Connect with us

China

ပဲရစ်မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ – ခေါင်းတစ်ချက်တည်းနှင့် ကမ္ဘာ့စံချိန်တင်ခဲ့

ပဲရစ်မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား၌ တရုတ်အသင်း အားကစားသမားများဖြစ်သော ဝမ်လီချောင်း၊ လုတုန်း၊ ဟဲစိန့်ကောင်း၊ ကောကျင်းချိန်၊ ကျန်ယွိရန့်၊ ယွမ်ဝေကျဲ၊ ဖုန်ချိုးဖျင် (ဝဲမှယာ) တို့ကို ဩဂုတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ)
ပဲရစ်မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ အမျိုးသား/အမျိုးသမီးလေးဦး မီတာ ၅၀ အလွတ်ကူးလက်ဆင့်ကမ်း ပွိုင့် ၂၀ ဗိုလ်လုပွဲကို ပဲရစ်မြို့ La Défense Arena အားကစားရုံတွင် ဩဂုတ် ၃၀ ရက် ညပိုင်းက ကျင်းပခဲ့သည်။ တရုတ်အသင်း နောက်ဆုံးလက်ဆင့်ကမ်းလက်ရွေးစင်သည် ပရိသတ်အများအပြား၏ အာရုံကိုဆွဲဆောင်နိုင်ခဲ့သည်။ ၎င်းမှာ ရေကူးဦးထုပ်မဆောင်း၊ ကတုံးပြောင်ပြောင်နှင့်ဖြစ်ပြီး နောက်ဆုံးပန်းတိုင်ရောက်ချိန်မှာ ခေါင်းဖြင့် ရေကူးကန်နံရံကို အားနှင့် ဆောင့်လိုက်ကာ တရုတ်အသင်းအတွက် ရွှေတံဆိပ်ကို ဆွတ်ခူးခဲ့ခြင်း ဖြစ်ရာ အဆင့် ၂ နေရာတွင်ရှိသော အမေရိကန်အသင်းထက် ၄.၀၁ စက္ကန့် စောကာ ၂ မိနစ် ၁၄ စက္ကန့် ၉၈ ဖြင့် ကမ္ဘာ့စံချိန် ချိုးခဲ့သည်။
လက်နှစ်ဖက်မရှိ၍ ၎င်းအနေဖြင့် ရေထဲဆင်းခြင်းမှာ လျင်မြန်သည်ဟု မဆိုသာသော်လည်း ရေကူးကန်ထဲသို့ ရောက်သည်နှင့် ၎င်း၏ အရှိန်ပြင်းပြင်းနှင့် ကူးခက်နေသည့်ခြေထောက်များက “တာဗိုဖိအားမြင့်မော်တာစက်လေး” ကဲ့သို့ ၎င်းကို နောက်ဆုံးပန်းတိုင်ထိအောင် တွန်းပို့နိုင်ခဲ့ပေသည်။ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲအားကစားဝန်းတွင် လွှင့်ထူလိုက်သည့် ကြယ်ငါးပွင့်အနီရောင်အလံကို အသင်းဖော် ဖုန်ချိုးဖျင်၊ ယွမ်ဝေကျဲ၊ ကျန်ယွိရန့် တို့နှင့် အတူ သက်သေပြုခဲ့ကြကြောင်း သိရသည်။
၎င်းသည် ဟန်ကျိုးအာရှမသန်စွမ်းအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၃ ခုနှင့် ငွေတံဆိပ် ၃ ခု ရရှိခဲ့ပြီး အင်တာနက်ပေါ်တွင် “လက်မပါသော ငါးပျံ” ကောကျင်းချိန် ဟူ၍ ပေါ်ပြူလာဖြစ်လာသူ ဖြစ်သည်။
ယင်းပြိုင်ပွဲမှာ အသက် ၂၃ နှစ်အရွယ် ကောကျင်းချိန်အတွက် မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ စင်မြင့်ထက်သို့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့ခြင်းဖြစ်သည်။ မိမိ၏ စွမ်းဆောင်ရည်ကို စမ်းသပ်ရန်အတွက် ပြိုင်ပွဲ ၈ ခုကို တစ်ပြိုင်နက်တည်း လျှောက်ထားခဲ့သည်။ လက်ဆင့်ကမ်း ဖိုင်နယ်ပွဲ မတိုင်မီ အဆိုပါနေ့တွင် ၎င်းသည် ပြိုင်ပွဲ ၅ ခု ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသား မီတာ ၁၀၀ အလွတ်ကူး S5 အဆင့် ဖိုင်နယ်ပွဲတွင် ငွေတံဆိပ် ရရှိခဲ့ပြီး အာရှ စံချိန်ကို ချိုးနိုင်ခဲ့သည်။
