Connect with us

Europe

ရုရှားနှင့်ယူကရိန်း အပြန်အလှန် လေကြောင်းတိုက်ခိုက်မှုများ အကြီးအကျယ် ဖြစ်ပွါး

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ဒရုန်းတိုက်ခိုက်ခံရသည့် အဆောက်အဦအား ၂၀၂၃ ခုနှစ် ဇူလိုင် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို/ကိဗ်၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)
ရုရှားနှင့် ယူကရိန်းအကြား ဩဂုတ် ၂၆ ရက်က အပြန်အလှန် လေကြောင်းတိုက်ခိုက်မှုများ အကြီးအကျယ်ဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများကြောင့် ယူကရိန်းနိုင်ငံအတွင်း ရေနှင့်လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပွားခဲ့သလို ရုရှားနိုင်ငံ နေရာအများအပြားရှိ အခြေခံအဆောက်အဦများ ပျက်စီးခဲ့သည်။

ရုရှားနိုင်ငံ Saratov၊ Kursk၊ Belgorod၊ Bryansk၊ Tula၊ Oryol၊ Ryazan၊ Yaroslavl ပြည်နယ်များ၏ အထက်ဝေဟင်တွင် ယူကရိန်း ဒရုန်းယာဉ် ၂၂ စင်းကို လေကြောင်းကာကွယ်ရေးတပ်က ပစ်ချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ ကိဗ်မြို့၊ ကိဗ်ပြည်နယ်၊ Kharkiv၊ Sumy၊ Poltava၊ Vinnytsia၊ Kirovohrad၊ Dnipropetrovsk၊ Ivano-Frankivsk၊ Lvivနှင့် Odesa စသည့် ပြည်နယ်များတွင် ဩဂုတ် ၂၆ ရက် နံနက်ပိုင်းက ရုရှားတပ်၏ လေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ရပြီး ယူကရိန်း နေရာအများအပြားတွင် ရေနှင့်လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပွားခဲ့ကြောင်း ယူကရိန်းလေတပ်က ဩဂုတ် ၂၆ ရက်တွင် လူမှုကွန်ရက်မီဒီယာ၌ ဖော်ပြခဲ့သည်။
Lviv ပြည်နယ်ရှိ စွမ်းအင်အဆောက်အဦကို ရုရှားတပ်က ယင်းနေ့တွင်ပင် တိုက်ခိုက်ခဲ့ကြောင်း ယင်းပြည်နယ် စစ်ဘက်ဆိုင်ရာအုပ်ချုပ်ရေးမှူး Kozytskyi က ပြောကြားခဲ့သည်။ ရုရှားလေပိုက်နက်တွင် Tu-95 မဟာဗျူဟာ ဗုံးကြဲယာဉ် ၁၁ စင်း တွေ့ရှိခဲ့ကြောင်း ယူကရိန်းလေတပ်က ယင်းနေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန် ပြောကြားခဲ့သည်။ (Xinhua)
……………………..
(Chinese Version)
俄罗斯与乌克兰互相发动大规模空袭
新华社莫斯科/基辅8月26日电 俄罗斯与乌克兰26日互相发动大规模空袭。袭击造成乌境内停水停电,俄罗斯多地基础设施受损。
俄国防部26日通报说,防空部队在俄萨拉托夫州、库尔斯克州、别尔哥罗德州、布良斯克州、图拉州、奥廖尔州、梁赞州和雅罗斯拉夫尔州上空击落22架乌克兰无人机。
乌克兰空军26日在社交媒体上说,当天清晨,乌基辅市、基辅州、哈尔科夫州、苏梅州、波尔塔瓦州、文尼察州、基洛沃格勒州、第聂伯罗彼得罗夫斯克州、伊万诺-弗兰科夫斯克州、利沃夫州和敖德萨州等地遭到俄军空袭,乌克兰多地出现停水、停电。利沃夫州军事行政长官科济茨基当天说,俄军当天袭击了该州能源设施。乌空军当天凌晨发布消息说,在俄领空中发现了11架图-95战略轰炸机。
1. 这是2023年7月24日在俄罗斯莫斯科拍摄的被无人机袭击的建筑。新华社/塔斯社

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.