Connect with us

Asia

ဂျပန်နိုင်ငံတွင် ဆန်ပြတ်လပ်မှု ဆက်လက်ဖြစ်ပေါ်နေ၊ အိုဆာကာခရိုင်က အရန်သိုလှောင်ထားသည့်ဆန်များ ထုတ်ဝေပေးရန် တိုက်တွန်း

ဂျပန်နိုင်ငံ တိုကျိုမြို့ စူပါမားကတ်ဆိုင်ခွဲတစ်ခုတွင် ဆန်အရောင်းနေရာမှ ဖြတ်သွားသော အမျိုးသားတစ်ဦးကို ဇူလိုင် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ၏ လတ်တလော “ဆန်ပြတ်လပ်မှု” သည် ဆက်လက်ဖြစ်ပေါ်လျက်ရှိရာ တိုကျို၊ အိုဆာကာစသည့် နေရာအများအပြားရှိ စူပါမားကတ်များတွင် ဆန်ပြတ်လပ်မှု သို့မဟုတ် ဝယ်ယူမှုကန့်သတ်သည့် အခြေအနေများရှိနေသည်။ ထောက်ပံ့မှုအကျပ်အတည်းများကို ဖြေလျှော့ရန် အိုဆာကာခရိုင်က ဂျပန်ဗဟိုအစိုးရအား အရန်သိုလှောင်ထားသည့်ဆန်များ အမြန်ဆုံးထုတ်ဝေပေးရန် ဩဂုတ် ၂၆ ရက်တွင် တိုက်တွန်းခဲ့သည်။
ဂျပန်နိုင်ငံ အချို့နေရာများတွင် ဇူလိုင်လမှ စတင်ခဲ့၍ “ဆန်ပြတ်လပ်မှု” များဖြစ်ပေါ်ခဲ့ရာ ယခုအခါ နိုင်ငံအနှံ့အပြားသို့ ပျံ့နှံ့သွားခဲ့သည်။ ဇွန်လကုန်အထိ နိုင်ငံ၏ ပုဂ္ဂလိကဆန် သိုလှောင်မှုမှာ တန်ချိန် ၁.၅၆ သန်းရှိပြီး ပြီးခဲ့သည့်နှစ်ကာလတူထက် တန်ချိန် ၄.၁ သိန်း လျော့နည်းသွားကာ ၁၉၉၉ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးဖြစ်ခဲ့ကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။ ဂျပန်နိုင်ငံ၌ ပြီးခဲ့သည့်အခေါက် “ဆန်ပြတ်လပ်မှု” မှာ ၁၉၉၃ ခုနှစ်က ဖြစ်ကြောင်း ဂျပန်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ ထိုအချိန်က ဂျပန်နိုင်ငံ ဆန်ထုတ်လုပ်မှုမှာ ရာသီဥတုကြောင့် သိသိသာသာ လျော့ကျသွားခြင်း ဖြစ်ပြီး အစိုးရက ပြည်ပမှ ဆန်တန်ချိန် ၂.၅၉ သန်းကို အရေးပေါ် တင်သွင်းခဲ့သည်။
အိုဆာကာခရိုင် လက်လီစတိုးဆိုင် ၈၀ ရာခိုင်နှုန်းခန့်တွင် ရောင်းချရန် ဆန်ပြတ်သွားသော အခြေအနေများရှိကြောင်း ပြီးခဲ့သော ရက်သတ္တပတ်က အိုဆာကာခရိုင်တွင် ပြုလုပ်ခဲ့သည့် အရေးပေါ်စစ်တမ်းတစ်ခုအရ သိရသည်။ မြို့တော် တိုကျိုရှိ စူပါမားကတ် အများအပြားရှိ ဆန်အရောင်းနေရာများ၌ ပစ္စည်းများ ပြတ်လပနေကြောင်း၊ Saitama ခရိုင်၊ Fukuoka ခရိုင်၊ Oita ခရိုင် နှင့် Hiroshima ခရိုင် စသည့်နေရာများတွင်လည်း အလားတူအခြေအနေများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ယင်းအခြေအနေဖြစ်ပေါ်ရခြင်း အဓိကအကြောင်းရင်းမှာ တစ်ဖက်တွင် ပြီးခဲ့သည့် နွေရာသီ အပူဒဏ်ကြောင့် ဂျပန်ဆန်ထွက်နှုန်း လျော့ကျသွားခြင်းဖြစ်ပြီး အခြားတစ်ဖက်တွင် နိုင်ငံခြားခရီးသွား အရေအတွက် တိုးလာခြင်းကြောင့် ဆန်စပါးလိုအပ်ချက် တိုးလာခြင်းဖြစ်ကြောင်း အိုဆာကာခရိုင်၏ အဆိုအရ သိရသည်။ ထို့အပြင် ဂျပန်မိုးလေဝသဌာနက ယခုလအစောပိုင်းတွင် ဂျပန်နိုင်ငံ အရှေ့ပိုင်း ပစိဖိတ်သမုဒ္ဒရာရှိ Nankai trough တွင် ငလျင်ကြီးလှုပ်ခတ်နိုင်ခြေ တိုးမြင့်လာနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ခဲ့ရာ ပြည်သူအချို့သည် ဆန်အမြောက်အမြားဝယ်ယူ၊ သိုလှောင်ခြင်းများ ဖြစ်ပွားခဲ့သည်။
အိုဆာကာခရိုင် “ဆန်ပြတ်လပ်မှု” ဖြေလျော့စေရန် အစိုးရအနေဖြင့် အရန်သိုလှောင်ဆန်များ ထုတ်ဝေပေးရန် စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနကို တိုက်တွန်းခဲ့ကြောင်း အိုဆာကာခရိုင် အုပ်ချုပ်ရေးမှူး Hirofumi Yoshimura က ဩဂုတ် ၂၆ ရက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထောက်ပံ့မှုအကျပ်အတည်းအခြေအနေတွင် “ဆန်များကို ဂိုဒေါင်များတွင် သိုလှောင်မှုက မလိုအပ်ဘူး” ဟု ၎င်းက ဆိုခဲ့သည်။ တစ်ချိန်တည်းမှာပင် ပြည်သူများအား ဆင်ခြင်တုံတရားဖြင့် ဝယ်ယူကြရန်နှင့် အလွန်အကျွံမသိုလှောင်ရန် ၎င်းက တိုက်တွန်းခဲ့သည်။
ဂျပန်နိုင်ငံ၏ အဓိက ဆန်ထွက်သောဒေသများတွင် စပါးပင် ကောင်းမွန်စွာ ကြီးထွားနေပြီး ဆန်အသစ်များ ဈေးကွက်သို့ရောက်ရှိလာသည်နှင့်အမျှ ဆန်ပြတ်လပ်မှု အခြေအနေသည် အတိုင်းအတာတစ်ခုအထိ သက်သာလာမည်ဟု မျှော်လင့်ထားကြောင်း ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။ (Xinhua)


