Connect with us

Africa & Middle East

ရုရှားနိုင်ငံ Kursk ပြည်နယ်တွင် အားပြိုင်မှု ပဋိပက္ခများဆက်လက် ဖြစ်ပွား၊ ရုရှား-ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးမှုအချိန်တိုအတွင်း စတင်ရန် ခက်ခဲ

ရုရှားနိုင်ငံ Kursk မြို့၌ ရုရှား-ယူကရိန်းနယ်စပ်ဒေသမှ ဒေသခံပြည်သူများ ကယ်ဆယ်ရေးပစ္စည်းများ ရရှိရန် တန်းစီနေကြသည်ကို သြဂုတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)
ယူကရိန်းစစ်တပ်က ရုရှားနိုင်ငံ အနောက်တောင်ဘက်နယ်စပ်ရှိ Kursk ပြည်နယ်ကို လျှပ်တစ်ပြက်တိုက်ခိုက်ခဲ့သည်မှာ ၁ လခွဲကျော် ကြာမြင့်နေပြီဖြစ်ပြီး နှစ်ဘက်အနေဖြင့် ယင်းဒေသတွင် ပဋိပက္ခများ ပြေလျော့သွားသည့် အရိပ်အယောင်များ မတွေ့ရသေးပေ။ တစ်ချိန်တည်းမှာပင် အခြားမျက်နှာစာများတွင် ရုရှား-ယူကရိန်း နှစ်ဖက်အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလျက်ရှိသည်။

Kursk ပြည်နယ်တွင် ယူကရိန်းစစ်တပ် လှုပ်ရှားမှုများသည် တိုးတက်မှုအချို့ ရရှိထားသော်လည်း ရည်မှန်းချက်ကို အပြည့်အဝ မဖော်ဆောင်နိုင်ခဲ့ကြောင်း၊ ရုရှားစစ်တပ်သည် ကာကွယ်ရေးလမ်းကြောင်းများကို အားကောင်းစေရန် လုပ်ဆောင်လျက်ရှိပြီး အခြားဒေသများတွင် လှုပ်ရှားမှုအရှိန်မြှင့်လျက်ရှိပေသည်။ ရုရှားနှင့် ယူကရိန်းနှစ်နိုင်ငံစလုံးသည် အခြေအနေကို ဖြေလျှော့ရန် လက်တွေ့ကျ အစီအမံများ မလုပ်ဆောင်ခဲ့သဖြင့် အချိန်တိုအတွင်း နှစ်ဘက်ကြား ငြိမ်းချမ်းရေးဆွေးနွေးမှုပြုလုပ်မည့် အလားအလာများ နည်းပါးနေသေးကြောင်း လေ့လာသုံးသပ်သူများက ယူဆကြသည်။

