Connect with us

Africa & Middle East

ဆူဒန်နိုင်ငံ နေရာအများအပြားတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ရေကြီးမှုများကြောင့် လူ ၃၂ ဦး သေဆုံး

ဆူဒန်နိုင်ငံ အရှေ့ပိုင်း ကက်ဆာလာ မြို့၌ ရေကြီးသည့်နေရာတွင် လူများကို ၂၀၂၄ ခုနှစ် ဇူလိုင် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

လွန်ခဲ့သည့် နှစ်လအတွင်း ဆူဒန်နိုင်ငံ နေရာအများအပြား၌ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ရေကြီးမှုများ ဖြစ်ပွားခြင်းကြောင့် လူ ၃၂ သေဆုံးပြီး ၁၀၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆူဒန် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ပြည်နယ်အသီးသီးမှ တင်ပြသော အစီရင်ခံစာများ အရ လွန်ခဲ့သည့် နှစ်လအတွင်း ဆူဒန်နိုင်ငံရှိ စုစုပေါင်း ပြည်နယ် ၇ ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ရေကြီး ရေလျှံမှုဒဏ် ခံစားခဲ့ရကာ လူ ၃၂ သေဆုံးပြီး ၁၀၇ ဦး ထိခိုက်ဒဏ်ရာရရှိကာ အခြားနေအိမ် ၅,၅၇၅ လုံး ပျက်စီးခဲ့ကြောင်း ဆူဒန် ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေး အရေးပေါ်အခြေအနေဆိုင်ရာ အထွေထွေညွှန်ကြားရေးမှူး Al-Fadil Mohamed Mahmoud က အဆိုပါနေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးရေလျှံမှုများကြောင့် ဆူဒန်နိုင်ငံ နေရာအများအပြား၌ အရည်ဝမ်းသွားခြင်းများဖြစ်ပွားခဲ့ရာ ၎င်းအနက် ကက်ဆာလာ၊ ခါတွန်နှင့် ဂျာဇီရာပြည်နယ်များတွင် ၁၀၂ ဦး၊ ၄ ဦး၊ ၁၆ ဦး အသီးသီးဖြစ်ပွားခဲ့ကြောင်း Mahmoud က ပြောကြားခဲ့သည်။ ဆူဒန် အခြားပြည်နယ်များ၏ ကျန်းမာရေးအခြေအနေမှာမူ တည်ငြိမ်နေပြီး ဆူဒန်ကျန်းမာရေးဝန်ကြီးဌာနသည် မိုးရာသီ အဖြစ်များရောဂါများကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သောအစီအမံများကို လုပ်ဆောင်လျက်ရှိသည်။

ဆူဒန်နိုင်ငံ အရှေ့ပိုင်းနှင့် မြောက်ပိုင်းရှိ ပင်လယ်နီပြည်နယ်၊ မြောက်ပိုင်းပြည်နယ်နှင့် နိုင်းမြစ်ပြည်နယ်များ၌ လာမည့်ကာလပတ်တစ်ခုအထိ မိုးကြီးခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းစသည့် ပြင်းထန်၍ အပြောင်းအလဲများသောရာသီဥတု ဖြစ်ပေါ်နိုင်ကြောင်း ဆူဒန်မိုးလေဝသဌာနက ဩဂုတ် ၅ ရက်တွင် ခန့်မှန်းထားသည်။

ဆူဒန်နိုင်ငံ၌ မိုးရာသီသည် ယေဘူယျအားဖြင့် ဇူလိုင်လတွင် စတင်လေ့ရှိရာ စက်တင်ဘာလ သို့မဟုတ် အောက်တိုဘာလအထိ ကြာမြင့်ပြီး ယင်းကာလအတွင်း မိုးရေချိန်တိုးမြင့်၍ ရေကြီးမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ (Xinhua)


……………………………………………………………..
(Chinese Version)
苏丹多地暴雨和洪灾已致32人死亡
新华社开罗8月5日电(记者张猛)喀土穆消息:苏丹卫生部5日说,过去两个月该国多地遭受暴雨和洪涝灾害,已造成32人死亡、107人受伤。
苏丹卫生部卫生应急总局局长法迪勒·穆罕默德·马哈茂德当天发表声明说,根据各州提交的报告,过去两个月苏丹共有7个州遭受暴雨和洪涝灾害,已造成32人死亡、107人受伤,另有5575所房屋受损。
马哈茂德说,暴雨和洪灾还导致苏丹多地出现急性水样腹泻病例,其中卡萨拉州、喀土穆州和杰济拉州分别报告了102例、4例和16例。苏丹其他州的卫生状况相对稳定,苏丹卫生部正采取必要措施应对雨季流行病。
苏丹气象部门5日预计,该国东部和北部的红海州、北方州和尼罗河州未来一段时间仍将有暴雨、雷电、大风等强对流天气。
苏丹雨季一般从7月开始,持续至9月或10月,其间降雨量增加,洪涝灾害频发。(完)
Photo: Photo taken on July 26, 2024 shows people are seen in a flooded area in Kassala city, eastern Sudan. (Photo by Mohamed Osman Al-Zain/Xinhua)