရည်အသွေး၊ စဉ်ဆက်မပြတ် ရှေ့ဆောင် ဆန်းသစ် တီထွင်ရဲသည့် နိုင်ငံရေးသတ္တိ၊ အမြော်အမြင်ကြီးမားသည့် မဟာဗျူဟာအတွေးအခေါ်၊ ပွင့်လင်း၍ ကိုယ်ကျိုးမဖက်သည့် သဘောထားကြီးမားမှုများကို အပြည့်အဝ ပြသခဲ့ကြောင်း၊ ၎င်း၏ ကြီးမားလှသော သမိုင်းအကျိုးဆောင်မှုများကို မိမိတို့အနေဖြင့် နှလုံးသားတွင် ထာဝရ မှတ်သားထားမည် ဖြစ်ပြီး ၎င်း၏ မွန်မြတ်လှသည့် တော်လှန်ရေးလုပ်ဆောင်ပုံကို မိမိတို့အနေဖြင့် ထာဝရ လေးစားကြည်ညိုသွားမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က မိမိတို့အတွက် ရဲဘော် တိန့်ရှောင်ဖိန် ချန်ရစ်ပေးခဲ့သည့် အရေးကြီးဆုံး အဖိုးတန် အတွေးအခေါ်မှာ ၎င်းအဓိကတည်ထောင်ခဲ့သည့် တိန့်ရှောင်ဖိန်သီအိုရီပင် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ တိန့်ရှောင်ဖိန် သီအိုရီသည် မာ့ခ်ဝါဒ တရုတ်အသွင်၊ ခေတ်မီအသွင်ပြောင်းရာတွင် အရေးကြီးသည့် သမိုင်းမှတ်ကျောက်တိုင် ဖြစ်ကြောင်း၊ ခေတ်သစ် ခရီးစဉ်သစ်တွင် မိမိတို့အနေဖြင့် တိန့်ရှောင်ဖိန် သီအိုရီကို ဆက်လက်နက်ရှိုင်းစွာ သင်ယူလေ့လာ အသုံးချသွားရမည် ဖြစ်သလို ၎င်းသီအိုရီ၏ သိပ္ပံနည်းကျသည့် အနှစ်သာရကို ပြည့်စုံမှန်ကန်စွာ လေ့လာရမည် ဖြစ်ကြောင်း၊ ဆိုလိုသည်မှာ ရဲဘော် တိန့်ရှောင်ဖိန်၏ ဆိုရှယ်လစ်ဝါဒ နိယာမတွင် အခြေခံ၍ အဆိုပြုထားသည့် အရေးကြီး ကောက်နုတ်ချက်၊ အခြေခံ သဘောထားအမြင်၊ မှန်ကန်သည့် အဆိုပြုချက်များကို ခိုင်မာစွာ လက်ကိုင်ထားရမည် ဖြစ်သလို စဉ်ဆက်မပြတ် ပြောင်းလဲနေသည့် အခြေအနေများအရ သီအိုရီ၏အနှစ်သာရနှင့် လက်တွေ့ဆောင်မှုကို မှန်ကန်စွာ အသုံးပြုတတ်ရမည် ဖြစ်ကြောင်း၊ လက်တွေ့ကိစ္စရပ်များကို ဖြေရှင်းရာတွင် အမှန်တရား ယိမ်းယိုင်မှုမရှိစေရန်၊ လမ်းညွှန်ကျင့်စဉ် သွေဖည်ခြင်း မရှိစေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မာ့ခ် လီနင် ဝါဒ၊ မော်စီတုန်း အတွေးအခေါ်၊ တိန့်ရှောင်ဖိန် သီအိုရီ၊ “ကိုယ်စားပြုမှု ၃ ခု” အတွေးအခေါ်၊ သိပ္ပံပညာဖွံ့ဖြိုးတိုးတက်ရေးအမြင်တို့ကို အစဉ်အမြဲ ခိုင်မာစွာ လက်ကိုင်ထားရမည် ဖြစ်ပြီး ခေတ်သစ် တရုတ်ဝိသေသလက္ခဏာ ဆိုရှယ်လစ်ဝါဒ အတွေးအခေါ်ကို ဘက်စုံ အကောင်အထည် ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ မာ့ခ်ဝါဒ ဟူသော အသက်သွေးကြော၊ တရုတ်နိုင်ငံ၏ ကောင်းမွန်သော ရိုးရာယဉ်ကျေးမှု အရင်းအမြစ်ကို အစဉ်အမြဲ ခိုင်မာစွာ စောင့်ထိန်းကာ လူသားမျိုးနွယ် လူမှုအသိုက်အဝန်းတစ်ရပ်လုံး၏ ကောင်းမွန်သော ယဉ်ကျေးမှုရလဒ်များကို လေ့လာသင်ယူပြီး အမှန်တရားအား စဉ်ဆက်မပြတ် ရှာဖွေရမည် ဖြစ်ကြောင်း၊ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းမှု၏လက်တွေ့မေးခွန်းများကို နက်နဲစွာ လေ့လာကာ တရုတ်နိုင်ငံ၏မေးခွန်း၊ ကမ္ဘာ၏ မေးခွန်း၊ ပြည်သူများ၏ မေးခွန်း၊ ခေတ်ကာလ၏ မေးခွန်းကို ထဲထဲဝင်ဝင်ဖြေဆိုရမည် ဖြစ်ကြောင်း၊ မျက်မှောက်ခေတ် တရုတ် မာ့ခ်ဝါဒ၊ ၂၁ ရာစု မာ့ခ်ဝါဒ၏ အမှန်တရား ပိုမိုထွန်းတောက်အောင် မာ့ခ်ဝါဒ တရုတ်အသွင် ခေတ်ကာလအသွင် ပြောင်းရေးအား ဆက်လက် တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က ရဲဘော် တိန့်ရှောင်ဖိန်အား အကောင်းဆုံး အောက်မေ့မှုမှာ ၎င်းတည်ထောင်ခဲ့သည် တရုတ်ဝိသေသလက္ခဏာဆောင် ဆိုရှယ်လစ်ဝါဒ လုပ်ငန်းများ ရှေ့သို့ တိုးတက်အောင် တွန်းအားပေးဆောင်ရွက်ခြင်းပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မိမိတို့သည် တရုတ်ပုံစံ ခေတ်မီ အသွင်ပြောင်းခြင်းဖြင့် အင်အားကြီးနိုင်ငံ တည်ဆောက်ရေး၊ အမျိုးသားမဟာဖွံ့ဖြိုးတိုးတက်ရေး ကြီးမြတ်သော လုပ်ငန်းကို အဓိက တာဝန်အဖြစ် ထားရှိ၍ ဆက်လက် လက်ခံကာ ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အမှန်တရားကို စောင့်ထိန်း၍ ဆန်းသစ်တီထွင်မှုကို ခိုင်မာစွာ လက်ကိုင်ထားခြင်း၊ ပြုပြင်ပြောင်းလဲမှုများကို ဘက်စုံ တစ်ဆင့်တိုး ဆောင်ရွက်ခြင်းဖြင့် တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးအတွက် အားကောင်းသော မောင်းနှင်အားနှင့် စနစ်အာမခံချက်ရှိစေရေး စဉ်ဆက်မပြတ် ပံ့ပိုးရမည် ဖြစ်ကြောင်း၊ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးဟူသော ပထမ ဦးစားပေး တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွေးအခေါ်သစ်ကို ပြည်စုံ၊ မှန်ကန်စွာ ဘက်စုံ ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ “ကဏ္ဍငါးရပ် တစ်ပြေးညီ တိုးတက်ရေး” အလုံးစုံ အခင်းအကျင်း၊ “ဘက်စုံ ကဏ္ဍ ၄ ရပ်” မဟာဗျူဟာ အခင်းအကျင်းများကို ဟန်ချက်ညီညီ တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ခေတ်မီစီးပွားရေးစနစ်တည်ဆောက်မှု အရှိန်မြှင့်တင်ရမည် ဖြစ်ပြီး အဆင့်မြင့် သိပ္ပံနည်းပညာ ကိုယ်တိုင်ကိုယ်ပိုင် ရပ်တည်မှုကို တွန်းအားပေးရမည် ဖြစ်ကြောင်း၊ ရုပ်ဝတ္ထုယဉ်ကျေးမှုနှင့် စိတ်ဓာတ်ယဉ်ကျေးမှု ဟန်ချက်ညီရေး၊ လူသားမျိုးနွယ်နှင့် သဘာဝ သဟဇာတဖြစ်ကာ အတူယှဉ်တွဲနေထိုင်ရေးဟူသော အခင်းအကျင်းကောင်း ဖြစ်တည်ရန် ဆိုရှယ်လစ်ဝါဒ ခေတ်မီယဉ်ကျေးမှု ဖွံ့ဖြိုးရေးကို အင်တိုက်အားတိုက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြည်သူကို ဦးထိပ်ထားခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တစ်ရပ်လုံးတွင် ပြည်သူ့ ဒီမိုကရေစီ ဖြစ်ရေးကို လက်ကိုင်ထားကာ ပို၍ အဆင့်မြင့်မားသော တရားဥပဒေစိုးမိုးသည့် တရုတ်နိုင်ငံ တည်ဆောက်ရမည် ဖြစ်သလို ဖွံ့ဖြိုးတိုးတက်ရေးတွင် ပြည်သူ့ဘဝစားဝတ်နေရေး အာမခံထားကောင်းမွန်လာစေရန် အခိုင်အမာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်သူတစ်ရပ်လုံး အတူတကွ ပြည်စုံကုံလုံရေးတွင် ပို၍ ထင်သာမြင်သာရှိသော လက်တွေ့ တိုးတက်မှုများ ရရှိစေရန် အဆက်မပြတ်တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အဆင့်မြင့် ပြည်ပ တံခါးဖွင့်လှစ်မှုကို တွန်းအားပေးရမည် ဖြစ်သလို စနစ်တကျ တံခါးဖွင့်လှစ်မှုကို တည်ငြိမ်စွာ တိုးချဲ့ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတည်ဆောက်မှု အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင် ဆောင်ရွက်ရမည် ဖြစ်သလို တံခါးဖွင့်လှစ်မှုနှင့် လုံခြုံရေးကို အလုံးစုံ စီမံဆောင်ရွက်ရမည် ဖြစ်ရာ နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားကို ကာကွယ် ထိန်းသိမ်းရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ပါတီစီမံအုပ်ချုပ်မှု ဘက်စုံ စည်းကမ်းတင်းကြပ်ခြင်းကို မမှိတ်မသုန် ဆောင်ရွက်သွားရမည် ဖြစ်ရာ ပါတီစီမံအုပ်ချုပ်မှု ဘက်စုံစည်းကမ်းတင်းကြပ်ရေးစနစ်ကို ပြည်စုံကောင်းမွန်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ရည်မှန်းချက် ရေရှည်တိုက်ပွဲကို အနိုင်တိုက်ရမည် ဖြစ်ပြီး တရုတ်ဝိသေသလက္ခဏာဆောင် ဆိုရှယ်လစ်ဝါဒ လုပ်ငန်းစဉ်၏ ခိုင်မာအားကောင်းသည့် ဗဟိုဦးဆောင်မှုအဖြစ် အစဉ်အမြဲ ဖြစ်တည်နိုင်ရန် ပါတီ၏ အရည်အသွေး၊ အရောင်အဆင်းနှင့် အနှစ်သာရ မပြောင်းလဲအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က အမိမြေ အပြည့်အဝ ပေါင်းစည်းရေးသည် မော်စီတုန်း၊ တိန့်ရှောင်ဖိန် စသည့် ရှေးယခင် တော်လှန်ပညာရှင်ကြီးများ၏ အစဉ်အဆက် မျှော်မှန်းချက် ဖြစ်ပြီး ပြည်တွင်းပြည်ပ တရုတ်လူမျိုးများ၏ ဘုံဆန္ဒလည်း ဖြစ်သလို တားဆီးမရသည့် သမိုင်းရေစီးကြောင်းလည်း ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

