Connect with us

Africa & Middle East

ပါကစ္စတန်နိုင်ငံ Balochistan ပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၇၀ ကျော် သေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ်မြို့တော် Quetta တွင် လက်နက်ကိုင် တိုက်ခိုက်မှုအတွင်း သေဆုံးသွားသည့် ဆွေမျိုးသားချင်းတစ်ဦး၏ ရုပ်အလောင်းအား ရွေးထုတ်နေသော ဝမ်းနည်းပူဆွေးနေသည့် အမျိုးသားတစ်ဦးကို သြဂုတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ်တွင် သြဂုတ် ၂၆ ရက်က အကြမ်းဖက် တိုက်ခိုက်မှု အများအပြား ဖြစ်ပွားခဲ့ရာ အရပ်သားများနှင့် လုံခြုံရေး ဝန်ထမ်းများ အပါအဝင် အနည်းဆုံး လူ ၅၃ ဦး သေဆုံးပြီး လက်နက်ကိုင် ၂၁ ဦး သေဆုံးခဲ့သည်။

“ရန်လိုသော အင်အားစုများ၏ လှုံ့ဆော်မှုအောက်တွင်” အကြမ်းဖက်သမားများက ဩဂုတ် ၂၅ ရက် ညပိုင်းမှစ၍ ပြည်နယ်၌ ငြိမ်းချမ်း ဖွံ့ဖြိုးတိုးတက်ရေး ပတ်ဝန်းကျင်ကို ဖျက်ဆီးရန် ရည်ရွယ်၍ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အပြစ်မဲ့ အရပ်သား အများအပြား သတ်ဖြတ်ခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ ISI သတင်းဗျူရိုက ထိုနေ့တွင်ပင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့နှင့် ဥပဒေစိုးမိုးရေးဌာနမှ ဝန်ထမ်းများ၏ ရှင်းလင်းရေးနှင့် တန်ပြန်တိုက်ခိုက်ရေး လှုပ်ရှားမှုအတွင်း လက်နက်ကိုင် ၂၁ ဦး သေဆုံးခဲ့ပြီး ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့ရကြောင်း သိရသည်။
လက်နက်ကိုင်များသည် Balochistan ပြည်နယ် နေရာအများအပြားတွင် လမ်းပန်းဆက်သွယ်ရေးနှင့် ဆေးဝါးကုသရေးဆိုင်ရာ အဆောက်အအုံများကို ဖျက်ဆီးခဲ့ပြီး စစ်တပ်နှင့် ရဲဌာနများကို တိုက်ခိုက်ခဲ့ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများက ဆင်ဟွာသတင်းထောက် ပြောကြားခဲ့သည်။

အကြမ်းဖက်အဖွဲ့ “Balochistan လွတ်မြောက်ရေးလက်နက်ကိုင်အဖွဲ့” က အဆိုပါ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း ကြေညာခဲ့သည်။ ယင်းမှာ ထိုအကြမ်းဖက်အဖွဲ့က ယခုနှစ်အတွင်း ပြုလုပ်သော အကြီးမားဆုံး အကြမ်းဖက်တိုက်ခိုက်မှုဖြစ်သည်ဟု သတင်းတွေအရ သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချပြီး သက်ဆိုင်ရာ ဌာနများအနေဖြင့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအတွက် ချက်ခြင်း အရေးယူမှုများလုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း ပါကစ္စတန် ဝန်ကြီးချုပ် Shehbaz Sharif က ယင်းနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“Balochistan လွတ်မြောက်ရေးလက်နက်ကိုင်အဖွဲ့ ” သည် ပါကစ္စတန်နိုင်ငံအတွင်း လုံခြုံရေးတပ်ဖွဲ့များနှင့် အရပ်သားများကို မကြာခဏ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။ ၂၀၀၆ ခုနှစ်တွင် ပါကစ္စတန်အစိုးရက အဆိုပါအဖွဲ့အစည်းအား တရားဝင် တားမြစ်ပိတ်ပင်၊ နှိမ်နှင်းရမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ (Xinhua)


…………………….
(Chinese Version)
巴基斯坦俾路支省70多人死于恐袭事件
新华社伊斯兰堡8月26日电(记者蒋超)巴基斯坦西南部俾路支省26日发生多起恐怖袭击事件,已造成包括平民和安全人员在内至少53人死亡,另有21名武装分子被打死。
巴基斯坦三军新闻局当天发表声明说,恐怖分子“在敌对势力指使下”,自25日晚间起在该省发动旨在破坏和平发展环境的袭击,杀害了许多无辜平民。巴安全部队与执法机构人员在清剿与反击行动中打死21名武装分子,有巴安全人员在行动中殉职。
当地官员告诉新华社记者,武装分子在俾路支省多地破坏交通和医疗设施,并攻击军警机构。
恐怖组织“俾路支解放武装”宣称实施了上述袭击。据报道,这是该组织今年以来发动的最大规模恐袭。
巴基斯坦总理夏巴兹当天发表声明,强烈谴责袭击事件,并指示有关部门立即采取行动打击恐怖主义。
“俾路支解放武装”经常在巴境内对安全部队和平民实施恐怖袭击。巴基斯坦政府于2006年宣布取缔该组织。(完)
Photo: A man mourns as he identifies the body of a relative who was killed in a militant attack, in Quetta, the provincial capital of Pakistan’s southwest Balochistan province, Aug. 26, 2024. (Photo by Asad/Xinhua)