Connect with us

Europe

ဂျာမနီအနေဖြင့် ယူကရိန်းအား စစ်ရေးအကူအညီပေးရာတွင်ဖိအား ပိုများလာသည်ဟု အမေရိကန် မီဒီယာများက ဆို

ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ဘရန်ဒန်ဘာ့ဂ်ဂိတ် မီးထွန်းလင်းနေသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

၂၀၂၅ ဘဏ္ဍာနှစ် ဘတ်ဂျက် ကန့်သတ်ခံရခြင်းနှင့် “Nord Stream” သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖျက်ဆီးခံရမှု စုံစမ်းစစ်ဆေးခြင်း စသည့်အချက်များကြောင့် လက်ရှိတွင် ယူကရိန်းနိုင်ငံအား စစ်ဘက်ဆိုင်ရာအကူအညီပေးခြင်းကို လျှော့ချရန်၊ ယူကရိန်း-ရုရှား ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အစွမ်းကုန် မြှင့်တင်ပေးရန် တစ်ရက်ထက်တစ်ရက် ပိုမိုကျယ်လောင်လာသောတောင်းဆို တိုက်တွန်းသံများကို ဂျာမနီအစိုးရက ပြည်တွင်းတွင် ရင်ဆိုင်နေရပေသည်။

ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Olaf Scholz ဦးဆောင်သော သုံးပါတီပူးတွဲအစိုးရ၏ လူထုထောက်ခံမှုနှုန်းသည် ကျဆင်းနေကြောင်း၊ ဂျာမနီ၌ စက်တင်ဘာလတွင် အဓိက ဒေသန္တရပြည်နယ်ရွေးကောက်ပွဲများ ပြုလုပ်တော့မည်ဖြစ်ပြီး ထိုအခါ လက်ဝဲစွန်းနှင့် လက်ယာစွန်း ပါတီနှစ်ရပ်စလုံးက မဲအမြောက်အမြား ရရှိနိုင်ခြေရှိကြရာ နှစ်ဖက်စလုံးက ယူကရိန်းအား စစ်ရေးအကူအညီများ ရပ်ဆိုင်းရန် ဖက်ဒရယ်အစိုးရကို တိုက်တွန်းခဲ့ကြကြောင်း အမေရိကန် “The New York Times” သတင်းစာကစက်တင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲကျင်းပမည့် အချက်အပြင် ယူကရိန်းအတွက် စစ်ရေးအကူအညီပေးခြင်းသည် ဂျာမနီ၏ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးကို ပိုမိုလေးပင်စေပြီး Scholz အစိုးရအတွက် ပို၍ဖိအားဖြစ်စေသည်။ အာဏာရမဟာမိတ်သုံးပါတီသည် ဘဏ္ဍာရေးနှစ်သစ်အတွက် ဘတ်ဂျက်စီမံချက်နှင့်ပတ်သက်၍ ဆွေးနွေးမှုများအကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ဩဂုတ် ၁၆ ရက်၌ လိုက်လျောလိုက်ရသော စီမံချက်ရရှိခဲ့ကြောင်း၊ ဘတ်ဂျက်လိုငွေပြမှုလျာထားချက်ကို ယူရို ၁၇ ဘီလီယံမှ ယူရို ၁၂ ဘီလီယံသို့ လျှော့ချရန်သဘောတူခဲ့သည်။
သုံးပါတီ သဘောတူညီချက်ရရှိထားသည့် အခြေအနေတစ်ရပ်မှာ အစိုးရသည် ဘတ်ဂျက်ရန်ပုံငွေအားလုံး အဆင်သင့်မဖြစ်သေးမီ ယူကရိန်းအတွက် စစ်ရေးအကူအညီအသစ်များကိုရပ်ဆိုင်းမည်ဟု ဂျာမနီဘဏ္ဍာရေးဝန်ကြီး Christian Lindner က ပေးစာတစ်ခုတွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်းFrankfurter Allgemeine Zeitung သတင်းက မကြာသေးမီက ဖော်ပြခဲ့သည်။

ဂျာမနီအစိုးရသည် ၂၀၂၅ ဘဏ္ဍာနှစ် ယူကရိန်းနိုင်ငံအတွက်ထောက်ပံ့ရေးအသုံးစရိတ်ကို ယူရို ၇.၅ ဘီလီယံမှ ယူရို ၄ ဘီလီယံသို့ လျှော့ချရန် ဇူလိုင်လတွင် ဆုံးဖြတ်ခဲ့ပြီး အီးယူမှ ပိတ်ဆို့ထားသော ရုရှား ပိုင်ဆိုင်မှု အမြတ်အစွန်းများမှ ဤပြတ်လပ်မှုအား ဖြည့်စွက်မည်ဟု စီစဉ်ထားကြောင်း The New York Times ၏ အဆိုအရ သိရသည်။ G7 နိုင်ငံခေါင်းဆောင်များ ဇွန်လ အီတလီထိပ်သီးအစည်းအဝေးကာလတွင် ယင်းမှရရှိသောအမြတ်အစွန်းငွေများကို အသုံးပြု၍ ယူကရိန်းနိုင်ငံ စစ်ရေးအကူအညီရန်ပုံငွေကို ဖြည့်တင်းပေးရန်အတွက် သဘောတူခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ယူကရိန်းစစ်သားများနှင့် စီးပွားရေးသမားများ ပါဝင်သော အဖွဲ့သည် သင်္ဘောနှင့် ရေငုပ်ကိရိယာများ စသည်တို့ကို ငှားရမ်းခဲ့ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာတွင် “Nord Stream” သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ဖျက်ဆီးခဲ့သည်ဟု မကြာသေးမီက အမေရိကန် The Wall Street Journal စသည့် အနောက်တိုင်းမီဒီယာများက အဆက်မပြတ် သတင်းဖြန့်ခဲ့သည်။