မိမိတို့အနေဖြင့် “တစ်နိုင်ငံ စနစ် နှစ်မျိုး” ၊ “ဟောင်ကောင်အား ဟောင်ကောင်သားများ အုပ်ချုပ်ခြင်း”၊ “မကာအိုအား မကာအိုသားများ အုပ်ချုပ်ခြင်း”၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မြင့်မားခြင်းဟူသော နည်းလမ်းကို ဘက်စုံ အတိအကျ ခိုင်မာမြဲမြံစွာ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အခင်းအကျင်းကြီးတွင် ဟောင်ကောင်၊ မကာအို တစ်ဆင့်တိုး ပေါင်းစည်း ပါဝင်ကာ ပိုမို ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ရန် ထောက်ခံအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မိမိတို့သည် ခေတ်သစ်ကာလ ပါတီ၏ ထိုင်ဝမ်အရေး အလုံးစုံ ဖြေရှင်းမှုနည်းလမ်းကို မမှိတ်မသုန် အကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒ နှင့် “၁၉၉၂ ခုနှစ် သဘောတူညီချက်” ကို ခိုင်မာစွာ ကျင့်သုံးကာ ရေလက်ကြားဖြတ်ကျော်ဆက်ဆံရေး (တရုတ်ပြည်မကြီးနှင့် တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသ ဆက်ဆံရေး) ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ “ထိုင်ဝမ်သီးခြားရပ်တည်ရေး” ကို ပြတ်ပြတ်သားသား ဆန့်ကျင်၍ နိုင်ငံ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ် ထိန်းသိမ်းသော ခိုင်မာသည့်အင်အားဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။ မိမိတို့သည် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ဘုံအကျိုးဖြစ်ထွန်းရေးကို အစဉ်အမြဲ ဦးထိပ်ထားကာ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး တွန်းအားပေးရမည် ဖြစ်သလို လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘုံစံတန်ဖိုး မြှင့်တင်ရမည် ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက် (GCI)ကို အကောင်အထည်ဖော်ဆောင်ရမည် ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုစနစ် ပြုပြင်ပြောင်းလဲရေးနှင့် တည်ဆောက်ရေးတွင် တက်ကြွစွာ ပါဝင်ရမည် ဖြစ်သလို တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေး တိုးတက်မှုအသစ်များကို ကမ္ဘာ့အခွင့်အလမ်းအသစ်ဖြင့် စဉ်ဆက်မပြတ် ပံ့ပိုးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)


……………………………….
(Chinese Version)
中共中央举行纪念邓小平同志诞辰120周年座谈会 习近平发表重要讲话
新华社北京8月22日电 中共中央22日上午在人民大会堂举行座谈会,纪念邓小平同志诞辰120周年。中共中央总书记、国家主席、中央军委主席习近平发表重要讲话。
