Connect with us

Africa & Middle East

လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးကို အကြီးစား တိုက်ခိုက်မှုများ ပြုလုပ်၊ အစ္စရေးနိုင်ငံတစ်ဝန်း ၄၈ နာရီကြာ အရေးပေါ် အခြေအနေကြေညာ

အစ္စရေးနိုင်ငံ မြောက်ပိုင်း Galilee ဒေသ၌ ဒုံးကျည်များဖြင့် ပစ်ခတ်မှုကြောင့် မီးလောင်မှုဖြစ်ပွားရာနေရာတွင် မီးငြှိမ်းသတ်နေသော မီးသတ်သမားအား ဩဂုတ် ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – အစ္စရေး မီးသတ်နှင့် ကယ်ဆယ်ရေးဌာန)

ဂျေရုဆလမ်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

ဟစ်ဇ်ဘိုလာ အကြီးတန်းတပ်မှူး Fuad Shukr အား အစ္စရေး လုပ်ကြံသတ်ဖြတ်ခဲ့မှုအတွက် လက်တုံ့ပြန်သည့်အနေဖြင့် ဩဂုတ် ၂၅ ရက်တွင် အစ္စရေးနိုင်ငံအား အကြီးစားတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့က အဆိုပါနေ့တွင် ကြေညာခဲ့သည်။ ထိုနေ့တွင်ပင် အစ္စရေးနိုင်ငံတစ်ဝန်း ၄၈ နာရီ အရေးပေါ်အခြေအနေသို့ရောက်ရှိကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး Galante က ကြေညာခဲ့သည်။
အစ္စရေးမြောက်ပိုင်းမြို့များ Kiryat Shmona ၊ Acre စသည့် နေရာများနှင့် သိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်တို့၌ လေကြောင်းရန်ကာကွယ်ရေးဥသြသံများ ခပ်စိပ်စိပ် မြည်ခဲ့ကြောင်း ဆင်ဟွာသတင်းထောက်၏ မိုဘိုင်းလ်ဖုန်းတွင် တပ်ဆင်ထားသည့် ကြိုတင်သတိပေးစနစ်၏ ဖော်ပြချက်အရ သိရသည်။
Acre မြို့တွင် ဒုံးလက်နက်ကျည်ထိမှန်၍ ဒဏ်ရာရရှိခဲ့သူတစ်ဦးအား ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း အစ္စရေးအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့အစည်း Magen David Adom က ပြောကြားခဲ့သည်။

အစ္စရေးကို ပထမအဆင့် တိုက်ခိုက်မှု “အောင်မြင်စွာ ပြီးဆုံး” ခဲ့ကြောင်း၊ အစ္စရေးဘက်သို့ အနည်းဆုံး ဒုံးကျည် ၃၂၀ ကျော် ပစ်ခတ်ခဲ့ကြောင်း လက်တုံ့ပြန် လှုပ်ရှားမှုပြီးနောက် နာရီဝက်ခန့်အကြာတွင် လက်ဘနွန် ဟစ်ဇ်ဘိုလာက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အစ္စရေး ပြည်ထဲရေးကာကွယ်ရေးဌာနက Tel Aviv မြို့နှင့် မြောက်ဘက် ဒေသများတွင် အရပ်သားများကို ကာကွယ်ရေးအတွက် လမ်းညွှန်ချက် ထုတ်ပြန်ထားသည်။ Tel Aviv အနီးရှိ Ben Gurion အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်လည်း လေယာဉ်ခရီးစဉ်အချို့ကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးကို အကြီးစားတိုက်ခိုက်မှုပြုလုပ်မည်ကို အစ္စရေးစစ်တပ်က အရင်ဆုံး ထောက်လှမ်းကင်းထောက်နိုင်ခဲ့ကြောင်း၊ “ခြိမ်းခြောက်မှုများအား ဖယ်ရှားရန်” လက်ဘနွန်နိုင်ငံအတွင်းရှိ ပစ်မှတ်များကို ကြိုတင်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ထိုနေ့အစောပိုင်းတွင် အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ (Xinhua)


……………………………………
(Chinese Version)
黎真主党对以发动大规模袭击 以进入48小时紧急状态
新华社耶路撒冷8月25日电(记者王卓伦 陈君清)黎巴嫩真主党25日宣布,为报复以色列暗杀该组织高级军事指挥官福阿德·舒库尔,当天对以色列进行大规模袭击。以色列国防部长加兰特同日宣布,以全境进入48小时紧急状态。
新华社记者手机安装的预警系统显示,以色列北部城镇谢莫纳、阿卡等地及其占领的戈兰高地25日清晨密集拉响防空警报。
以色列急救组织“红色大卫盾”说,阿卡有一人被火箭弹弹片击中后受伤,已被送往医院。
报复行动发生约一个半小时后,黎巴嫩真主党发表声明说,针对以色列的第一阶段打击“胜利结束”,他们向以色列发射了至少320枚火箭弹。
以色列本土守备司令部发布对特拉维夫及以北地区的平民防御指南。位于特拉维夫附近的本-古里安国际机场部分航班一度取消。
当日早些时候,以军发表声明说,以军事先侦察到黎巴嫩真主党将对以色列进行大规模袭击,随即对黎巴嫩境内目标进行了先发制人的打击,以“消除威胁”。(完)
图说:8月25日,在以色列北部加利利地区,消防人员在一处由火箭弹引起的火灾现场进行灭火。新华社发(以色列消防救援部门供图)