Connect with us

Africa & Middle East

အမှောင်ထုထဲက အလင်းရောင်ခြည်___စစ်မက်မီးလျှံကြားက ကလေးငယ်တို့အား ပျော်ရွှင်မှုများ ဆောင်ကြဉ်းပေးနေသည့် ဂါဇာစေတနာ့ဝန်ထမ်းများ

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်ယွန်းနစ်မြို့တွင် ပါလက်စတိုင်း စေတနာ့ဝန်ထမ်းတစ်ဦး လူရွှင်တော်ပုံစံဖြင့် ကလေးငယ်များနှင့်အတူ ဆော့ကစားနေသည်ကို ၂၀၂၄ ခုနှစ် ဇွန် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)
ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအသစ်ဖြစ်ပွားမှုကြောင့် ဩဂုတ်လတွင် ဂါဇာကမ်းမြောင်ဒေသ၌ ပါလက်စတိုင်း သေဆုံးသူ ၄၀,၀၀၀ ကျော် ရှိပြီဖြစ်သည်။

လူပေါင်း ၁၀၀ မှ ၁,၀၀၀ အထိ၊ ထိုမှတစ်ဆင့် ၁၀,၀၀၀၊ ၂၀,၀၀၀၊ ၃၀,၀၀၀၊ ၄၀,၀၀၀ အထိ သေဆုံးသူဦးရေ အဆက်မပြတ် မြင့်တက်လာမှုက ကမ္ဘာအတွက်ကြေကွဲဝမ်းနည်းစရာ ဖြစ်စေခဲ့သည်။ ယခုအခါ ဂါဇာကမ်းမြောင်ဒေသတွင် လူ ၁၀ ဦးလျှင် ၉ ဦးက အိုးမဲ့အိမ်မဲ့ ဖြစ်နေကြောင်း ကုလသမဂ္ဂ၏ နောက်ဆုံးရ ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

အမြောက်ကျည်ဆန် မီးလျှံများအောက်တွင် ဂါဇာကမ်းမြောင်ဒေသက ကလေးငယ်များသည် အပြစ်ကင်းပြီး ထိလွယ်ရှလွယ် နုနယ်ကြသူများ ဖြစ်သည်။ ရိုးရှင်းပြီး ပျော်ရွှင်ဖွယ်ကောင်းသည့် ကလေးဘဝကို မူလက ပိုင်ဆိုင်ရမည့် လူမမယ်အရွယ်ကလေးငယ်များသည် ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ရပ်များကြောင့် မျက်ဝန်းများတွင် ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေရသည်။ ဤ စစ်မက်မီး လောင်မြိုက်နေသည့်ကာလတွင် ၎င်းတို့အတွက် စစ်ပွဲများကို ခေတ္တမေ့ပျောက်ထားပြီး တစ်ခဏတာ ပျော်ရွှင်မှုလေးကို ခံစားရရန်ဆိုသည်မှာ လက်တွေ့မဖြစ်နိုင်သည့် အိပ်မက်ပမာ ဆန္ဒသာ ဖြစ်လို့နေပေသည်။

လွန်ခဲ့သည့်နှစ် နိုဝင်ဘာလ၊ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအသစ် ဖြစ်ပွားပြီး မကြာမီတွင် Mohammed al-Amasi နှင့် သူငယ်ချင်းအချို့က ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်ယွန်းနစ်မြို့၌ “ပျော်ပျော်ရွှင်ရွှင် ပညာသင်” ပရဟိတစီမံကိန်းကို စတင်ခဲ့ပြီး အိုးအိမ်မဲ့လူထု စာသင်ကျောင်းမှ ကလေးငယ်များကို ပုံမှန်အားဖြင့် ပန်းချီ၊ တေးသီချင်းများ သင်ကြားပေးသလို ပုံပြင်ပြောပြ၍သော်လည်းကောင်း၊ လူရွှင်တော်အဖြစ် သရုပ်ဆောင်၍သော်လည်းကောင်း ပျော်ရွှင်ဖွယ်ရယ်မောသံများ ဆောင်ကြဉ်းပေးခဲ့ကြသည်။