Kursk စစ်မြေပြင်တွင် အားပြိုင်မှု ပဋိပက္ခများ ဖြစ်ပွားလျက်ရှိ

ယူကရိန်းစစ်တပ်က Kursk ပြည်နယ်တွင် မြေပြင်ဧရိယာ ၁၂၅၀ စတုရန်းကီလိုမီတာကျော်ကို ထိန်းချုပ်ထားရာ လူနေရပ်ကွက် ၉၂ ခုကို လွှမ်းခြုံထားကြောင်း ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးက ဩဂုတ် ၁၉ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်းစစ်တပ်သည် Kursk စစ်မြေပြင်တွင် ၎င်း၏ရည်မှန်းချက်များအကောင်အထည်ဖော်လျက်ရှိသည်ဟု ထိုနေ့တွင် ယူကရိန်းစစ်တပ် ကာကွယ်ရေးဦးစီးချုပ် Syrskyi က ထုတ်ပြန်ပြောကြားခဲ့သည်။ ဩဂုတ် ၁၆ ရက်မှစ၍ ယူကရိန်းသည် Kursk ပြည်နယ် Seym မြစ်ပေါ်ရှိ တံတားနှစ်စင်းကို ရှေ့ဆင့်နောက်ဆင့် တိုက်ခိုက်ခဲ့ပြီးဖြစ်ရာ ယင်းမှာ ရုရှားစစ်တပ် ပို့ဆောင်ထောက်ပံ့ရေးအပေါ် သက်ရောက်မှုရှိလာမည်ဖြစ်ကြောင် ယူကရိန်းစစ်တပ်၏ အချက်အလက်တွေအရ သိရသည်။ Seym မြစ်ပေါ်ရှိ တတိယတံတားမှာ ဩဂုတ် ၁၈ ရက်က ဖျက်ဆီးခံခဲ့ရကြောင်း အခြားသတင်းအရ သိရှိရသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် ဩဂုတ် ၂၀ ရက်တွင် “Kursk”၊ “Belgorod” နှင့် “Bryansk” တပ်ဖွဲ့ (၃) ဖွဲ့ကို ဖွဲ့စည်းကြောင်း ၊ ယင်းဒေသသုံးခုရှိ နယ်မြေနှင့် ပြည်သူများကို ကာကွယ်ရန် တာဝန်ယူကြောင်း ကြေညာခဲ့သည်။ ရုရှားစစ်တပ်သည် ကောင်းစွာလေ့ကျင့်ထားသောတပ်များကိုစုဆောင်းပြီး Kursk စစ်မြေပြင်သို့ စစ်အင်အားဖြည့်တင်းခဲ့ရာ ယူကရိန်းစစ်တပ်၏ ဆုံးရှုံးမှု ကြီးမားလာကြောင်း ဗြိတိန် “The Economist” အပတ်စဉ်ဂျာနယ် ၀က်ဘ်ဆိုက်၏ ဖော်ပြချက်များအရ သိရသည်။

ရုရှားစစ်တပ်သည် Kursk ပြည်နယ် တောင်ပိုင်းနယ်စပ်တွင် ယူကရိန်းစစ်တပ်က ယင်းဒေသရှိ လူနေရပ်ကွက်အများအပြားကိုတိုက်ခိုက်မှုအပေါ် ဆက်လက် ချေမှုန်းခဲ့ကြောင်း၊ ရုရှားလေကြောင်းနှင့် အမြောက်တပ်များကလည်း Kursk ပြည်နယ်တွင်းရှိ ယူကရိန်းတပ်ဖွဲ့ဝင်များနှင့် စက်ကိရိယာများ၊ ယူကရိန်းနိုင်ငံ မြောက်ပိုင်း Sumy ပြည်နယ်ရှိ ယူကရိန်းစစ်တပ် အရန်တပ်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း၊ Kursk ပြည်နယ်တိုက်ပွဲတွင် ယူကရိန်းစစ်တပ်အနေဖြင့် စုစုပေါင်း လူဦးရေ ၄,၁၃၀ ကျော်နှင့် တင့်ကား ၅၈ စီး ဆုံးရှုံးခဲ့ကြောင်းး ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၂၀ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်းစစ်တပ်သည် Kursk ပြည်နယ်တွင် အပြည့်အဝပိတ်ဆို့ခံထားရပြီး ၎င်း၏ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများကိုလည်း ရုရှားစစ်တပ်မှ တိုက်ခိုက်ခဲ့ကြောင်း၊ ရုရှားစစ်တပ်က ယူကရိန်းစစ်တပ် ထိန်းချုပ်ထားသော လူနေရပ်ကွက်များကို ပြန်လည်ရယူရန် လုပ်ဆောင်လျက်ရှိကြောင်း ရုရှားစစ်တပ် စစ်ရေးနိုင်ငံရေးဌာနချုပ် လက်ထောက်ညွှန်ကြားရေးမှူး Apty Alaudinov က ထိုနေ့ တီဗီအစီအစဉ်တစ်ခု၌လည်းပြောကြားခဲ့သည်။