ဂျာမန်အစိုးရက ဇွန်လတွင် “ဥရောပ ဖမ်းဝရမ်း” ကို ထုတ်ပြန်ခဲ့ပြီး ပိုလန်နိုင်ငံအား “Nord Stream” ဖြစ်ရပ်၌ ပါဝင်ပတ်သက်နေသည့် ဝါဆောတွင်နေထိုင်သော ယူကရိန်းနိုင်ငံသားသံသယရှိသူတစ်ဦးကို ဖမ်းဆီးရာတွင် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုခဲ့သော်လည်း ပိုလန်နိုင်ငံဘက်က ထိုသံသယရှိသူသည် ဇူလိုင်လအစောပိုင်းတွင် ပိုလန်နိုင်ငံမှ ထွက်ခွာခဲ့ကြောင်း ပြောကြားခဲ့သည်ဟု မကြာသေးမီက ဂျာမန်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ ဂျာမန်ပြည်တွင်းလူထုအမြင်သည် ဤ”ယူကရိန်းနှင့် ဆက်နွှယ်သော ဖြစ်ရပ်” ကြောင့် ယူကရိန်းအား ခြွင်းချက်မရှိ ပံ့ပိုးကူညီမှုအပေါ် အစိုးရကို မေးခွန်းထုတ်ဖွယ်ဖြစ်ခဲ့သည်။

ဥရောပဒေသတွင် ယူကရိန်းအား အကြီးဆုံး အကူအညီပေးသူမှာ ဂျာမနီနိုင်ငံဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းအကျပ်အတည်း အရှိန်အဟုန်မြင့်တက်လာရာမှ ယခုနှစ်ဇွန်လကုန်အထိ ဂျာမနီနိုင်ငံသည် ယူကရိန်းအား စစ်ရေးစသည့် ကဏ္ဍများတွင် ယူရို ၁၄ ဘီလီယံကျော် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း Kiel Institute for the World Economy (IfW Kiel) ၏ စာရင်းဇယားများအရ သိရသည်။ (Xinhua)


……………………….
(Chinese Version)
美媒称德国对乌军援承压加重
新华社北京8月24日电 受制于2025财政年度预算和“北溪”天然气管道遭破坏调查等因素,德国政府眼下面临国内日益高涨的呼声,要求德方减少对乌克兰军事援助,尽力推动乌俄双方和谈。
据美国《纽约时报》22日报道,德国总理奥拉夫·朔尔茨领导的三党联合政府民意支持率走低,德国9月将迎来关键地方州选举,预计届时极左、极右党派均可收获不少选票,而这两派都呼吁联邦政府停止军援乌克兰。
除选举因素之外,对乌军援加重德国财政负担,让朔尔茨政府倍感压力。执政联盟三党就新财年预算方案几经磋商,16日才达成妥协方案,同意将预算赤字目标从170亿欧元下调至120亿欧元。
《星期日法兰克福汇报》随后报道,德国财政部长克里斯蒂安·林德纳在一封信中披露,三党达成一致的一项条件是政府在预算资金全部到位前冻结对乌新军援。
据《纽约时报》报道,德国政府7月已决定把2025财年援乌预算从75亿欧元减至40亿欧元,并准备用欧盟冻结的俄罗斯资产收益来补足其中缺口。七国集团领导人6月在意大利峰会期间同意动用这些收益补充对乌军援资金。
此外,美国《华尔街日报》等西方媒体近来不断散布消息说,由乌克兰现役军人和商人组成的团伙租用游艇和深潜设备等在2022年9月实施了对“北溪”天然气管道的破坏。据德国媒体日前报道,德国政府6月发出“欧洲逮捕令”,要求波兰配合抓捕一名居住在华沙的涉“北溪”事件乌克兰籍嫌疑人,但波兰方面称该嫌疑人已于7月初离开波兰。德国国内舆论因这一“涉乌事件”质疑政府对乌克兰的无条件支持。
据德国基尔世界经济研究所统计,德国是乌克兰在欧洲地区最大援助方。从2022年2月乌克兰危机升级至今年6月底,德国已在军事等方面向乌克兰提供超过140亿欧元的支持。(海洋)
图说:2023年10月6日,德国柏林勃兰登堡门被灯光点亮。新华社记者任鹏飞摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.