“ကလေးတွေက အရင်က ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကနေတောင် နာလန်မထူနိုင်သေးဘူး၊ အမြောက်ကျည်ဆန်တွေက ထပ်ပြီး ပစ်ခတ်လာပြန်တယ်”၊ တချို့ ကံကောင်းထောက်မ၍ အသက်ရှင်ကျန်ခဲ့သည့် ကလေးငယ်များဆိုလျှင် သေဆုံးမှုအပေါ် ကြောက်ရွံ့ထိတ်လန့်သည့်စိတ်က အချိန်အလွန်အတန်ကြာသည်အထိပင် ရုန်းထွက်နိုင်ခြင်း မရှိကြကြောင်း၊ အချို့ကလေးငယ်များဆိုလျှင် တစ်ကိုယ်တည်းသီးခြားနေခြင်း၊ အချို့ဆိုလျှင် ကြမ်းတမ်းသည့်အမူအရာများဖြစ်သည်အထိပင် ရှိကြောင်း Al-Amasi က ဆိုသည်။

Al-Amasi နှင့် ၎င်း၏သူငယ်ချင်းများက ဤပရဟိတစီမံကိန်းကို အခက်အခဲများကြားမှ ဖြစ်မြောက်အောင် ဆောင်ရွက်မည်ဟု စိတ်ပိုင်းဖြတ်ထားကြသည်။ စေတနာ့ဝန်ထမ်းများ စုစည်းပြုလုပ်သည့် အစီအစဉ်တစ်ခု၌ အားကစားကွင်းတွင် ကလေးငယ်များ အထပ်ထပ် ပတ်လည်ဝန်းရံထားကာ စေတနာ့ဝန်ထမ်းက အလယ်မှာ သရုပ်ပြဖျော်ဖြေပြီး ကလေးငယ်များအား လက်ဖြင့် စည်းချက်ညီညီတီးတတ်စေရန် ပြိုင်ပွဲကို ဦးစီးနေသည့် မြင်ကွင်း၊ မိဘများက အပြင်တွင် စိတ်ကြည်နူးစွာ ကြည့်နေကြသည့် မြင်ကွင်း၊ ကလေးတာတိုအပြေးပြိုင်ပွဲ ပန်းတိုင်တွင် မိဘများ၏ ပျော်ရွှင်စွာ အော်ဟစ်နေသည့်အသံနှင့် လက်ခုပ်သံများကို မြင်ခဲ့ကြားခဲ့ရသည်။

အဆိုပါ စီမံကိန်းကို တည်ထောင်သူ နောက်တစ်ဦး ဖြစ်သည့် Heba Al-Rayes က ဤဂိမ်းလေးများ ဆော့ကစားရသည်မှာ ကလေးများအတွက်ဆိုလျှင် နားခိုရာဖြစ်စေသလို သူတို့ကို ဂရုစိုက်တဲ့သူရှိပါသေးသလား ဟူသည့် ခံစားချက် ဖြစ်စေကြောင်း၊ “ဂါဇာကမ်းမြောင်မှာ ရှိတဲ့ အရွယ်ရောက်ပြီးလူတိုင်းနီးပါးက စစ်ပွဲရဲ့ ခါးသီးမှုဒဏ်ကို ခါးစည်းခံခဲ့ရသူတွေပါ၊ ဒါကြောင့်လည်း လူကြီးတွေအနေနဲ့ ဒီနေ့ ကလေးတွေရဲ့ ခံစားချက်ကို နားလည်တယ်ဗျာ” ဟု Heba Al-Rayes က ပြောကြားခဲ့သည်။

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအသစ် ဖြစ်ပွားပြီး ၁၀ လကျော်ကြာကာလတွင် ဤကဲ့သို့သော စေတနာ့ဝန်ထမ်းများကို ဂါဇာကမ်းမြောင်ဒေသ၌ မကြာခဏဆိုသလို တွေ့မြင်ရတတ်သည်။ ထိုစေတနာ့ဝန်ထမ်းများတွင် အချို့က ကာတွန်းအရုပ်ဝတ်စုံများ ဝတ်ဆင်၍သော်လည်းကောင်း၊ အချို့က လူရွှင်တော် အဝတ်တန်ဆာဖြစ်သည့် အရောင်တောက်တောက် ဆံပင်အတုနှင့် နှာခေါင်းနီတပ်ဆင်၍သော်လည်းကောင်း ဝတ်စားဆင်ယင်၍ ကလေးငယ်များနှင့် ဝိုင်းကြီးပတ်ပတ်ကစားခြင်း၊ အပြေးပြိုင်ခြင်း၊ ဂိမ်းလေးများ ဆော့ကစားခြင်း သို့မဟုတ် မှုန်ကုတ်ကုတ်ဖြစ်နေသည့်ကလေးငယ်များကို ပျော်ရွှင်ရယ်မောအောင် ချော့မော့ခြင်းများ ပြုတတ်ကြရာ ထိုအချိန်တွင် စစ်ပွဲများက တဒင်္ဂ ရပ်တန့်သွားသည်ဟုပင် ထင်ရပေသည်။