ယူကရိန်းစစ်တပ်သည် Kursk စစ်မြေပြင်တွင် အောင်မြင်မှုရလဒ်အချို့ကိုရရှိထားသော်လည်း ရည်မှန်းချက်အားလုံးကိုဖော်ဆောင်နိုင်ခြင်းမရှိသေးကြောင်း လေ့လာသုံးသပ်သူများကယူဆကြသည်။ ယူကရိန်းစစ်တပ်က Kursk စစ်မြေပြင်လှုပ်ရှားမှုတွင် ယူကရိန်းစစ်တပ်နှင့် ယူကရိန်းပြည်သူများ၏စိတ်ဓာတ်ကို မြှင့်တင်ပေးခြင်း စသည့် အောင်မြင်မှုများ ရရှိခဲ့သော်လည်း Donbas ဒေသမှ ရုရှားတပ်ဖွဲ့အချို့ကို ဆုတ်ခွာရန်ရည်မှန်းချက် ယူကရိန်းစစ်တပ်ကြိုးပမ်းမှု မအောင်မြင်ခဲ့ကြောင်း ရုရှားနိုင်ငံရေးပညာရှင် Sergey Markov က ယူဆသည်။
ယူကရိန်းစစ်တပ်သည် Kursk စစ်မြေပြင်တွင် နည်းဗျူဟာဆိုင်ရာ ရည်မှန်းချက်များ အောင်မြင်ရန် တက်ကြွစွာ ကြိုးပမ်းခဲ့သော်လည်း ယူကရိန်းဘက်မှ မျှော်မှန်းထားသည့်အတိုင်း ရုရှားစစ်တပ်သည် Donbas စစ်မြေပြင်မှ Kursk စစ်မြေပြင်သို့ တပ်ဖွဲ့ဝင်များကို ပြောင်းရွေ့ခဲ့ခြင်း မရှိကြောင်း ရုရှားစစ်ဘက်ဆိုင်ရာလေ့လာသုံးသပ်ပညာရှင် Vladimir Yelanosyan က ပြောကြားခဲ့သည်။

တခြားဒေသများတွင်လည်း ပဋိပက္ခ ပြင်းထန်

Kursk ပြည်နယ် ယခုတလောအခြေအနေမှာ ပြေလျော့သွားသည့် အရိပ်အယောင်များ မတွေ့ရဘဲ ရုရှားနှင့် ယူကရိန်းကြားပဋိပက္ခများသည် အခြားဒေသများနှင့် စစ်မြေပြင်များတွင်ထိုနည်းတူစွာ အပြင်းအထန် ဆက်လက်တိုက်ခိုက်လျက်ရှိသည်။ Kursk စစ်မြေပြင် ဖိအားများ လျော့ပါးစေရန် ရုရှားစစ်တပ်သည် အခြားသော စစ်မြေပြင်များတွင် စစ်ရေးလှုပ်ရှားမှု အရှိန်ကို ထိန်းသိမ်းထားဆဲဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ယုံကြည်ကြသည်။

