Connect with us

Africa & Middle East

ဇူလိုင်လတွင် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို အစ္စရေးအနေဖြင့် လိုက်နာရန် ဟားမက်စ်က တောင်းဆို

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းရှိ ခန်ယွန်းနစ်မြို့ အနောက်မြောက်ဘက်ဒေသရှိ အဆောက်အအုံအပျက်အစီးများကို ဩဂုတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်နှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များကို အခြေခံ၍ ဇူလိုင်လတွင် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို လိုက်နာရန် အစ္စရေးအား တောင်းဆိုခဲ့ကြောင်း ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) နိုင်ငံရေးဗျူရို အဖွဲ့ဝင် Izzat al-Rishq က သြဂုတ် ၂၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဟားမက်စ် စေ့စပ်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့သည် ကြားဝင်စေ့စပ်ပေးသူ အီဂျစ်၊ ကာတာတို့နှင့် တွေ့ဆုံဆွေးနွေးပြီး စေ့စပ်ညှိနှိုင်းမှု ရလဒ်များကို ကြားနာပြီးနောက် ဩဂုတ် ၂၅ ရက် ညနေပိုင်းတွင် အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုမှ ထွက်ခွာသွားခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

ဟားမက်စ်သည် ဂါဇာပြည်သူများ၏ အမြင့်ဆုံး အကျိုးစီးပွားနှင့် ဂါဇာပြည်သူများအပေါ် ရန်စမှုများ ရပ်တန့်ရန် နည်းလမ်းကို အကောင်အထည်ဖော်ရန် အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်နှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များကို အခြေခံ၍ ဇူလိုင်လတွင် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို လိုက်နာလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
မည်သည့်သဘောတူညီချက်တွင်မဆို အမြဲတမ်းအပစ်အခတ်ရပ်စဲရေး၊ ဂါဇာကမ်းမြောင်ဒေသမှတပ်များ အလုံးစုံဆုတ်ခွာပေးရေး၊ ဂါဇာကမ်းမြောင်ဒေသခံများ လွတ်လပ်စွာ နေရပ်များသို့ ပြန်ရေးနှင့် ထိန်းသိမ်းခံထားသူအားလုံးကို ပြန်လွှတ်ပေးရေးစသည့် အကြောင်းအရာများ ပါဝင်ရမည်ဖြစ်ကြောင်း ဟားမက်စ်ကိုယ်စားလှယ်အဖွဲ့က ၎င်းတို့၏ရပ်တည်ချက်ကို အလေးပေးပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ယခုလ ၁၅ ရက်တွင် ဂါဇာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲအသစ်ကို ကာတာနိုင်ငံ မြို့တော် ဒိုဟာတွင် ကျင်းပခဲ့ပြီး၊ ၁၆ ရက်တွင် ခေတ္တရပ်ဆိုင်းခဲ့ပြီးနောက် ကိုင်ရိုတွင် ပြန်လည်စတင်ခဲ့သည်။

အမေရိကန်သည် ယခင်အစီအစဉ်၏ အဓိကအချက်များအပေါ်အခြေခံ၍ အစီအစဉ်အသစ်တစ်ခုကို တင်သွင်းခဲ့သည်ဟု ကြားဝင်စေ့စပ်ပေးသူ အမေရိကန်၊ ကာတာနှင့် အီဂျစ်တို့က ဩဂုတ် ၁၆ ရက်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန် အတားအဆီးများ ဆက်လက်ဖန်တီးနေပြီး နောက်ထပ်အခြေအနေအသစ်များကိုလည်း အဆိုပြုခဲ့ကြောင်း၊ အစီအစဉ်အသစ်နှင့် နေတန်ယာဟုက အဆိုပြုထားသည့် အခြေအနေများသည် လုံးဝတစ်ထပ်တည်းကျကြောင်း၊ အထူးသဖြင့် အမြဲတမ်းအပစ်အခတ်ရပ်စဲရေးနှင့် ဂါဇာကမ်းမြောင်ဒေသတွင် တပ်များ အလုံးစုံဆုတ်ခွာပေးရေးကို နေတန်ယာဟုက ငြင်းပယ်ခဲ့ပြီး “ဖီလာဒဲဖီးယားစင်္ကြံ” (Philadelphia Corridor) စသည့် နေရာများကို ဆက်လက်သိမ်းပိုက်ထားကြောင်း ဟားမက်စ်က ဩဂုတ် ၁၈ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထို့အပြင် နေတန်ယာဟုသည် ထိန်းသိမ်းခံထားသူများ လဲလှယ်ရေးဆိုင်ရာကိစ္စရပ်များတွင် အခြေအနေသစ်များကိုလည်း အဆိုပြုခဲ့ရာ ယင်းတို့မှာ သက်ဆိုင်ရာ သဘောတူညီချက်များ ရရှိရေးကို အဟန့်အတားဖြစ်စေခဲ့ကြောင်း သိရသည်။
ယခင်နှစ် အောက်တိုဘာလက ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအသစ်တစ်ဖန် ဖြစ်ပွားပြီးနောက် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးစစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ပါလက်စတိုင်း ၄၀,၀၀၀ ကျော် သေဆုံးကာ ၉၃,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဌာန၏ ဩဂုတ် ၂၅ ရက်က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ (Xinhua)


……………………………….
(Chinese Version)
哈马斯要求以色列遵守7月收到的停火方案
新华社加沙8月25日电(记者黄泽民)巴勒斯坦伊斯兰抵抗运动(哈马斯)政治局成员伊扎特·里什克25日发表声明,要求以色列遵守7月收到的以美国总统拜登所提建议和联合国安理会相关决议为基础的停火方案。
声明说,哈马斯谈判代表团在与斡旋方埃及和卡塔尔会晤并听取谈判结果后已于25日晚离开埃及首都开罗。
声明说,哈马斯愿意以实现加沙人民最高利益和制止对加沙人民侵略的方式,执行其7月收到的以拜登所提建议和安理会相关决议为基础的停火方案。
声明说,哈马斯代表团强调了其立场,即任何协议都必须包括永久停火、从加沙地带完全撤军、加沙地带居民自由返回家园和重建加沙地带,以及释放被扣押人员等内容。
本月15日,新一轮加沙停火谈判在卡塔尔首都多哈举行,16日暂停,此后在开罗重启。斡旋方美国、卡塔尔和埃及16日发表联合声明说,美方在之前方案要点的基础上提交了一份新方案。哈马斯18日发表声明说,以色列总理内塔尼亚胡仍在为达成停火协议设置障碍,并提出新的条件,新方案与内塔尼亚胡提出的条件别无二致,特别是他拒绝永久停火以及从加沙地带全面撤军,并坚持继续占领 “费城走廊” 等地。此外,内塔尼亚胡还在交换被扣押人员问题上提出新的条件,这些都阻碍了相关协议的达成。
据巴勒斯坦加沙地带卫生部门25日发布的数据,去年10月新一轮巴以冲突爆发以来,以色列在加沙地带的军事行动已造成超过4万名巴勒斯坦人死亡、逾9.3万人受伤。(完)
图说:这是8月11日在加沙地带南部城市汗尤尼斯西北部地区拍摄的建筑物废墟。新华社发(里泽克·阿卜杜勒贾瓦德摄)