အမှောင်ထုကို ကိုယ်တိုင် ဖြတ်သန်းဖူးခြင်းကြောင့် အခြားလူကို အလင်းရောင် ဆောင်ကြဉ်းပေး လိုသည်ဟု စေတနာ့ဝန်ထမ်းအများအပြားက ဆိုသည်။ ယခုနှစ် ဖေဖော်ဝါရီလက ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်း Deir al-Balah မြို့တွင် တွေ့ခဲ့ရသည့် အသက် ၂၀ အရွယ် Menna Hamouda သည် လွန်ခဲ့သည့် လေးလခန့်က မြောက်ပိုင်း Beit Lahia မြို့ နေအိမ်မှ နေရပ်စွန့်ခွာ ထွက်ပြေးလာရသူဖြစ်သည်။ ၎င်းက စစ်မီးလျှံထဲတွင် နေထိုင်ရသည့် ကလေးငယ်များကို မျက်နှာတွင် ရောင်စုံပန်းချီလေးများ ရေးချယ်ပေး၍ နှစ်သိမ့်မှုပေးမည်ဟု ဆုံးဖြတ်ထားရာ ကျေးငှက်၊ နေအိမ်၊ သံလွင်ခက်နှင့် ပါလက်စတိုင်းအလံများ အများဆုံးရေးဆွဲပေးခဲ့သည်။

အိုးအိမ်မဲ့ကလေးငယ်တစ်ဦးဖြစ်သည့် Mohammed Abu Daher က ၎င်း၏မျက်နှာတွင် သံလွင်ခက်နှင့် ပါလက်စတိုင်းအလံ ဆွဲထားသည်ကို အလွန်နှစ်သက်သည်ဟု ဆိုသည်။ “ကျွန်တော်ကတော့ စစ်ကြီး အမြန်ပြီးစေချင်တယ်၊ ဒါမှ ကျွန်တော်တို့ နေရပ်ကို ပြန်လို့ရမှာ၊ ပုံမှန်ဘဝကို ပြန်ရနိုင်မှာလေဗျာ၊ ကျွန်တော့် သူငယ်ချင်းတွေ၊ ကျွန်တော့် အရုပ်လေးတွေ၊ ကျွန်တော့် စာသင်ကျောင်းနဲ့ ကျွန်တော့်ဆွေမျိုးတွေကို သတိရတယ်” ဟု ၎င်းက ပြောသည်။

စစ်ပွဲက လူအများ၏ အမှတ်တရအားလုံးကို ဖျက်ဆီးလိုက်ခြင်း ဖြစ်ပေသည်။ ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း Jabalya ဒုက္ခသည်စခန်းရှိ ကလေးငယ်များ၏ အနေအထားကို ကုလသမဂ္ဂက ဇွန်လတွင် စစ်တမ်းကောက်ယူမှုတစ်ခု ပြုလုပ်ခဲ့ရာ ဂါဇာကလေးငယ်များ ခံစားနေရသည့် ဒုက္ခ၊ လုံခြုံဘေးကင်းသည့် သောက်သုံးရေ ဆိုးရွားစွာ လိုအပ်နေခြင်း၊ အရေပြားရောဂါ ဖြစ်ပွားနှုန်း မြင့်တက်နေခြင်း၊ စားနပ်ရိက္ခာအကူအညီ လိုအပ်ခြင်း၊ လတ်ဆတ်သည့် အသီးအရွက်နှင့် ပရိုတင်းအရင်းအမြစ် ဆိုးရွားစွာ လိုအပ်မှုကြောင့် ကျန်းမာရေးပြဿနာရှိခြင်း၊ ပညာသင်အရွယ်ကလေးငယ်များ မည်သည့် ပညာသင်ကြားမှုမျှ မရရှိခြင်းနှင့် ကလေးလုပ်သားအပါအဝင် ဆိုးရွားသည့် အန္တရာယ်များနှင့် ရင်ဆိုင်နေရခြင်း၊ မိသားစုဝင်များ ဆုံးရှုံးသွားမှုကြောင့် တစ်ဦးတည်း ကျန်ရစ်ခဲ့ရသည့် နုနယ်၊ ထိလွယ်ရှလွယ်လှသည့် ကလေးငယ်များ စသည်ဖြင့် ရှိသည်ကို တွေ့မြင်ရပေသည်။