Donetskဒေသရှိ Pokrovsk မြို့၊ Toretsk မြို့နှင့် အနီးတစ်ဝိုက်ရှိဒေသများကို ရုရှားစစ်တပ်က ပြင်းပြင်းထန်ထန် တိုက်ခိုက်လျက်ရှိကြောင်း ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးက ဩဂုတ် ၁၉ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားစစ်တပ်သည် Donbas နှင့် Zaporizhzhia စသည့် ဒေသအများအပြားတွင် ပိုမိုအားသာသောနေရာများကို သိမ်းပိုက်ထားပြီး Donetsk ဒေသရှိ အကြီးဆုံးလူနေရပ်ကွက်များထဲမှ တစ်ခုဖြစ်သည့် Toretsk နှင့်အရေးကြီးသော ထောက်ပံ့ပို့ဆောင်ရေးအချက်အချာ Novgorodskoye ကို ထိန်းချုပ်ထားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၂၀ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းစစ်တပ်သည် စစ်ဆင်ရေးအစောပိုင်းတွင် Kursk ဒေသရှိ ခံတပ်များနှင့် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများမရှိသော အချို့နေရာများကို လျင်မြန်စွာ သိမ်းပိုက်နိုင်ခဲ့သော်လည်း ယူကရိန်းစစ်တပ်၏ လေကြောင်းရန် ကာကွယ်ရေးအားနည်းချက်မှာ သိသာထင်ရှားကြောင်း၊ ယူကရိန်းစစ်တပ်သည် Kursk စစ်မြေပြင်၏ အောင်မြင်မှုရလဒ်များကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ၎င်း၏တပ်များကို Donbas စသည့် အခြားဒေသများမှ မဖြစ်မနေဆုတ်ခွာခဲ့ရခြင်းကြောင့် Donbas စသည့်နေရာများ၏ အခြေအနေသည် ယူကရိန်းအတွက် ပို၍ဆိုးရွားစေကြောင်း ရုရှားစစ်ရေးပညာရှင် VasilyKashin က ပြောကြားခဲ့သည်။

ယူကရိန်းစစ်တပ်၏ Kursk တွင် လှုပ်ရှားမှုများသည် အလွန်အရေးကြီးကြောင်း၊ ယင်းက ရုရှားနိုင်ငံအတွက် ဂုဏ်သိက္ခာကို ထိခိုက်ဆုံးရှုံးစေမည်ဖြစ်ကြောင်း ယူကရိန်းစစ်ရေးပညာရှင်Vladislav Selezniov က ပြောကြားခဲ့သည်။ ရုရှားစစ်တပ်သည် Kursk ဒေသတစ်ခုလုံးကို အချိန်တိုအတွင်း ထိန်းချုပ်နိုင်ရန် ယူကရိန်းအရှေ့ပိုင်းရှိ ၎င်း၏ လှုပ်ရှားမှုအစီအစဉ်ကို စွန့်လွှတ်မည်မဟုတ်ကြောင်း ၎င်းက တစ်ချိန်တည်းတွင် ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အချိန်တိုအတွင်း စတင်ရန် ခက်ခဲ

လက်ရှိ ရုရှား-ယူကရိန်း ပဋိပက္ခအရှိန်မြင့်တက် ကျယ်ပြန့်လာမှုသည် အချိန်တိုအတွင်း နှစ်ဘက်ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုဖြစ်နိုင်ခြေကို ပိုမို လျော့ကျစေသည်ဟု လေ့လာသူများကထောက်ပြကြသည်။
လက်ရှိအခြေအနေတွင် ရုရှားသည် ယူကရိန်းနှင့် ဆွေးနွေးမည်မဟုတ်ကြောင်း ရုရှားသမ္မတ လက်ထောက် Ushakov က မီဒီယာသို့ ပြောကြားခဲ့သည်ဟု RIA Novosti သတင်းဌာန၏ ဩဂုတ် ၁၉ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။ သမ္မတ ပူတင်သည် ယခင်ကအဆိုပြုခဲ့သော ယူကရိန်းအကျပ်အတည်းဆိုင်ရာ ဖြေရှင်းမှုအဆိုပြုချက်များကို ဖျက်သိမ်းခြင်းမရှိကြောင်း၊ Kursk စစ်မြေပြင်အခြေအနေအပါအဝင် အနာဂတ်တွင် တိုက်ပွဲမည်သို့အခြေအနေဖြစ်ပေါ်လာမည်မှာ စစ်မြေပြင်အခြေအနေပေါ်မှာ မူတည်ကြောင်း ၎င်းက ထပ်မံ အလေးပေးပြောကြားခဲ့သည်။