“ကျွန်တော် အရမ်းပင်ပန်းပေမဲ့ အသင်းဖော်တွေက နောက်ဆုံးလက်ဆင့်ကမ်းသယ်ဆောင်သူအဖြစ် ကျွန်တော့်ကိုတာဝန်ပေးထားတဲ့အတွက် သူတို့ရဲ့ ယုံကြည်မှုကို ကျွန်တော် အလွဲသုံးစား မလုပ်ချင်ဘူး၊ ကျွန်တော် အကောင်းဆုံး ကြိုးစားသွားကြည့်ချင်သေးတယ်” ဟု ကောကျင်းချိန် က ပွဲအပြီးတွင် ပေါ့ပေါ့ပါးပါး ပြုံးရယ်ကာ ဖြေကြားခဲ့သည်။
မွေးရပ်မြေ ဟဲပေပြည်နယ် ချန်းခရိုင် တုန်းကွမ်းကျွမ်းရွာတွင် လယ်ယာအလုပ်ဖြင့်အလုပ်များပြားသော ၎င်း၏မိဘများသည် ပြိုင်ပွဲကို ညနက်အထိ စောင့်ကြည့်ခဲ့ကြသည်။ “ကျွန်တော်တို့ မသန်စွမ်းသူငယ်ချင်းတွေကိုယ်စား နိုင်ငံ့ဂုဏ်ဆောင်ချင်တယ်၊ မိဘနဲ့ ချစ်ရတဲ့သူတွေကိုလည်း ပျော်ရွှင်စေချင်ပါတယ်၊ ဒါကြောင့် အကောင်းဆုံးကြိုးစားပြီး ရွှေတံဆိပ်ဆုများများဆွတ်ခူးနိုင်အောင် ကြိုးစားသွားမယ်” ဟု ကောကျင်းချိန် က ပြောကြားခဲ့သည်။
အသက်(၆)နှစ်အရွယ်တွင် ဗို့အားမြင့်လျှပ်စစ်ဓာတ်လိုက်မှုကြောင့် ၎င်းသည် လက်နှစ်ဖက်စလုံး ဆုံးရှုံးခဲ့ရသည်။ ဖခင်၏ လမ်းညွှန်မှုနှင့် အဖော်ပြုမှုအောက်တွင် ၎င်းသည် ခြေထောက်ဖြင့် စာရေးခြင်း၊ ထမင်းစားခြင်းစသည့် နေ့စဉ်အလုပ်များကို စတင် လေ့ကျင့်ခဲ့သည်။ အသက် ၈ နှစ်အရွယ်တွင် ၎င်းအား ထွက်လမ်းတစ်ခုရှာပေးရန် ၎င်း၏ဖခင်သည် မသန်စွမ်းအားကစားသမားရွေးချယ်ပွဲသို့ ခေါ်ဆောင်သွားခဲ့သည်။ ခန္ဓာကိုယ်ခပ်ပိန်ပိန်နှင့် ၎င်းသည် အင်္ကျီအစင်း ၀တ်ဆင်ထားပြီး အသင်းတွင် ပါဝင်ရန် အသက်မပြည့်သေးသော်လည်း ၎င်း၏ ကြံ့ခိုင်မှု၊ ဇွဲရှိမှု၊ အရှုံးမပေးလိုမှု အကြည့်များက နည်းပြ လျှိုကျိန့်ကြိုင်ကို ဆွဲဆောင်သောကြောင့် ၎င်းကို အရန်အားကစားသမားအဖြစ် စာရင်းသွင်းပေးခဲ့ရာ လေးနှစ်ကြာပြီးနောက် အသင်းတွင် တရားဝင်ပါဝင်ခဲ့သည်။
လက်နှစ်ဖက်အကူအညီမပါဘဲ အစပိုင်းတွင် ၎င်းသည် ရေပေါ်ဘုတ်ကို မေးစေ့ဖြင့်ဖိထားပြီး လေ့ကျင့်နိုင်ခဲ့ခြင်းကြောင့် မကြာမီမှာပင် ၎င်း၏ မေးစေ့သည် ပွတ်တိုက်မိပါများ၍ သွေးများထွက်လာခဲ့သည်။ ရေထဲတွင် ခန္ဓာကိုယ်ဟန်ချက်ညီနေစေရန်အတွက် ဗဟိုချက်ခွန်အားကို တိုးမြှင့်ကာ လေ့ကျင့်မှုလုပ်ရမည်ဖြစ်သည်။ တစ်ညလျှင် အိပ်ထမတင်လေ့ကျင့်ခန်း အကြိမ် ၂,၀၀၀ ကျော်ကို ၎င်း၏ ဝမ်းဗိုက်ကြွက်သား ကြွက်တက်သည်အထိ လုပ်ခဲ့သည်။ နေ့စဉ်လေ့ကျင့်မှုများတွင် ၎င်းသည် နေ့စဉ် အများဆုံး မီတာ ၁၀,၀၀၀ ကျော်ထိ ရေးကူးခဲ့သည်။
