Connect with us

Europe

နျူကလီးယားဓာတ်အားပေးစက်ရုံအနီးရှိ ဒုံးကျည်များကို ရုရှားက ဘေးကင်းစွာ ရှင်းလင်းခဲ့၊ ယူကရိန်း နေရာအများအပြားတွင် ယာယီ လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုများပြုလုပ်

ယူကရိန်းနိုင်ငံရှိ Zaporizhzhya NPP နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ၂၀၂၃ ခုနှစ် မတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို/ကိဗ်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

Kursk နျူကလီးယားဓာတ်အားပေးစက်ရုံအနီးတွင် မပေါက်ကွဲသေးသော ဒုံးလက်နက် အစုအဝေးကို တွေ့ရှိခဲ့ရာ ဘေးကင်းစွာ ရှင်းလင်းခဲ့ကြောင်း ရုရှားအမျိုးသားအစောင့်တပ်ဖွဲ့က သြဂုတ် ၂၈ ရက်တွင် ပြောကြားခဲ့သည်။ ထိုနေ့က ယူကရိန်းနိုင်ငံ နေရာအများအပြားတွင် ယာယီ လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုများ ပြုလုပ်ခဲ့သည်။
ရုရှားအမျိုးသားအစောင့်တပ်ဖွဲ့သည် ယူကရိန်းစစ်တပ်မှ ပစ်လွှတ်သော HIMARS ဒုံးလက်နက်တစ်စင်းကို Kursk နျူကလီးယားဓာတ်အားပေးစက်ရုံမှ ၅ ကီလိုမီတာအကွာတွင် တွေ့ရှိကာ ဘေးကင်းစွာ ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒုံးကျည်သည် အစုလိုက်အပြုံလိုက်ရှိနေသည့် ခဲယမ်းမီးကျောက်များဖြစ်ပြီး ယင်းတွင် မပေါက်ကွဲသေးသော ဗုံးသီး ၁၈၀ လုံးပါဝင်ကြောင်း ရုရှားအမျိုးသားအစောင့်တပ် တရားဝင်၀က်ဘ်ဆိုက်က ဩဂုတ် ၂၈ ရက်၌ ထုတ်ပြန်သည့်သတင်းအရ သိရသည်။
ရုရှားနိုင်ငံ အလယ်ပိုင်းနှင့် အနောက်ပိုင်းရှိ Kirov ပြည်နယ်ကို ယူကရိန်းက ဒရုန်းများဖြင့် ဩဂုတ် ၂၈ ရက်တွင် တိုက်ခိုက်ခဲ့သည်။ ထိုနေ့တွင် ၎င်းပြည်နယ် Kotelnich မြို့၌ ယူကရိန်းက ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ ဒရုန်းနှစ်စင်း ပစ်ချခံရပြီး အခြားဒရုန်းသုံးစင်းသည်လည်း စက်ရုံဧရိယာအတွင်းသို့ ပြုတ်ကျခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း Kirov ပြည်နယ် အုပ်ချုပ်ရေးမှူး Sokolov က လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။
ရုရှားစစ်တပ်သည် ယူကရိန်းနိုင်ငံ Sumy ပြည်နယ်ရှိ လေယာဉ်ရုံတစ်ခုကို ဖောက်ခွဲဖျက်ဆီးခဲ့ရာ ယင်းတွင် ယူကရိန်းစစ်တပ်၏ “HIMARS” ဒုံးပစ်လောင်ချာများ၊ ဒုံးလက်နက်များ စသည်တို့ပါရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ဩဂုတ် ၂၈ ရက်က ထုတ်ပြန်သော ဗီဒီယိုများအရ သိရသည်။ ယမန်နေ့ညက ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်သည် Voronezh နှင့် Rostov ပြည်နယ်များ၏ ဝေဟင်တွင် ယူကရိန်းဒရုန်းပေါင်း ၁၂ စင်းကို ပစ်ချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထိုနေ့အစောပိုင်း သတင်းထုတ်ပြန်ရာတွင် ပြောကြားခဲ့သေးသည်။ ယင်းပြည်နယ်ရှိ လောင်စာဆီ သိုလှောင်ရုံ မီးလောင်ရခြင်းမှာလည်း ဒရုန်းတိုက်ခိုက်မှုကြောင့် ဖြစ်သည်ဟု Rostov ပြည်နယ် အုပ်ချုပ်ရေးမှူး Vasily Golubev က အတည်ပြုခဲ့သည်။
