Connect with us

မြန်မာ-中文

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ရာထူးမှ နုတ်ထွက်သွားပြီဟု ဘင်္ဂလားဒေ့ရှ် စစ်တပ် ပြောကြား

ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ကျင်းပသည့် ပဲရစ်ငြိမ်းချမ်းရေးဖိုရမ်တွင် အမှာစကားပြောကြားနေသော ရှိတ်ဟာစီနာအား ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ/နယူးဒေလီ၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ သည် ဩဂုတ် ၅ ရက်တွင် ရာထူးမှ နုတ်ထွက်သွားကြောင်း၊ နိုင်ငံစီမံအုပ်ချုပ်ရေးအတွက် ယာယီအစိုးရအမြန်ဆုံးဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်တပ်မတော်ကြည်းတပ် စစ်ဦးစီးချုပ် Waker-uz-Zaman က ယင်းနေ့ ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့သည်။

Waker-uz-Zaman က ပြည်သူလူထုအနေဖြင့် စိတ်အေးအေးထားကြရန်၊ နိုင်ငံ ငြိမ်းချမ်းရေးနှင့်စည်းစနစ်ကျရေးကို အတူကြိုးပမ်း ကာကွယ်ထိန်းသိမ်းရန် တိုက်တွန်းပြောကြားခဲ့သလို မကြာမီကာလများက ပြည်တွင်း၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်လုပ်ရပ်များကို စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း ရုပ်မြင်သံကြားမိန့်ခွန်းတွင် အလေးထားပြောကြားခဲ့သည်။

မြို့တော်ဒါကာရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၆ နာရီကြာ ပိတ်ထားမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်စစ်တပ်က ယင်းနေ့တွင် ကြေညာခဲ့သည်။

မကြာမီကာလများက ဘင်္ဂလားဒေ့ရှ်တွင် လုပ်ငန်းပိုင်းဆိုင်ရာစနစ်အချို့ကို မကျေနပ်သည့် ဆန္ဒပြလှုပ်ရှားမှု အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့ရာ ဆန့်ကျင်ဆန္ဒပြမှုများတွင် အကြမ်းဖက်လှုပ်ရှားမှုများကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း သတင်းများအရ သိရသည်။ ယခုလ ၄ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြလှုပ်ရှားမှုများ ဖြစ်ပွားခဲ့ရာ ရှိတ်ဟာစီနာနှင့် ၎င်း၏အစိုးရ ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့သည်။

အိန္ဒိယမီဒီယာများ၏ သတင်းများတွင် ရှိတ်ဟာစီနာသည် ရဟတ်ယာဉ်ဖြင့် ဘင်္ဂလားဒေ့ရှ်မှ အိန္ဒိယသို့ ထွက်သွားကြောင်း ဖော်ပြထားသည်။ ရှိတ်ဟာစီနာလိုက်ပါသည့် ရဟတ်ယာဉ်သည် ဒေသစံတော်ချိန် ၁၇ နာရီ ၄၀ မိနစ်ခန့်က နယူးဒေလီအနီးရှိ စစ်တပ်လေဆိပ်သို့ ဆင်းသက်ခဲ့ကြောင်း၊ နောက်ခြေလှမ်းအနေဖြင့် လန်ဒန်သို့ သွားနိုင်ကြောင်း အမည်မဖော်လိုသည့် အိန္ဒိယအစိုးရအရာရှိတစ်ဦး၏ပြောကြားချက်ကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။

ရှိတ်ဟာစီနာသည် အသက် ၇၇ နှစ် ရှိပြီဖြစ်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံး သမ္မတ ဘန်ဂါဘန်ဒူ ရှိတ်မူဂျီဘူရာမန်၏ သမီးကြီး ဖြစ်သည်။ ၎င်းသည် ၁၉၉၆ ခုနှစ်၊ ၂၀၀၉ ခုနှစ်၊ ၂၀၁၄ ခုနှစ်၊ ၂၀၁၉ ခုနှစ် များတွင် လေးကြိမ်ဆက်တိုက် ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ငါးကြိမ်မြောက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ (Xinhua)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာတွင် ဘင်္ဂလားဒေ့ရှ် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲမဲပေးနေသည့် ရှိတ်ဟာစီနာအား ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………..
(Chinese Version)
孟加拉国军方说总理哈西娜辞职
新华社达卡/新德里8月5日电(记者孙楠 伍岳)孟加拉国陆军参谋长韦克·乌兹·扎曼5日发表电视讲话说,该国总理谢赫·哈西娜当天辞职,将很快成立临时政府管理国家。
扎曼在电视讲话中呼吁民众保持冷静,共同努力维护国家和平与秩序,并强调将调查孟国内近期发生的暴力事件。
孟加拉国军方当天宣布,位于首都达卡的国际机场关闭6个小时。
孟加拉国近期多次发生不满工作相关制度的抗议活动,据报道,抗议中的暴力活动共导致200多人死亡。本月4日,孟加拉国发生全国性抗议活动,要求哈西娜及其政府辞职。
另据印度媒体报道,哈西娜乘直升机离开孟加拉国飞往印度。报道援引印不具名政府官员的话称,哈西娜所乘直升机已于当地时间17时40分左右降落在德里附近一座军用机场,下一步可能飞往伦敦。
哈西娜,77岁,孟加拉国开国总统谢赫·穆吉布·拉赫曼长女,1996年、2009年、2014年、2019年4次出任孟加拉国总理。2024年1月第5次当选总理。
1. 这是2021年11月11日哈西娜在法国巴黎举行的巴黎和平论坛上致辞。 新华社记者 高静 摄
2. 这是2024年1月7日哈西娜在孟加拉国首都达卡参加孟加拉国国民议会选举投票。 新华社发