စေတနာ့ဝန်ထမ်းလှုပ်ရှားမှုများက စစ်ပွဲ၏လက်ရှိအခြေအနေကို မပြောင်းလဲနိုင်သော်ငြားလည်း စစ်ပွဲ၏ အမှောင်ထုတွင် အလင်းရောင်ခြည်လေးအနည်းငယ်ကို ထွန်းလင်းပေးနေဆဲဖြစ်ရာ လူအများအတွက် မျှော်လင့်ချက်အလင်းရောင် ဖြစ်စေသည်။ ဤကဲ့သို့သော အလင်းရောင်ကို မည်သို့ ပို၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ကြဉ်းပေးနိုင်မည်နည်းဆိုသည်ကို ပရဟိတစေတနာ့ဝန်ထမ်းများက စဉ်းစားနေကြသည်။

မကြာသေးမီ ရက်များက Deir al-Balah ပြည်နယ်တွင် တွေ့ခဲ့ရသည့် အသက် ၁၉ နှစ် အရွယ် ပါလက်စတိုင်း ကျောင်းသူ Rahaf Nasser သည် ဂါဇာမြောက်ပိုင်း နေရပ်မှ စွန့်ခွာထွက်ပြေးလာရသူ ဖြစ်ပြီး ခက်ခဲကြမ်းတမ်းလှသည့် ခြေသလုံးအိမ်တိုင်ဘဝတွင် ရင်ထဲကခံစားချက်များကို တေးဂီတနှင့် ဖော်ပြတတ်လာသူ ဖြစ်သည်။
“အရင်တုန်းကတော့ ကျွန်မ အချစ်အကြောင်း၊ ပျော်ရွှင်ချမ်းမြေ့တဲ့အကြောင်းတွေ ဆိုတယ်။ အခုက စစ်ပွဲရဲ့ နင်းခြေမှုကို ခံလိုက်ရတဲ့ အမိမြေအတွက် သီချင်းဆိုတာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

Rahaf Nasser သည် ယခုအခါ အပျက်အစီးများနှင့် ယာယီရွက်ဖျင်တဲများကြားတွင် ဖြတ်သန်းကာ ဂစ်တာတီးခတ် ဖျော်ဖြေပွဲများ၌ ဇာတိမြေ၏တေးသီချင်းကို သီဆိုဖျော်ဖြေလေ့ရှိရာ ပရိသတ်နေရာတွင် ကလေးငယ်အများအပြား ရှိနေတတ်ပေသည်။ စင်အောက်က ပြုံးရယ်နေသည့် ပရိသတ်များက အတိတ်ကို ပြန်ပြောင်းအောက်မေ့နေကြသဖွယ်ပင် ဖြစ်သည်။
လူအမြောက်အမြား မြင်တွေ့စေရန်အတွက် Rahaf Nasser သည် ဂစ်တာတီး၊ သီချင်းဆိုသည့် ဗီဒီယိုကို လူမှုကွန်ရက်စာမျက်နှာတွင် တင်ထားခဲ့သည်။ “ဂါဇာကမ်းမြောင်ဒေသ အပြင်ဘက်မှာ နေတဲ့လူတွေက စစ်ပွဲနဲ့ လူသေဆုံးမှုတွေကို ကျွန်မတို့ အသားကျနေပြီလို့ ထင်ကောင်းထင်ကြမယ်။ ဒါပေမဲ့ ကျွန်မတို့က ဘဝကို ချစ်မြတ်နိုးဆဲ၊ ငြိမ်းချမ်းရေးကို မျှော်လင့်နေဆဲပါ။ ဒါကလည်း ကျွန်မအနေနဲ့ ဂီတကတစ်ဆင့် ကမ္ဘာကို သိစေချင်တဲ့ ဆန္ဒပါ” ဟု ၎င်းက ပြောသည်။ (Xinhua)