ထိုကဲ့သို့ ပြင်းထန်သောလေ့ကျင့်မှုအပြင် ၎င်းသည် မိမိကိုယ်ကိုယ် အဆက်မပြတ် “ဆတိုး” လေ့ကျင့်ခဲ့ပါသေးသည်။ ရေကူးဦးထုပ် အံ့ဝင်ခွင်ကျမဖြစ်၍ ၎င်းအခြေအနေအပေါ် သက်ရောက်မှုရှိမည်ကို စိုးရိမ်ပြီး ရေတွန်းကန်အားကို လျှော့ချရန်အတွက် တစ်ခါတည်း ရေကူးဦးထုပ်မ၀တ်တော့ဘဲ ပြိုင်ပွဲမစမီ ကတုံးရိတ်လိုက်ခြင်း ဖြစ်သည်။ ရေကူးကန်နံရံကို အစွမ်းကုန်ဆောင့်တိုက်မိလိုက်တိုင်း ဦးခေါင်းမှာ အနည်းနှင့်အများ နာကျင်ရသလို တိုက်မိ၍ ခေါင်းတွင်လည်း ဖူးယောင်မှုများပင်ရှိပေသည်။ သို့သော် ၎င်းသည် ယင်းနှင့်ပတ်သက်၍ ကျင့်သားရပြီဖြစ်ကြောင်း၊ အသက်ရှူမည့် အကြိမ်ရေကို လျှော့ချပြီး အချိန်တိုတိုဖြင့် ပန်းတိုင်ဝင်နိုင်စေရန်အတွက် ညတိုင်း မျက်နှာသစ်ဇလုံတွင် အသက်အောင့်ခြင်းကို လေ့ကျင့်ခဲ့ကြောင်း သိရသည်။
၎င်း၏ မဖြစ်နိုင်ဟူသော အရာများကို အဆက်မပြတ် ကျော်လွှားကာ ပိုမိုများပြားသော ရေကူးပုံစံများအား စမ်းသပ်လေ့ကျင့်ခဲ့သည်။ ပက်လက်ကူးပြိုင်ပွဲတွင် နည်းပြမှ မျက်နှာသုတ်ပုဝါတစ်ဖက်ကို ကိုင်ထားရန် လိုအပ်ပြီး ၎င်းက ကျန်တစ်ဖက်ကို သွားနှင့်ကိုက်ကာ တစ်ကိုယ်လုံးအလေးချိန်ကို ထိုသွားများပေါ်တွင် ဖိထားပြီး ဤပြင်ပအားကို အသုံးပြုပြီး ရေထဲသို့ဆင်းခဲ့ရသည်။ မရေမတွက်နိုင်သော လေ့ကျင့်မှုများသည် ၎င်း၏ ပါးစောင်ကြွက်သားများကို ပုံမှန်ထက်ပို၍ ထင်ရှားစေပြီး ၎င်း၏သွားများသည်လည်း စ၍လျော့ရဲလာ စေခဲ့သည်။
ကိုယ်ခန္ဓာပြည့်စုံကျန်းမာသောသူသည် လက်နှစ်ဖက်ဖြင့် လုပ်သောကိစ္စများကို ၎င်းသည် ခြေထောက်နှစ်ဖက်ဖြင့် အရာအားလုံးနီးပါးကို လုပ်နိုင်သည်။ ပိုအရေးကြီးသည်မှာ ရေကူးခြင်းက ၎င်းကို ယုံကြည်မှု၊ သန်မာမှုရှိစေသလို ချစ်ခြင်းမေတ္တာကိုလည်း ရရှိစေခဲ့သည်။ ယခု ၎င်းသည် အတိတ်အကြောင်းများကို ပြန်ပြောင်းပြောပြသောအခါတွင် ၎င်း၏ဘဝသည် “အလွန်ချောမွေ့ခဲ့သည်” ဟုပင် ခံစားမိကြောင်း ပြောပြခဲ့သည်။
“ကျွန်တော် မူလတန်းကျောင်းတက်တုန်းက ကျွန်တော့်ရဲ့ အတန်းဖော်တွေက ကျွန်တော့်အပေါ် အရမ်းကောင်းကြတယ်၊ ကျွန်တော့်ရဲ့ ငယ်ဘဝက အရမ်းကောင်းပါသေးတယ်” ဟု ၎င်းက ပြုံးရယ်ကာ ပြောဆိုခဲ့သလို “ဒီလမ်းကို ရွေးချယ်ခဲ့တဲ့အတွက် ဆက်ပြီးလျှောက်ရဦးမယ်။ နောက်ထပ်ပြိုင်ပွဲတွေမှာ အကောင်းဆုံးစွမ်းဆောင်ရည် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက လေးလေးနက်နက် ပြောကြားခဲ့သည်။ (Xinhua)


………………………………..