ယူကရိန်းစစ်တပ်က ရုရှားနယ်မြေတွင် “တက်ကြွသော ခုခံကာကွယ်ရေး လှုပ်ရှားမှု” လုပ်ဆောင်ခြင်းသည် “အထိရောက်ဆုံး တန်ပြန်အရေးယူမှု အစီအမံ” ဖြစ်ပြီး ရုရှားနိုင်ငံတွင်းအခြေအနေကို ရှုပ်ထွေးစေလျက်ရှိကြောင်း ထိုနေ့တွင်ပင် ဇယ်လန်းစကီးက ပြောကြားခဲ့သည်။ ရုရှားစစ်အခြေစိုက်စခန်းများ၊စစ်ဘက်လေဆိပ်များ၊ ထောက်ပံ့ပို့ဆောင်ရေးအာမခံစသည့် အဆောက်အဦများသည် ယူကရိန်းစစ်တပ်၏ တရားဝင်ပစ်မှတ်များဖြစ်ပြီး ရုရှားဒုံးကျည်များနှင့် ပဲ့ထိန်းလေကြောင်းဗုံးများတိုက်ခိုက်ခြင်းရန်မှ ကာကွယ်ရန် နှင့် ရှေ့တန်းကိုဖိအားလျှော့ချပေးရန် ယူကရိန်းစစ်တပ်အနေဖြင့် တာဝေးပစ်လက်နက်များပိုမိုလိုအပ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်းစစ်တပ်က Kursk ပြည်နယ်ကို လျှပ်တပြတ်တိုက်ခိုက်ခြင်းသည် ရုရှား-ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးမှုကို မြှင့်တင်ရန်အတွက် အကျိုးမရှိကြောင်း၊ ယခုအကြိမ် တိုက်ခိုက်မှုသည် ယူကရိန်းနိုင်ငံအတွက် “ရေရှည် အပေးအယူလုပ်ခွင့်များ” ယူဆောင်လာနိုင်ခြင်းရှိမရှိကို လက်ရှိတွင် ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း လေ့လာသုံးသပ်သူများက ယူဆကြသည်။

မကြာသေးမီက ဇယ်လန်းစကီးသည် အနောက်နိုင်ငံမိတ်ဖက်များကို ယူကရိန်းနှင့် “တပြိုင်နက်တည်း ဆုံးဖြတ်ချက်ချရန်”နှင့် ရုရှားပိုင်နက်ကို တိုက်ခိုက်ရာတွင် အနောက်နိုင်ငံ လက်နက်များအသုံးပြုမှုအပေါ် ကန့်သတ်ချက်များကို ရုပ်သိမ်းရန်တောင်းဆိုခဲ့သည်။
ဤလုပ်ဆောင်မှုသည် ပဋိပက္ခကို သက်တမ်းရှည်စေမည် သို့မဟုတ် ပိုမိုပြင်းထန်လာစေမည်ဟု လေ့လာသုံးသပ်သူများကစိုးရိမ်နေကြသည်။ (Xinhua)


