Connect with us

Africa & Middle East

အစ္စရေးနိုင်ငံမြောက်ပိုင်းကို ဒုံးကျည် ဒါဇင်နှင့်ချီ ပစ်ခတ်ခဲ့ကြောင်း လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့က ပြောကြား

အစ္စရေးမြောက်ပိုင်းရှိ Galilee ဒေသသို့ ပစ်ခတ်သော ဒုံးကျည်များကို အစ္စရေး “Iron Dome” လေကြောင်းရန်ကာကွယ်ရေးစနစ်က ကြားဖြတ်တားဆီးနေသည်ကို ဩဂုတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘေရွတ်၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)
ဟစ်ဇ်ဘိုလာအဖွဲ့သည် ဩဂုတ် ၄ ရက် နံနက်အစောပိုင်းတွင် အစ္စရေးနိုင်ငံမြောက်ပိုင်းသို့ ” ကတ်ယုရှ ” ဒုံးကျည် ဒါဇင်နှင့်ချီ ပစ်ခတ်ခဲ့သည်ဟု လက်ဘနွန်ဟစ်ဇ်ဘိုလာပိုင် Al-Manar ရုပ်မြင်သံကြားဌာန၏ သတင်းကြေညာချက်အရ သိရသည်။
ယင်းမှာ အစ္စရေးနိုင်ငံက လက်ဘနွန်တောင်ပိုင်းဒေသအား ဩဂုတ် ၃ ရက်က တိုက်ခိုက်ခဲ့ခြင်းအပေါ် တုံ့ပြန်ခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

အစ္စရေးဒရုန်းတစ်စီးက လက်ဘနွန်နိုင်ငံတောင်ပိုင်း Deir Siriane ရွာရှိ စတိုးဆိုင်ငယ်တစ်ခုအား ဒုံးကျည်နှစ်စင်းဖြင့် တိုက်ခိုက်ခဲ့ရာ ယောကျ်ားလေး ၁ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၃ ဦး အပါအဝင် အရပ်သား ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ နောက်ထပ် အစ္စရေးဒရုန်းတစ်စီးက လက်ဘနွန်နိုင်ငံ အနောက်တောင်ပိုင်းရှိ Tayr Harfa ရွာကို တိုက်ခိုက်ခဲ့ရာ အရပ်သား ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်စစ်တပ်သတင်းရင်းမြစ်များက ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။

အစ္စရေးတိုက်လေယာဉ် နှင့် ဒရုန်းများက ဩဂုတ် ၃ ရက် ညနေပိုင်းတွင် လက်ဘနွန်တောင်ပိုင်းရှိ မြို့နယ်နှင့် ကျေးရွာ ၅ ခုကို လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်ပြုလုပ်ခဲ့ပြီး အစ္စရေးအမြောက်တပ်မှ လက်ဘနွန်တောင်ပိုင်း နယ်စပ်ဒေသရှိ မြို့နယ်နှင့် ကျေးရွာ ၈ ခုသို့ အမြောက်ကျည် ၃၀ ပစ်ခတ်ခဲ့ကြောင်း ထိုသတင်းရင်းမြစ်က ထပ်လောင်း ပြောကြားခဲ့သည်။ (Xinhua)


……………………………………
(Chinese Version)
黎巴嫩真主党说向以色列北部发射数十枚火箭弹
新华社贝鲁特8月4日电(记者谢昊)据黎巴嫩真主党旗下灯塔电视台4日报道,真主党当天凌晨向以色列北部发射了数十枚“喀秋莎”火箭弹。
报道说,这是对以色列3日袭击黎南部地区的回应。
黎巴嫩军方消息人士告诉新华社记者,3日下午,一架以色列无人机用两枚导弹袭击了黎南部村庄代尔西里安的一家小商店,造成1名男孩死亡、包括3名儿童在内的6名平民受伤;一架以色列无人机袭击黎西南部村庄泰尔哈尔法,造成1名平民受伤。
这名消息人士还说,以色列战机和无人机3日下午对黎巴嫩南部5个城镇和村庄进行了6次空袭,以色列炮兵向黎南部边境地区8个城镇和村庄发射了30枚炮弹。
图说:8月4日,以色列“铁穹”防空系统拦截射向以色列北部加利利地区的火箭弹。