Connect with us

Europe

ယူကရိန်းအကျပ်အတည်းစသည့် ကိစ္စရပ်များအား ဇယ်လန်းစကီးသည် မိုဒီနှင့် တွေ့ဆုံဆွေးနွေး

ကိဗ်၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးသည် ယူကရိန်းနိုင်ငံ မြို့တော် ကိဗ်၌ အလည်အပတ်ရောက်ရှိနေသော အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် နာရန်ဒြာ မိုဒီနှင့် သြဂုတ် ၂၃ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ ယူကရိန်းအကျပ်အတည်းစသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးခဲ့ကြသည်။
မိုဒီသည် ယူကရိန်းနိုင်ငံသို့ “သမိုင်းဝင်အလည်အပတ်ခရီးစဉ်” လာရောက်ခဲ့သည် ဟူသောစာသားဖြင့် ဇယ်လန်းစကီးက ထိုနေ့တွင် တွေ့ဆုံဆွေးနွေးခဲ့သည့် ဗီဒီယိုကို လူမှုမီဒီယာ၌ ဖော်ပြခဲ့သည်။ ခရီးစဉ်အတွင်း ယူကရိန်းနှင့် အိန္ဒိယတို့သည် ဆေးဝါးကုသမှု၊ စိုက်ပျိုးရေး၊ ယဉ်ကျေးမှုနှင့် လူသားချင်းစာနာမှု စသည့်နယ်ပယ်များ၏ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးခဲ့ကြပြီး နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၊ ကုန်သွယ်ရေး၊ စစ်ရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်ရေးဆိုင်ရာ ပူးတွဲကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။ ပူးတွဲထုတ်ပြန်ချက်တွင် မိုဒီက လက်ခံနိုင်ဖွယ်ရှိသော ဖြေရှင်းရေးနည်းလမ်းကို ပဋိပက္ခဖြစ်ပွားနေသည့် အင်အားစုအားလုံးအတူ ရှာဖွေကာ ငြိမ်းချမ်းရေး ဆောလျင်စွာ ပြန်လည်ရရှိရေးအတွက် ပံ့ပိုးကူညီရန် တိုက်တွန်းခဲ့သည်။ အိန္ဒိယနိုင်ငံသည် ယူကရိန်းနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပြည့်စုံမှုကို ထောက်ခံကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
စစ်ပွဲအဆုံးသတ်ရေးနှင့် တရားမျှတသော ငြိမ်းချမ်းရေးရရှိရေးသည် ယူကရိန်း၏ ဦးစားပေးလုပ်ဆောင်ရမည့်တာဝန်ဖြစ်ကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။ ၎င်းသည် ဇွန်လက ဆွစ်ဇာလန်တွင်ကျင်းပခဲ့သည့် “ယူကရိန်းငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေး” နှင့် ပတ်သက်၍ မိုဒီနှင့် ဆွေးနွေးခဲ့သည်။
ယူကရိန်း ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ရုရှားနိုင်ငံကို ဖိတ်ကြားခြင်း မရှိခဲ့ပေ။ ရုရှားပါဝင်မှုမရှိသော အခြေအနေတွင် “ငြိမ်းချမ်းရေး” ရှာရန်ကြိုးစားခြင်းသည် “အဓိပ္ပါယ်မဲ့သော” လုပ်ရပ်ဖြစ်သည်ဟု ရုရှားဘက်က အကြိမ်ကြိမ်အလေးပေးပြောကြားခဲ့သည်။
မိုဒီသည် ဇူလိုင်လတွင် ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ပြီး ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်နှင့်
နှစ်နိုင်ငံဆက်ဆံရေး၊ ယူကရိန်းအကျပ်အတည်းစသည့် ကိစ္စရပ်များ တွေ့ဆုံဆွေးနွေးခဲ့သည်။ (Xinhua)


…………………………………………….
(Chinese Version)
泽连斯基与莫迪会谈讨论乌克兰危机等问题
新华社基辅8月23日电 乌克兰总统泽连斯基23日在乌首都基辅与到访的印度总理莫迪举行会谈,就乌克兰危机等交换意见。双方签署多份合作文件。
泽连斯基在社交媒体上发布了会谈视频并配文说,莫迪当天对乌克兰进行了“历史性访问”。访问期间,乌印双方签署了医疗、农业、文化和人道等领域的合作文件,还发表了关于发展两国战略伙伴关系、贸易和继续开展军事技术合作的联合声明。莫迪在联合声明中呼吁冲突各方共同寻求可接受的解决方案,为早日恢复和平作出贡献。泽连斯基表示,印度支持乌克兰的主权和领土完整。
泽连斯基说,结束战争和实现公正的和平是乌克兰的首要任务。他与莫迪讨论了6月在瑞士举行的“乌克兰和平峰会”。
俄罗斯未获邀参加“乌克兰和平峰会”。俄方多次强调,试图在没有俄方参与情况下寻求“和平”的做法“荒谬”。
莫迪曾于7月到访俄罗斯,与俄总统普京就双边关系、乌克兰危机等问题举行会谈。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.