……………………………………………………..
(Chinese Version)
日本“大米荒”持续 大阪府呼吁投放储备米
新华社北京8月27日电 日本近期“大米荒”持续,东京、大阪等多地超市的大米出现断货或限购情况。大阪府26日呼吁日本中央政府尽快投放储备米,以缓解供应紧张。
日本部分地区7月开始出现“大米荒”,现已波及该国更多地区。农林水产省数据显示,截至6月末,该国大米民间库存量为156万吨,同比减少41万吨,创1999年以来新低。据日本媒体报道,日本上一次出现“大米荒”是在1993年。当时,日本大米因天气原因大幅减产,政府紧急从国外进口约259万吨大米。
大阪府上周实施的一项紧急调查结果显示,大阪府约80%的零售店出现大米断货情况。在首都东京,许多超市大米货架空空。类似情况也出现在埼玉县、福冈县、大分县和广岛县等地。
按大阪府的说法,造成这一状况的主要原因一方面是去年夏季酷暑导致日本大米产量减少,另一方面是外国游客人数增加推动大米需求增长。此外,日本气象厅本月早些时候发布日本东部太平洋南海海槽大地震发生可能性增高的提示,引发部分民众大量购买和囤积大米。
大阪府知事吉村洋文26日在记者会上说,大阪府已呼吁农林水产省投放政府储备大米,以缓解“大米荒”。按他的说法,在供应紧张背景下,“没必要让大米在仓库里沉睡”。他同时呼吁民众理性消费,不要过分囤货。
日本农林水产省的一名消息人士说,该国主要产区的水稻长势良好,随着新米近期上市,大米短缺状况有望获得一定程度缓解。(张旌)
图说:7月26日,在日本东京一家连锁超市,一名男子经过摆放大米的货架(手机照片)。新华社记者钟雅摄