Connect with us

China

အခက်ခဲဆုံးပြိုင်ပွဲတွင် အတောက်ပဆုံးကြယ်ပွင့်ကို ဆွတ်ခူး – လေးမျိုးကူး လက်ဆင့်ကမ်း ပြိုင်ပွဲတွင် တရုတ်အမျိုးသားအသင်းက အမေရိကန်အသင်းချည်းသာ အနိုင်ရနေသည့်စံချိန်းကို ချိုးနိုင်ခဲ့

ပထမဆုရှင် တရုတ်အသင်းလက်ရွေးစင် ရွှီကျားယွီ၊ ချင်ဟိုင်ရန်၊ စွန်းကျားကျွင့်၊ ဖန်းကျန်လဲ့ (ယာမှ ဝဲ) တို့အား ပဲရစ်အိုလံပစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားတွင် သြဂုတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

ပဲရစ်အိုလံပစ် ရေကူးပြိုင်ပွဲ နောက်ဆုံးနေ့တွင် တရုတ်အသင်းသည် ကြီးမားသောအရွေ့တစ်ခု ပြခဲ့သည်။
အမျိုးသား ၄ x ၁၀၀ မီတာ လေးမျိုးကူး လက်ဆင့်ကမ်း ဖိုင်နယ်ပွဲတွင် တရုတ်အသင်းက နှစ် ၄၀ ကြာ တစ်ဦးတည်းဆုသိမ်းပိုက်ထားနိုင်ခဲ့သော အမေရိကန်အသင်းနှင့် အိမ်ကွင်းအသာစီးရထားသည့် အိမ်ရှင် ပြင်သစ်အသင်းကို ကျော်လွန်၍ အချိန် ၃ မိနစ် ၂၇ စက္ကန့် ၄၆ စံချိန်ဖြင့် ပထမဆု ရရှိခဲ့သည်။
ဤပြိုင်ပွဲသည် အားပေးမှုအသံများ စည်ကားသိုက်မြိုင်ခဲ့သည့် ယှဉ်ပြိုင်ပွဲတစ်ခုဖြစ်ပြီး မကြာသေးမီရက်များအတွင်း တရုတ်ရေကူးအသင်း၏ စိတ်အားအတက်ကြွဆုံး ပြိုင်ပွဲလည်း ဖြစ်သည်။ ယင်းမှာ ဤပြိုင်ပွဲမျိုးတွင် တရုတ်ရေကူးအသင်းက ပထမဆုံး ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

၁၉၈၄ ခုနှစ် လော့စ်အိန်ဂျလိစ် အိုလံပစ်ပြိုင်ပွဲမှစတင်၍ တရုတ်ရေကူးသမားများသည် ဤပြိုင်ပွဲတွင် ဆုတံဆိပ်တစ်ခုမျှ မရရှိခဲ့ပေ။ တိုကျိုအိုလံပစ်၌ တရုတ်အသင်းက အဆင့် ၈ နေရာတွင် ရပ်တည်ခဲ့သည်မှာ သမိုင်းတစ်လျှောက် အကောင်းဆုံးရလဒ်ကို ဖန်တီးခဲ့ခြင်းဖြစ်သည်။
အမှန်တကယ်မှာ တရုတ်အသင်းက ဖိုင်နယ်တွင် နောက်ဆုံးမဟုတ်လျှင်ပင် သမိုင်းဝင်အောင်မြင်မှုတစ်ခုကို ရရှိပြီဖြစ်သည်။ သို့သော် တရုတ်အသင်းသည် ကြီးမားသောခြေလှမ်း၊ အထက်သို့ တက်လှမ်းနိုင်သည့် ခွန်အားရှိပြီး ကမ္ဘာ့ထိပ်တန်းပြိုင်ဘက်များကို စိန်ခေါ်ရန် အရည်အချင်းရှိပေသည်။

