Connect with us

Africa & Middle East

အစ္စရေး၏ လုပ်ကြံမှု လုပ်ရပ်ကို “ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မည်” ဟု လက်ဘနွန် ဟစ်ဇ်ဘိုလာ ပြောကြား

လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်တွင် ကျင်းပသော ဟစ်ဇ်ဘိုလာ အကြီးတန်းတပ်မှူး Fuad Shukr ၏ အမှတ်တရအခမ်းအနား၌ ဟစ်ဇ်ဘိုလာအဖွဲ့ကို အားပေးထောက်ခံသူများကဆောင်ပုဒ်များ ဟစ်ကြွေးနေကြသည်ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘေရွတ်၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)
ဟစ်ဇ်ဘိုလာ အကြီးတန်းတပ်မှူး Fuad Shukr ကို အစ္စရေး လုပ်ကြံမှုအပေါ် “ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မည်” ဟု လက်ဘနွန် ဟစ်ဇ်ဘိုလာ ခေါင်းဆောင် Hassan Nasrallah က ဩဂုတ် ၆ ရက်တွင် ပြောကြားခဲ့သည်။

Fuad Shukr ကို လုပ်ကြံမှုအပေါ် လက်တုံ့ပြန်ခြင်းက “မကြာမီမှာ မလွဲမသွေ ရောက်လာမယ်” ၊ ၎င်းမှာ “သက်ရောက်မှုနဲ့ ပြင်းထန်မှု ရှိမှာ” ဖြစ်ကြောင်း Hassan Nasrallah က ဩဂုတ် ၆ ရက် ရုပ်မြင်သံကြားမိန့်ခွန်းတွင် ပြောကြားခဲ့သည်ဟု လက်ဘနွန်ဟစ်ဇ်ဘိုလာပိုင် Al-Manar ရုပ်မြင်သံကြားဌာန၏ သတင်းများအရ သိရသည်။ လက်တုံ့ပြန်လှုပ်ရှားမှုသည် အီရန်၊ ယီမင်တို့ရှိ အခြားသော တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်၍ရသလို သီးခြားလုပ်ဆောင်၍လည်း ရကြောင်း၊ အစ္စရေး မြောက်ပိုင်းရှိ စက်ရုံကို တိုက်ခိုက်မည် ဖြစ်ကြောင်း ၎င်းက ခြိမ်းခြောက် ပြောကြားခဲ့သည်။

ဇူလိုင် ၃၀ ရက်တွင် အစ္စရေးတို့က လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ် တောင်ပိုင်း ဆင်ခြေဖုံးရှိ ဟစ်ဇ်ဘိုလာ ပစ်မှတ်တစ်ခုကို လေကြောင်းတိုက်ခိုက်ခဲ့ရာ Fuad Shukr နှင့် အရပ်သား ၅ ဦး သေဆုံးပြီး ၇၄ ဦး ဒဏ်ရာရရှိခဲ့သည်။ ဩဂုတ် ၁ ရက်၌ ပြုလုပ်သော Fuad Shukr ၏ ဈာပနအခမ်းအနားတွင် Hassan Nasrallah က လက်တုံ့ပြန်သွားမည်ဖြစ်သည်ဟု ကျိန်ဆိုပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်တွင် ကျင်းပသော ဟစ်ဇ်ဘိုလာ အကြီးတန်းတပ်မှူး Fuad Shukr ၏ အမှတ်တရအခမ်းအနား၌ လက်ဘနွန် ဟစ်ဇ်ဘိုလာ ခေါင်းဆောင် Hassan Nasrallah မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………
(Chinese Version)
黎巴嫩真主党称将对以色列暗杀行为进行“强有力的报复”
新华社贝鲁特8月6日电 黎巴嫩真主党领导人纳斯鲁拉6日表示,将对以色列暗杀真主党高级军事指挥官福阿德·舒库尔的行为进行“强有力的报复”。
据黎巴嫩真主党旗下灯塔电视台报道,纳斯鲁拉6日发表电视讲话说,对暗杀舒库尔行为进行报复“不可避免地即将到来”,它将是“有影响力和强有力的”。报复行动可以与伊朗和也门的其他抵抗力量合作,也可以单独进行。他还威胁袭击以色列北部的工厂。
7月30日,以色列空袭黎首都贝鲁特南郊真主党一处目标,造成舒库尔和5名平民死亡,另有74人受伤。8月1日,纳斯鲁拉在舒库尔的葬礼上誓言进行报复。
1. 8月6日,在黎巴嫩首都贝鲁特,真主党支持者在纪念真主党高级军事指挥官福阿德·舒库尔的活动上呼喊口号。
2. 8月6日,在黎巴嫩首都贝鲁特,真主党领导人纳斯鲁拉在纪念真主党高级军事指挥官福阿德·舒库尔的活动上发表电视讲话。