Connect with us

Europe

ပြည်ပကူညီထောက်ပံ့ပေးသည့် F-16 တိုက်လေယာဉ်များ တိုက်ပွဲတွင် ပါဝင်လာပြီ ဖြစ်သည်ဟု ဇယ်လန်းစကီးက ပြောကြား

အိန္ဒိယနိုင်ငံ ဘန်ဂလိုမြို့ Yelahanka လေတပ်အခြေစိုက်စခန်း၊ အိန္ဒိယလေကြောင်းပြပွဲတွင် အမေရိကန်စစ်တပ် F-16 တိုက်လေယာဉ် သရုပ်ပြနေသည်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)
အခြားနိုင်ငံများမှ ကူညီထောက်ပံ့ပေးသည့် F-16 တိုက်လေယာဉ်များ ယူကရိန်းသို့ ရောက်ရှိလာပြီဖြစ်ပြီး အသုံးချနေပြီဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ဩဂုတ် ၄ ရက် လူမှုမီဒီယာတွင် အတည်ပြုရေးသားခဲ့သည်။

ယူကရိန်းလေယာဉ်မှူးများက F-16 တိုက်လေယာဉ်ကို အသုံးပြုပြီး တိုက်ပွဲဆင်နွှဲနေပြီဖြစ်ကြောင်း ဇယ်လန်းစကီးက ဆိုသည်။ သို့သော် ယူကရိန်းဘက်က လက်ခံရရှိသည့်ယင်းတိုက်လေယာဉ် အရေအတွက်ကိုမူ ၎င်းက ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ ဇယ်လန်းစကီးက ဒိန်းမတ်၊ နယ်သာလန်၊ အမေရိကန် စသည့်နိုင်ငံများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ၎င်းက လက်ရှိ ယူကရိန်းအနေဖြင့် အခြားနိုင်ငံများမှ လက်ခံရရှိသော F-16 တိုက်လေယာဉ် အရေအတွက်နှင့် ပြည်ပ၌ လေ့ကျင့်မှုခံယူခဲ့သည် ယူကရိန်းလေယာဉ်မှူး အရေအတွက်မှာ လိုအပ်နေဆဲဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။

ထိုမတိုင်မီ ဇယ်လန်းစကီးက ယူကရိန်းလေတပ် လေယာဉ်မှူးများ၏ ပြည်ပလေ့ကျင့်မှုအချိန်ကို လျှော့ချရန်၊ လေ့ကျင့်ရေးစခန်းများ တိုးချဲ့ရန်နှင့် ယူကရိန်းကို ကူညီပံ့ပိုးသည့် F-16 တိုက်လေယာဉ်အရေအတွက် တိုးမြှင့်ပေးရန် အနောက်နိုင်ငံများကို တိုက်တွန်းခဲ့သည်။
NATO နိုင်ငံများက ကူညီထောက်ပံ့ပေးသည့် ပထမအသုတ် F-16 တိုက်လေယာဉ် ၁၀ စီး သည် ဇူလိုင်လကုန်တွင် ယူကရိန်းသို့ လွှဲပြောင်းပေးအပ်ပြီး ဖြစ်ကြောင်း၊ ယူကရိန်းအနေဖြင့် ယခုနှစ် နှစ်ကုန်မတိုင်မီ F-16 တိုက်လေယာဉ် ၁၀ စီး ထပ်မံရရှိရန် မျှော်လင့်ထားကြောင်း Interfax-Ukraine က ထိုမတိုင်မီ ပြည်ပမီဒီယာများ၏ သတင်းကို ကိုးကား၍ ဖော်ပြထားသည်။

NATO အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဒိန်းမတ်နှင့် နယ်သာလန်တို့သည် နိုင်ငံပေါင်း ၁၁ နိုင်ငံပါဝင်သည့် မဟာမိတ်အဖွဲ့ကို အတူဦးဆောင်လျက်ရှိရာ ယင်းမဟာမိတ်အဖွဲ့သည် ယူကရိန်းအတွက် F-16 တိုက်လေယာဉ်၏ သက်ဆိုင်ရာလေ့ကျင့်ရေးများ တာဝန်ယူဆောင်ရွက်ခြင်း ဖြစ်သည်။

အကယ်၍ ယူကရိန်းနယ်နိမိတ်အတွင်း နျူကလီးယားလက်နက်ချိတ်ဆွဲတပ်ဆင်၍ရသည့် F-16 တိုက်လေယာဉ်များ ရှိလာပါက ၎င်းကို အနောက်နိုင်ငံများမှလာသော နျူကလီးယားခြိမ်းခြောက်မှုအဖြစ် ရုရှားအနေဖြင့် ရှုမြင်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ထိုမတိုင်မီ သတိပေးပြောကြားခဲ့သည်။ (Xinhua)
………………………….
(Chinese Version)
泽连斯基称外国援助的F-16战机已参战
新华社基辅8月4日电(记者李东旭)乌克兰总统泽连斯基4日在社交媒体发文证实,由其他国家援助的F-16战机已运抵乌克兰并投入使用。
泽连斯基称,乌克兰飞行员已开始使用F-16战机参战。但他未透露乌方已接收该型战机的数量。泽连斯基向丹麦、荷兰、美国等国表示感谢。他同时强调,目前乌克兰从其他国家接收的F-16战机数量和在海外受训的乌飞行员数量仍然不足。
泽连斯基此前曾呼吁西方国家压缩乌克兰空军飞行员在海外受训的时间、扩大训练基地并增加援乌F-16战机数量。
乌克兰国际文传电讯社此前援引外媒消息称,北约国家援助的首批10架F-16战机已在7月底交付乌克兰,乌方有望在年底前再获得10架F-16战机。
北约成员国丹麦与荷兰共同主导一个由11个国家组成的联盟,该联盟负责为乌克兰提供F-16战机的相关培训。
俄罗斯外长拉夫罗夫此前警告称,如果乌克兰境内出现可挂载核武器的F-16战机,将被俄方视为来自西方的核威胁。
2023年2月14日,在印度班加罗尔耶拉汉卡空军基地,美国空军F-16战机参加印度航空展表演。新华社发