Connect with us

Africa & Middle East

ရုရှားနိုင်ငံနှင့် ဆက်ဆံရေး တိုးချဲ့ခြင်းသည် အီရန်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၏ ဦးစားပေးလုပ်ငန်းများအနက် တစ်ခုဖြစ်ကြောင်း အီရန်နိုင်ငံ သမ္မတက ပြောကြား

တီဟီရန်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ သမ္မတ Pezeshkian သည် တီဟီရန်မြို့တော်၌ ဩဂုတ် ၅ ရက်တွင် အီရန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသော ရုရှားနိုင်ငံ ဖက်ဒရေးရှင်းလုံခြုံရေးကောင်စီ အစည်းအဝေးအတွင်းရေးမှူး Shoigu နှင့် တွေ့ဆုံခဲ့ရာ ရုရှားနိုင်ငံအနေဖြင့် အီရန်နိုင်ငံ၏ မဟာဗျူဟာမိတ်ဖက်နိုင်ငံဖြစ်ပြီး ရုရှားနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးချဲ့ခြင်းသည် အီရန် နိုင်ငံခြားရေးမူဝါဒ၏ ဦးစားပေးလုပ်ငန်းများအနက် တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု အီရန်နိုင်ငံပိုင် သတင်းအေဂျင်စီ (IRNA) ၏ ယင်းနေ့ သတင်းအရ သိရသည်။

နှစ်နိုင်ငံ၏ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ပူးပေါင်းဆောင်ရွက်မှုများသည် အရေးပါသော အနက်အဓိပ္ပာယ်ရှိပြီး ဗဟုအသွင်ကမ္ဘာကြီး ထူထောင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသည် ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို မြှင့်တင်ရာတွင် အထောက်အကူပြုကြောင်း Pezeshkian က ပြောကြားခဲ့သည်။

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းများအပေါ် ကျူးလွန်သော ရာဇ၀တ်မှုများနှင့် ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) ၏ နိုင်ငံရေးဗျူရိုခေါင်းဆောင် Ismail Haniyeh ကို လုပ်ကြံသတ်ဖြတ်ခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ အစ္စရေးအနေဖြင့် ၎င်းပြုလုပ်ခဲ့သောရာဇ၀တ်မှုများအတွက် တုံ့ပြန်မှုရရှိမည်ဖြစ်ကြောင်း Pezeshkian က ထပ်လောင်း ပြောကြားခဲ့သည်။

အီရန်နိုင်ငံသည် ယင်းဒေသတွင်း၌ ရုရှားနိုင်ငံ၏ အရေးပါသော မဟာဗျူဟာမြောက် မဟာမိတ်များအနက် တစ်ခုဖြစ်ပြီး နှစ်နိုင်ငံကြား နယ်ပယ်စုံ ဆက်ဆံရေး အားလုံးမှာ ဖွံ့ဖြိုးတိုးတက်နေကြောင်း Shoigu က ပြောကြားခဲ့သည်။ ရုရှားနိုင်ငံအနေဖြင့် အီရန်နှင့် ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများကို အရှိန်မြှင့်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) နှင့် BRICS စသည့် နိုင်ငံတကာအဖွဲ့အစည်းများတွင် အီရန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို အထူးအလေးထားပြီး ယင်းပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ရန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Shoigu သည် တစ်ရက်တာ အလည်အပတ်ခရီးစဉ်ဖြစ် တီဟီရန်မြို့သို့ ဩဂုတ် ၅ ရက်က ရောက်ရှိခဲ့သည်။ ထိုနေ့အစောပိုင်းတွင် Shoigu သည် အီရန်နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး Mahmoud Ahmadi နှင့် အီရန်လက်နက်ကိုင်တပ်ဖွဲ့ စစ်ဦးစီးချုပ် Bagheri တို့နှင့်လည်း တွေ့ဆုံခဲ့သည်။ (Xinhua)

…………………………………………………………….
(Chinese Version)
伊朗总统:扩大与俄罗斯关系是伊朗外交政策优先事项之一
新华社德黑兰8月5日电(记者沙达提)据伊朗伊斯兰共和国通讯社5日报道,伊朗总统佩泽希齐扬当天在首都德黑兰会见到访的俄罗斯联邦安全会议秘书绍伊古时表示,俄罗斯是伊朗的战略伙伴,扩大与俄罗斯的战略伙伴关系是伊朗外交政策的优先事项之一。
佩泽希齐扬说,两国在地区和国际事务上的合作具有重要意义,两国在建立多极世界方面的合作有助于促进全球和平与安全。
佩泽希齐扬还说,以色列在加沙地带对巴勒斯坦人犯下的罪行以及暗杀巴勒斯坦伊斯兰抵抗运动(哈马斯)政治局领导人哈尼亚违反了国际法,以色列将会“为其罪行得到回应”。
绍伊古表示,伊朗是俄罗斯在该地区的重要战略盟友之一,两国各领域关系都在得到发展。俄方愿加快完成与伊朗的合作项目。俄方高度重视与伊朗在上海合作组织、金砖国家等国际组织中的合作,并将努力扩大这些合作。
绍伊古5日抵达德黑兰进行为期一天的访问。当天早些时候,绍伊古还会见了伊朗最高国家安全委员会秘书艾哈迈迪安和伊朗武装部队总参谋长巴盖里。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.