Connect with us

Africa & Middle East

ယူကရိန်းနှင့် သံတမန်အဆက်အသွယ် ချက်ချင်း ဖြတ်တောက်ကြောင်း မာလီနိုင်ငံ ကြေညာ

မာလီနိုင်ငံ မြို့တော်ဗာမာလ်ကို တွင် ကုန်းကြောင်း၊ လေကြောင်း နယ်စပ်များ ပြန်လည်ဖွင့်လှစ်ပြီးနောက် ပုံမှန်သွားလာမှုများအား ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒတ်ကာ၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)
ယူကရိန်းနှင့် သံတမန်အဆက်အသွယ် ချက်ချင်း ဖြတ်တောက်ကြောင်း မာလီနိုင်ငံ၏ အသွင်ကူးပြောင်းရေး အစိုးရက ဩဂုတ် ၄ ရက်တွင် ကြေညာခဲ့သည်။

မကြာသေးမီက ယူကရိန်းစစ်ထောက်လှမ်းရေးအေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ Andriy Yusov က ပြောကြားခဲ့သည့် “မထင်မှတ်ဖွယ် အပြောင်းအလဲဖြစ်စေသည့်” စကားကို မာလီ အသွင်ကူးပြောင်းရေးအစိုးရက သတိထားမိကြောင်း၊ အကြမ်းဖက်အဖွဲ့တိုက်ခိုက်မှုတွင် ယူကရိန်းပါဝင်မှုကို ဝန်ခံထားပြီး မာလီစစ်တပ်က ယင်းနိုင်ငံ အရှေ့မြောက်ပိုင်းတိုက်ပွဲတွင် လူသေဆုံးဒဏ်ရာရမှုနှင့် ဥစ္စာပစ္စည်းဆုံးရှုံးမှုများ ဖြစ်စေခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယူကရိန်းအာဏာပိုင်များ၏ လုပ်ဆောင်ချက်သည် “မာလီနိုင်ငံ၏ အချုပ်အချာအာဏာကို ထိပါးမှု၊ ပြည်ပ စွက်ဖက်သည့်အတိုင်းအတာကို ကျော်လွန်မှု၊ မာလီနိုင်ငံအား ကျူးကျော်မှုအဖြစ် ပေါ်လွင်စေကြောင်း”၊ မာလီအသွင်ကူးပြောင်းရေးအစိုးရအနေဖြင့် ယူကရိန်းနှင့် သံတမန်အဆက်အသွယ် ချက်ချင်း ဖြတ်တောက်သွားရန် ဆုံးဖြတ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)
……………………………
(Chinese Version)
马里宣布立即断绝与乌克兰的外交关系
新华社达喀尔8月4日电(记者王子正)巴马科消息:马里过渡政府4日发布公报,宣布立即断绝与乌克兰的外交关系。
公报说,马里过渡政府注意到乌克兰军事情报机构发言人尤索夫日前发表“颠覆性”言论,承认乌克兰参与了武装恐怖团体发动的袭击,导致马里部队在该国东北部战斗中出现人员伤亡和财产损失。
公报说,乌克兰当局的做法“侵犯马里主权,超出外国干涉的范围,对马里构成明显侵略”。马里过渡政府决定立即断绝与乌克兰的外交关系。
Photo taken on Aug. 21, 2020, shows normal traffic after Mali reopened land and air borders in Bamako, capital of Mali. (Xinhua/Habib Kouyate)