(Chinese Version)
巴黎残奥会 | 这一头,撞出世界纪录!
新华社巴黎8月30日电30日晚的巴黎拉德芳斯体育馆,巴黎残奥会男女混合4X50米自由泳接力20分决赛上演。诸多目光被中国队最后一棒选手吸引——他不戴泳帽、剃了光头,抵达终点时用头奋力撞向池壁,为中国队锁定金牌,并以2分14秒98打破世界纪录,领先排名第二的美国队4.01秒。
没有双臂,他入水不算快,但一进入泳池,他高速拍打的双腿就如同“涡轮增压小马达”,推着他一口气撞上终点,与队友彭秋萍、袁伟译、蒋裕燕一同见证五星红旗在残奥赛场升起。
他就是杭州亚残运会时拿下3金3银、走红网络的“无臂飞鱼”郭金城。
这是23岁的郭金城首次登上残奥会舞台。为了测试自己的实力,他一口气报了8个项目。在接力决赛前,他当天已参加了5场比赛,并在男子100米自由泳S5级决赛中拿下银牌、打破亚洲纪录。
“虽然很累,但是队友把最后一棒交给了我,我不想辜负他们的信任,还是想尽力发挥一下。”赛后接受采访时,郭金城笑得云淡风轻。
在老家河北沧县东官庄村,忙于农事的父母熬夜等着看他的比赛。“我想代表我们的残疾人朋友为国争光,也想让父母、爱人高兴一下,所以就想尽力发挥,争取多拿几块金牌吧。”郭金城说。
6岁那年,他因高压电触电事故失去双臂。在父亲的引导和陪伴下,他开始练习用双脚完成写字、吃饭等日常事务。8岁那年,为了给他谋出路,父亲带他参加残疾人运动员选拔。瘦小的他穿着条纹上衣,两只衣袖空空荡荡,并未达到入队年龄,但他坚毅、不服输的目光吸引了教练刘振斋,因而被列为备选队员,并在4年后正式入队。
没有双手辅助,他最初只能用下巴抵住漂流板练习,不久下巴就磨出了血;为了在水中保持身体平衡,他必须加大核心力量训练,一个晚上做过2000多个仰卧起坐,直到“腹肌都抽搐了”;日常训练中,他每天最多要游一万多米……
在高强度训练外,他还不断给自己“加码”。担心泳帽松动影响状态,他索性不戴泳帽,赛前剃光头以减小阻力;每次毫无保留地撞向池壁时,头部多少都会疼痛,也撞出过包,但他对此已习以为常;为降低换气频率、缩短完赛时间,他每晚在面盆里练习憋气……
不断突破极限,他尝试更多泳姿。仰泳比赛中,他需要教练拿着毛巾的一头,而他则用牙齿咬住另一头,将全身重量压到几颗牙齿上,借助这一外力入水。无数次练习,让他的咬肌比常人突出,也让他的牙齿开始松动。
健全人靠双手完成的事,他几乎都能靠双脚完成。更重要的是,游泳让他变得自信强大,还收获了爱情。如今的他谈起过往,甚至觉得自己的人生“已经很顺利了”。
“上小学的时候,同学对我很好,我的童年还是很棒的。”他笑了笑,又正色说,“毕竟走上这条道路,还是要(继续)走下去的。希望接下来能发挥出最好的成绩吧。”(完)
图说:8月30日,中国队运动员王李超、卢冬、何聖羔、郭金城、蒋裕燕、袁伟译、彭秋萍(从左至右)在颁奖仪式上。