他强调,邓小平同志是全党全军全国各族人民公认的享有崇高威望的卓越领导人,伟大的马克思主义者,伟大的无产阶级革命家、政治家、军事家、外交家,久经考验的共产主义战士,党的第二代中央领导集体的核心,中国社会主义改革开放和现代化建设的总设计师,中国特色社会主义道路的开创者,邓小平理论的主要创立者,为世界和平和发展作出重大贡献的伟大国际主义者。他对党、对人民、对国家、对民族、对世界作出了突出贡献,功勋彪炳史册、永励后人。
中共中央政治局常委赵乐际、王沪宁、丁薛祥、李希,国家副主席韩正出席座谈会,中共中央政治局常委蔡奇主持座谈会。
习近平在讲话中指出,邓小平同志的一生,是光辉的一生、战斗的一生、伟大的一生。他为党领导的民族独立和人民解放事业、建立新中国作出卓越贡献,为社会主义制度建立和社会主义建设开展了卓有成效的工作。“文化大革命”结束后,他作为党的第二代中央领导集体的核心,带领党和人民实现了伟大历史转折,推动实现了马克思主义中国化新的飞跃,开辟了社会主义现代化建设新局面,确立了实现祖国完全统一的正确路径,坚定捍卫了光辉的社会主义旗帜,成功开创中国特色社会主义。
习近平强调,邓小平同志的历史功勋是全方位的、开创性的,对中国和世界的影响是深刻的、长远的。他一生的奋斗历程,充分展现了对共产主义远大理想和中国特色社会主义信念无比坚定的崇高品格、对人民无比热爱的伟大情怀、始终坚持实事求是的理论品质、不断开拓创新的政治勇气、高瞻远瞩的战略思维、坦荡无私的博大胸襟。他的伟大历史功勋,我们永远铭记;他的崇高革命风范,我们永远敬仰。
习近平指出,邓小平同志留给我们最重要的思想财富,就是以他为主创立的邓小平理论。邓小平理论是马克思主义中国化时代化的重要里程碑。新时代新征程,我们必须继续深入学习运用邓小平理论,完整、准确理解它的科学内涵、核心要义,既坚持邓小平同志基于社会主义规律性认识提出的重大结论、基本观点、正确主张,又善于根据不断变化的情况,正确把握理论的精髓和实质,用以解决现实问题,做到坚持真理不动摇、指导实践不偏离。要始终坚持马克思列宁主义、毛泽东思想、邓小平理论、“三个代表”重要思想、科学发展观,全面贯彻新时代中国特色社会主义思想,始终坚守马克思主义这个魂脉、中华优秀传统文化这个根脉,善于借鉴吸收人类社会一切优秀文明成果,不断探索真理,深入研究推进中国式现代化的实际问题,深刻回答中国之问、世界之问、人民之问、时代之问,继续推进马克思主义中国化时代化,让当代中国马克思主义、21世纪马克思主义闪耀出更加璀璨的真理光芒。
习近平强调,对邓小平同志最好的纪念,就是把他开创的中国特色社会主义事业继续推向前进。我们要紧紧围绕以中国式现代化全面推进强国建设、民族复兴伟业这个中心任务,继往开来,奋发进取。要坚持守正创新,进一步全面深化改革,不断为中国式现代化提供强劲动力和制度保障。要紧紧抓住高质量发展这个首要任务,完整准确全面贯彻新发展理念,统筹推进“五位一体”总体布局、协调推进“四个全面”战略布局,加快建设现代化经济体系,推进高水平科技自立自强,大力发展社会主义先进文化,形成物质文明和精神文明相协调、人与自然和谐共生的良好局面。要坚持人民至上,发展全过程人民民主,建设更高水平的法治中国,坚持在发展中保障和改善民生,推动全体人民共同富裕不断取得更为明显的实质性进展。要推进高水平对外开放,稳步扩大制度型开放,推动共建“一带一路”高质量发展,统筹开放和安全,维护国家主权、安全、发展利益。要坚定不移推进全面从严治党,健全全面从严治党体系,坚决打赢反腐败斗争攻坚战持久战,确保党永远不变质不变色不变味,始终成为中国特色社会主义事业的坚强领导核心。
习近平指出,实现祖国完全统一,是毛泽东、邓小平等老一辈革命家的夙愿,是海内外中华儿女的共同心愿,也是不可阻挡的历史潮流。我们要继续全面准确、坚定不移贯彻“一国两制”、“港人治港”、“澳人治澳”、高度自治的方针,支持和推动香港、澳门进一步融入国家发展大局、实现更好发展。我们要坚定不移贯彻新时代党解决台湾问题的总体方略,坚持一个中国原则和“九二共识”,推动两岸关系和平发展,坚定不移反对“台独”、捍卫国家主权和领土完整。
习近平强调,中国是维护世界和平的坚定力量。我们要始终高举和平、发展、合作、共赢旗帜,推动构建人类命运共同体,弘扬全人类共同价值,落实全球发展倡议、全球安全倡议、全球文明倡议,积极参与全球治理体系改革和建设,不断以中国式现代化新进展为世界提供新机遇。
8月22日,中共中央在北京人民大会堂举行纪念邓小平同志诞辰120周年座谈会。中共中央总书记、国家主席、中央军委主席习近平发表重要讲话。新华社记者 鞠鹏 摄