Connect with us

Africa & Middle East

ယူကရိန်းနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်လိုက်ကြောင်း နိုင်ဂျာနိုင်ငံ ကြေညာ

အဘူဂျာ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)
နိုင်ဂျာနိုင်ငံသည် ယူကရိန်းနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ချက်ချင်း ဖြတ်တောက်ကြောင်း နိုင်ဂျာနိုင်ငံ စစ်ဘက်ဆိုင်ရာအစိုးရပြောရေးဆိုခွင့်ရှိသူ Amadou Abdramane က ဩဂုတ် ၆ ရက်တွင် နိုင်ငံပိုင် ရေဒီယို အသံလွှင့်ဌာနမှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
၎င်း၏ထုတ်ပြန်ချက်တွင် Abdramane က ယူကရိန်း၏ “အကြမ်းဖက်အဖွဲ့အစည်းများ” အပေါ်ပံ့ပိုးကူညီမှုကို ရှုတ်ချကြောင်းနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် ယူကရိန်း၏ “ကျူးကျော်မှုလုပ်ရပ်” အပေါ် စီရင်ချက်ချရန် မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။
မကြာသေးမီက ယူကရိန်းစစ်ထောက်လှမ်းရေးအေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ Andriy Yusov သည် “မထင်မှတ်ဖွယ် အပြောင်းအလဲဖြစ်စေသည့်” ပြောဆိုချက်များ ထုတ်ပြန်ခဲ့ကြောင်း၊ ထိုထုတ်ပြန်ချက်၌ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များ၏ တိုက်ခိုက်မှုများတွင် ယူကရိန်းက ပါဝင်ပတ်သက်ကြောင်း ဝန်ခံခဲ့သလို ယင်းနိုင်ငံ၏ အရှေ့မြောက်ဘက် တိုက်ပွဲများအတွင်း မာလီတပ်ဖွဲ့ဝင်များ သေဆုံးခြင်းနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း မာလီ အသွင်ကူးပြောင်းရေး အစိုးရက ဩဂုတ် ၄ ရက်တွင် တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ယူကရိန်း၏ လုပ်ရပ်များသည် “မာလီ၏ အချုပ်အခြာအာဏာကို ချိုးဖောက်ကာ ပြည်ပဝင်ရောက်စွက်ဖက်မှု အတိုင်းအတာကို ကျော်လွန်ပြီး မာလီအပေါ် သိသာထင်ရှားသည့် ကျူးကျော်မှုတစ်ရပ်အဖြစ် မြင်တွေ့နိုင်သောကြောင့် မာလီ အသွင်ကူးပြောင်းရေး အစိုးရအနေဖြင့် ယူကရိန်းနှင့် သံတမန်ဆက်ဆံရေးကို ချက်ချင်းဖြတ်တောက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြခဲ့သည်။
ယခုနှစ် ဇူလိုင် ၆ ရက်တွင် နိုင်ဂျာ၊ မာလီနှင့် ဘာကီနာဖာဆို နိုင်ငံတို့မှ စစ်ဘက်ခေါင်းဆောင်များသည် နိုင်ဂျာနိုင်ငံ မြို့တော် နီရာမေးတွင် “ဆာဟယ်နိုင်ငံများ မဟာမိတ်အဖွဲ့ (AES) ” အဖွဲ့ဝင်နိုင်ငံများ ပထမအကြိမ် ထိပ်သီးအစည်းအဝေးကို ကျင်းပပြီး “ဆာဟယ်နိုင်ငံများ ဖက်ဒရယ်ပြည်ထောင်စု” တည်ထောင်ကြောင်း ကြေညာခဲ့သည်။ (Xinhua)
………………………
(Chinese Version)
尼日尔宣布与乌克兰断交
新华社阿比让8月6日电(记者张健)尼亚美消息:尼日尔军政府发言人阿马杜·阿卜杜拉曼6日通过国家电视台发表声明说,尼日尔立即断绝与乌克兰的外交关系。
阿卜杜拉曼在声明中谴责乌克兰对“恐怖组织”的支持,并表示希望联合国安理会对乌克兰的“侵略行为”做出裁决。
马里过渡政府4日发布公报说,乌克兰军事情报机构发言人尤索夫日前发表“颠覆性”言论,承认乌克兰参与了武装恐怖团体发动的袭击,导致马里部队在该国东北部战斗中出现人员伤亡和财产损失。乌克兰当局的做法“侵犯马里主权,超出外国干涉的范围,对马里构成明显侵略”,马里过渡政府决定立即断绝与乌克兰的外交关系。
今年7月6日,尼日尔、马里、布基纳法索三国军事领导人在尼日尔首都尼亚美举行“萨赫勒国家联盟”成员国首次峰会,并宣布成立“萨赫勒国家邦联”。(完)