တရုတ်အသင်း၏ လျင်မြန်သောတိုးတက်မှုသည် ၂၀၂၃ ခုနှစ်တွင် အရိပ်အယောင်များ ပြသခဲ့ပြီးဖြစ်သည်။ Fukuoka World Championships တွင် တရုတ်အသင်းသည် အမျိုးသား ၄ x ၁၀၀ မီတာ လေးမျိုးကူး လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ငွေတံဆိပ်တစ်ခု ရရှိခဲ့ပြီး ကမ္ဘာကို အံ့အားသင့်စေခဲ့သည်။
အမျိုးသား လေးမျိုးကူး လက်ဆင့်ကမ်းပြိုင်ပွဲသည် သမိုင်းတစ်လျှောက် အမေရိကန်အသင်း၏ “ရိုးရာနယ်မြေ” ဖြစ်သည်။ ၁၉၆၀ ပြည့် အိုလံပစ်ပြိုင်ပွဲတွင် ယင်းပြိုင်ပွဲ ထည့်သွင်းကျင်းပခဲ့သည့်အချိန်မှစ၍ ၁၉၈၀ ပြည့် အိုလံပစ်ပြိုင်ပွဲ မတက်ရောက်ခဲ့သည့်နှစ်မှလွဲ၍ အမေရိကန်အသင်းသည် ပထမဆုအားလုံးကို ဆွတ်ခူးခဲ့ပြီး စုစုပေါင်းရွှေတံဆိပ် ၁၅ ခု ရရှိခဲ့သည်။
၁၉၈၄ မှ ၂၀၂၁ ခုနှစ်အထိ အမေရိကန်အသင်းသည် အမှားအယွင်းတစ်စုံတစ်ရာမရှိဘဲ အိုလံပစ်ပြိုင်ပွဲ ၁၀ ကြိမ် ဆက်တိုက်တွင် ယင်းပြိုင်ပွဲတွင် ပထမဆု အနိုင်ရရှိခဲ့သည်။ အိုလံပစ်ပြိုင်ပွဲသမိုင်းတွင် အမေရိကန်အသင်း၏ အမျိုးသား လေးမျိုးကူး လက်ဆင့်ကမ်းပြိုင်ပွဲအပြင် တူညီသောကိုယ်စားလှယ်အဖွဲ့မှ ရွှေတံဆိပ် ၁၀ ကြိမ် ဆက်တိုက်ရရှိခဲ့သည့်ပြိုင်ပွဲ နှစ်မျိုးသာရှိသေးသည်။ တစ်ခုမှာ အမေရိကန်အသင်း၏ အမျိုးသား ဝါးလုံးထောက်ခုန်ပြိုင်ပွဲ နှင့် အခြားတစ်ခုမှာ ရေငုပ် ၃ မီတာ စပရိန်ဘုတ်ဒိုင်ဗင်ထိုးပြိုင်ပွဲ ဖြစ်သည်။ ၎င်းမှတစ်ဆင့် အမေရိကန်ရေကူးအသင်း၏ လွှမ်းမိုးမှုမှာ မည်မျှပင် “ခိုင်ခံ့” ကြောင်း သိမြင်နိုင်သည်။
သို့သော် ထိုကဲ့သို့ “ခိုင်မာ၍ မပျက်စီးနိုင်” ဟုထင်ရသော နံရံကြီးသည် တရုတ်လူငယ်တစ်စု၏ ပြင်းပြင်းထန်ထန် ရဲ့ရဲ့ဝံ့ဝံ့ရင်ဆိုင်မှုကြောင့် ရုတ်တရက်ပြိုကျသွားသည်။ ၎င်းတို့မှာ ရွှီကျားယွီ၊ ကျာဟိုင်ရန်၊ စွန်းကျားကျွန့်၊ ဖန်းကျန်လဲ့၊ ဝမ်းချန်ဟောက် တို့ပဲဖြစ်ပါသည်။
ကမ္ဘာ့ရေကူးပြိုင်ပွဲအခင်းအကျင်းများ ပြောင်းလဲလာကာ အသင်းအသီးသီး၏ စွမ်းဆောင်ရည်သည် အတက်အကျရှိကြရာ တရုတ်အသင်းသည် ခက်ခဲသောတိုက်ပွဲကို အနိုင်ရရှိ၍ သမိုင်းမှတ်တိုင်သဖွယ် အနက်အဓိပ္ပာယ်ရှိသော အောင်ပွဲတစ်ခုကို ရရှိခဲ့ပြီး လူတိုင်းက လက်လှမ်းမမီဘူးဟု ထင်ထားသော ကြယ်ပွင့်ကို ဆွတ်ခူးနိုင်ခဲ့သည်။ (Xinhua)

……………………………………………………………….
(Chinese Version)
打最硬的仗,摘最亮的星——中国男子混接打破美国队垄断纪实
新华社巴黎8月4日电 (记者刘旸、周欣、谢琳)巴黎奥运会游泳赛场最后一个比赛日,中国队放了个大招。
男子4X100米混合泳接力决赛上,中国队力压该项目40年“霸主”美国队和占尽主场优势的东道主法国队,以3分27秒46的成绩夺冠。
这是一场助威声分贝值极高的较量,是中国泳军连日来最燃的一场比赛。这也是中国游泳队首次在这个项目中拿到奥运金牌。
自1984年洛杉矶奥运会以来,中国泳军在这个项目上从未得到奖牌。东京奥运会上,中国队名列第八,已经创造了历史最好成绩。
事实上,只要中国队决赛不垫底,就已取得历史性突破。然而,中国队具备了迈大步、上台阶的实力,具备了挑战世界顶级对手的资本。
中国队的突飞猛进在2023年已经展露端倪。福冈世锦赛上,中国队首次在男子4X100米混合泳接力项目上得到银牌,惊艳世界。
男子混接历来是美国队的“传统领地”。自1960年该项目“入奥”以来,除了未参赛的1980年奥运会,美国队包揽了全部冠军,夺得总共15枚金牌。
从1984年到2021年,美国队连续10届奥运会在该项目上夺冠,没有任何闪失。奥运历史上,除了美国队的男子混接,只有两个项目连续10届被同一个代表团蝉联金牌:一个是美国队的男子撑杆跳,另一个是美国队的男子跳水3米板。由此可见,美国游泳队在这个项目上的统治有多么“固若金汤”。
然而,就是这样一堵外界看来“坚不可摧”的墙,被几位中国小伙子一顿横冲直撞,轰然坍塌。请记住他们的名字:徐嘉余、覃海洋、孙佳俊、潘展乐、王长浩。
世界泳坛格局风云变化、各队实力此消彼长的过程中,中国队打赢了艰难的一场战役,赢下了具里程碑意义的胜利,摘到了所有人认为遥不可及的星星。
图说:8月4日,冠军中国队选手徐嘉余、覃海洋、孙佳俊、潘展乐(从右至左)在颁奖仪式上。