…………………..
(Chinese Version)
中东战地手记|暗夜微光——加沙志愿者战火中给孩子带去欢乐
8月,新一轮巴以冲突在加沙地带造成的巴勒斯坦死亡人数突破4万。
从100到1000,再到10000、20000、30000、40000,死亡人数不断攀升令世人揪心。联合国最新数据显示,如今加沙地带每10个人里有9个流离失所。
炮火之下,加沙地带的儿童尤其无辜且脆弱。本该拥有单纯快乐童年的孩子们却被迫面对悲惨现实,眼中常常充满着惊慌恐惧。哪怕只是让他们短暂忘记战事,享受片刻欢乐,在这战火纷飞的岁月里,都成了奢侈愿望。
去年11月,新一轮巴以冲突爆发不久,穆罕默德·阿马西和几位朋友在加沙地带南部城市汗尤尼斯发起了“寓教于乐”志愿项目,定期到收容流离失所民众的学校教孩子绘画唱歌,给他们讲故事,或者扮成小丑带来笑声。
“孩子们还没从前几次打击造成的精神创伤中恢复,新的炮火又袭来了。”阿马西说,有些幸存下来的孩子,时隔很久还陷在对死亡挥之不去的恐惧之中,一些儿童变得越来越孤僻,有些甚至出现暴力倾向。
阿马西和他的朋友们艰难而又坚定地运作起这个志愿项目。在一次志愿者组织的活动中,我看到,操场上孩子们围成几个大圈,志愿者在中间主持、表演并组织比赛,引导孩子们用双手打出节奏,家长在外围也看得津津有味。儿童短跑比赛后,在终点迎接孩子们的是父母的欢呼和掌声。
志愿项目另一位发起人赫芭·拉耶斯说,这些游戏让孩子们有归属感,知道有人还在乎他们。“几乎每个在加沙地带的成年人都体会过战争带来的痛苦,所以,作为大人他们能够理解今天孩子们的感受。”拉耶斯说。
在新一轮巴以冲突爆发后的这10个多月里,我在加沙地带不时会遇见类似的志愿者:他们有的穿上卡通玩偶服装,有的戴上颜色鲜艳的假发和标志性的红色小丑鼻子,领着孩子们转圈、赛跑、玩游戏,或者抱起闷闷不乐的孩子直到他破涕为笑。那一刻,战争仿佛停止了。
很多志愿者表示,正是因为他们经历过黑暗,才希望给别人带来光明。今年2月,我在加沙地带中部城市代尔拜拉赫遇到了20岁的门娜·哈穆达,大约4个月前她逃离了在北部城镇拜特拉希亚的家。她决定用脸部彩绘来宽慰战火中的孩子们,画得最多的是小鸟、房子、橄榄枝和巴勒斯坦国旗。
流离失所的儿童穆罕默德·阿布·达希尔表示,他很喜欢自己脸上画的橄榄树和国旗。“我希望战争尽快结束,这样我们就能回到家园,恢复正常生活。我想念我的朋友、我的木偶、我的学校和我的亲人。”他说。
战争摧毁了人们熟悉的一切。联合国6月对加沙地带北部杰巴利耶难民营儿童处境的一项调查,显示了加沙儿童正在遭受的苦难:安全饮用水严重短缺;皮肤病发病率正在上升;食品援助不足,新鲜蔬菜、水果和蛋白质来源严重缺乏导致健康问题;学龄儿童无法获得任何形式的教育,面临着包括童工在内的严重风险;失去家人的落单儿童尤其脆弱……
志愿活动或许无法改变战争现状,但在战争带给人们的“黑夜”里,志愿者们持续发出点点微光,让人们心怀希望。他们还在思考,如何让这些光照亮更多人。   日前,我在代尔拜拉赫见到了19岁的巴勒斯坦学生拉哈芙·纳赛尔。之前她被迫逃离位于加沙地带北部的家,在颠沛流离的生活中,她逐渐习惯了通过音乐表达心声。“以前我唱的是爱情和幸福,现在我为被战争蹂躏的祖国而唱。”她说。
纳赛尔如今经常穿梭在废墟和临时帐篷之间,到一些公开场合弹奏吉他,演唱本土歌曲,观众席里有很多孩子。台下观众有人露出微笑,还有人似乎在回忆往事。
为了让更多人看到,纳赛尔把弹唱视频发布到社交网络平台上。“很多生活在加沙地带以外的人以为我们已经习惯了战争和死亡,但其实我们依旧热爱生活,渴望和平。这是我想要通过音乐向世界表达的。”她说。(翻译整理:黄泽民)(完)
1. 在加沙地带南部城市汗尤尼斯,一名巴勒斯坦志愿者扮成小丑与当地孩子一起玩耍(6月7日摄)。新华社发(里泽克·阿卜杜勒贾瓦德摄)