……………………………………………………..
(Chinese Version)
国际观察|库尔斯克角力持续 俄乌和谈短期难启
新华社莫斯科8月22日电(记者黄河)乌克兰军队突袭俄罗斯西南部边境的库尔斯克州已半月有余,双方在该地区的冲突未见缓和迹象。与此同时,俄乌双方在其他方向的争夺依然激烈胶着。
分析人士认为,乌军在俄库尔斯克州的行动取得一定进展,但并未充分实现目标,俄军正在加固防线并保持在其他地区的行动强度。鉴于俄乌双方都未采取实质措施缓和局势,短期内双方和谈前景依然渺茫。
库尔斯克方向在角力
乌克兰总统泽连斯基19日表示,乌军在库尔斯克州控制了超过1250平方公里土地,覆盖92个居民点。乌武装部队总司令瑟尔斯基当天报告称,乌军正在库尔斯克方向实现自己的目标。据乌军方消息,自16日以来,乌方已经在库尔斯克州境内先后袭击了谢伊姆河上两座桥梁,这将对俄军后勤补给构成影响。另据报道,谢伊姆河上第三座桥梁18日遭到破坏。
俄国防部20日宣布组建“库尔斯克”“别尔哥罗德”和“布良斯克”3个集团军,负责保护这3个地区的国土和民众。据英国《经济学人》周刊网站报道,俄军调集了训练有素的部队增援库尔斯克方向,乌军的损失正在增加。
俄国防部20日表示,俄军在库尔斯克州南部边境持续击退乌军对该州多个居民点的进攻,俄航空和火炮部队也对库尔斯克州境内的乌军人员和装备以及乌北部苏梅州的乌军后备力量进行了打击;在库尔斯克州战斗中,乌军已累计损失超过4130人和58辆坦克。俄武装力量军事政治总局副局长阿普季·阿劳季诺夫当天还在电视节目中说,乌军在库尔斯克州全境受阻,其后勤保障路线也遭到俄军攻击,俄军正在争夺被乌军控制的居民点。
分析人士认为,乌军在库尔斯克方向正在取得一些成果,但并未实现全部目标。俄政治学者谢尔盖·马尔科夫认为,乌军在库尔斯克方向的行动中,取得了提振乌军和乌国内民众士气等“成果”,但乌军试图迫使部分俄军撤出顿巴斯地区等目标并未实现。俄军事分析专家弗拉基米尔·叶拉诺相也说,尽管乌军在库尔斯克方向积极寻求实现战术目标,但俄军并未按乌方设想将顿巴斯方向的兵力调往库尔斯克方向。
其他地区冲突也激烈
库尔斯克州近期局势没有缓和迹象,俄乌双方在其他地区和方向的争夺也同样激烈胶着。分析人士认为,俄军正保持在其他方向的行动强度,以缓解库尔斯克方向的压力。
泽连斯基19日说,顿涅茨克地区的波克罗夫斯克市、托列茨克市及周边地区正在遭遇俄军猛烈攻击。俄国防部20日表示,俄军在顿巴斯、扎波罗热等地多个区域占据了更有利阵地,控制了顿涅茨克地区托列茨克最大的居民点之一、重要后勤枢纽诺夫戈罗茨科耶。
俄军事专家瓦西里·卡申表示,乌军虽然在行动初期迅速占据了库尔斯克地区一些缺乏防御工事和后勤保障路线的区域,但乌军防空劣势明显,为保持在库尔斯克方向的战果,其不得不从顿巴斯等其他地区撤军,致使顿巴斯等地的局势对乌更为不利。
乌军事专家弗拉季斯拉夫·谢列兹尼奥夫说,乌军在库尔斯克的行动非常重要,这将给俄方带来“声誉损失”。他同时表示,俄军不会为了在短时间内控制整个库尔斯克州而放弃在乌克兰东部的行动计划。
和谈短期内难开启
分析人士指出,目前俄乌冲突的扩大升级,进一步降低了短期内双方和谈的可能性。
据俄新社19日报道,俄总统助理乌沙科夫对媒体表示,在现阶段俄方不会与乌克兰对话。他同时强调,总统普京此前提出的有关解决乌克兰危机的倡议并未取消,未来局势如何发展取决于战场形势,包括库尔斯克方向战场形势。
同日,泽连斯基表示,乌军在俄领土上进行“积极防御行动”,是“最有效的反制措施”,正在使俄国内局势复杂化。他还说,俄罗斯的军事基地、军用机场、后勤保障等设施都是乌军“合法目标”,乌军还需要更多远程武器来保护乌克兰免受俄罗斯导弹和制导航空炸弹袭击,减轻前线的压力。
分析人士认为,乌军突袭库尔斯克州未对俄乌和谈产生促进作用,目前还不清楚此次袭击是否会给乌克兰带来“持久的筹码”。
泽连斯基日前还呼吁西方伙伴与乌方“同步下定决心”,取消对乌克兰使用西方武器袭击俄领土的限制。分析人士担心,此举或将造成冲突延宕和进一步升级。
图说:8月13日,在俄罗斯库尔斯克市,来自俄乌边境地区的居民排队领取救援物资。新华社发

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.