ဩဂုတ် ၂၆ ရက်က ကြီးမားသောရုရှားလေကြောင်းတိုက်ခိုက်မှုများကြောင့် ယူကရိန်းနိုင်ငံရှိ ကိဗ်ပြည်နယ်၊ Odesa ပြည်နယ်၊ Dnipropetrovsk ပြည်နယ် စသည့် နေရာအမြောက်အမြားတွင် ဩဂုတ် ၂၈ ရက် နံနက် ၉ နာရီမှ ၁၁ နာရီအထိ ယာယီလျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုများ လုပ်ဆောင်ခဲ့ရကြောင်း ယူကရိန်းနိုင်ငံလျှပ်စစ်ဓာတ်အားပေးကုမ္ပဏီ၏ ဩဂုတ် ၂၈ ရက်တွင် ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။
ယူကရိန်းစစ်တပ်သည် ဩဂုတ် ၂၈ ရက်က ရုရှားနိုင်ငံ Rostov ပြည်နယ်ရှိ ရေနံသိုလှောင်ရုံကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းနိုင်ငံ Interfax သတင်းဌာန၊ “Ukrainska Pravda” စသည့်မီဒီယာများက ယူကရိန်းနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန အထွေထွေထောက်လှမ်းရေးဗျူရိုနှင့် ယူကရိန်းစစ်တပ် အထူးတပ်ဖွဲ့များမှ သတင်းရင်းမြစ်များပြောကြားချက်ကို ကိုးကား၍ ယင်းနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ယင်း ရေနံသိုလှောင်ရုံသည် ရုရှားစစ်တပ် စက်မှုဇုန်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ရုရှားစစ်တပ်အား ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းများအရ သိရသည်။
ယမန်နေ့တစ်ရက်တည်းတွင် ယူကရိန်းနှင့် ရုရှားနိုင်ငံတို့အကြား တိုက်ပွဲပေါင်း ၁၈၄ ကြိမ် ဖြစ်ပွားခဲ့ပြီး Pokrovsk တစ်ခုတည်းတွင် ပဋိပက္ခ ၅၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ယူကရိန်းတပ်မတော် စစ်ဦးစီးချုပ်ရုံး၏ ဩဂုတ် ၂၈ ရက် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။ ထို့အပြင် ရုရှားစစ်တပ်သည် Kupiansk နှင့် Toretsk မြို့မျက်နှာစာများတွင်လည်း လှုပ်ရှားမှုအများအပြားရှိကြောင်း သိရသည်။ (Xinhua)
………………….
(Chinese Version)
俄在核电站附近安全处置火箭弹 乌国内多地临时限电
新华社莫斯科/基辅8月28日电 俄罗斯国民近卫军28日说,在库尔斯克核电站附近发现并安全处置一枚未爆炸的集束火箭弹。乌克兰国内多地当天实行临时限电措施。
据俄国民近卫军官网28日发布的消息,俄国民近卫军在距离库尔斯克核电站5公里处发现并安全销毁了一枚乌军发射的“海马斯”火箭弹,该火箭弹为集束弹药,里面装有180枚未爆炸的子炸弹。
俄罗斯中西部基洛夫州28日遭到乌克兰无人机袭击。基洛夫州州长索科洛夫当天在社交媒体上说,该州科捷利尼奇市当天遭到乌克兰无人机袭击,2架无人机被击落,另有3架无人机落入当地一工厂区域并引发火灾。
俄罗斯国防部28日发布的视频显示,俄军在乌克兰苏梅州炸毁一座机库,里面有乌军的“海马斯”多管火箭炮、火箭弹等。俄国防部当天早些时候还通报说,过去一夜,俄防空系统在沃罗涅日州和罗斯托夫州上空共击落12架乌克兰无人机。罗斯托夫州州长戈卢别夫证实,该州一处燃料库因无人机袭击起火。
乌克兰国家电力公司28日发布通报,由于26日遭到俄罗斯大规模空袭,乌克兰基辅州、敖德萨州、第聂伯罗彼得罗夫斯克州等多地28日上午9时至11时实行临时限电措施。
乌克兰国际文传电讯社、《乌克兰真理报》等媒体28日援引乌国防部情报总局和乌军特种部队消息人士的话报道说,乌军当天对俄罗斯罗斯托夫州的一个油库进行了无人机袭击。报道说,该油库是俄军工综合体的一部分,为俄军提供支援。
乌武装力量总参谋部28日发布通报说,过去一天,乌俄双方共发生184起战斗,仅波克罗夫斯克方向就发生了55次冲突。此外,俄军在库皮扬斯克、托列茨克方向也很活跃。(完)
图说:这是2023年3月29日拍摄的扎波罗热核电站。新华社发(维克托摄)