Connect with us

Africa & Middle East

အမေရိကန် စစ်သင်္ဘောနှစ်စင်းနှင့် ကုန်တင်သင်္ဘောတစ်စင်းကို တိုက်ခိုက်ခဲ့ကြောင်း ယီမင် ဟူသီလက်နက်ကိုင်များက ပြောကြား

ယီမင် ဟူသီလက်နက်ကိုင်များ အမည်မသိနေရာမှ ပစ်လွှတ်သော ဒုံးကျည်အား ၎င်းတို့ ၂၀၂၄ ခုနှစ် ဇွန် ၂၆ ရက်က ထုတ်ပြန်သည့် ဗီဒီယိုဓာတ်ပုံတွင် တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)
ယီမင် ဟူသီလက်နက်ကိုင်တပ်ဖွဲ့သည် ဩဂုတ် ၇ ရက်က သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်နှင့် ဒရုန်းများကို အသုံးပြု၍ ဧဒင်ပင်လယ်ကွေ့ရှိ အမေရိကန် စစ်သင်္ဘော နှစ်စင်းနှင့် ပင်လယ်နီရှိ ကုန်တင် သင်္ဘောတစ်စင်းကို တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Yahya Saree က ထိုနေ့တွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။

Yahya Saree က ဟူသီအဖွဲ့သည် ဧဒင်ပင်လယ်ကွေ့တွင် အမေရိကန် ဖျက်သင်္ဘော USS Cole ကို တိုက်ခိုက်ခဲ့ရာ အောင်မြင်ပြီး ပဲ့ထိန်းဒုံးကျည်ဖြင့် အမေရိကန် ဖျက်သင်္ဘော USS Laboon ကိုလည်း တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဟူသီအဖွဲ့သည် ပင်လယ်နီရှိ ကုန်တင်သင်္ဘောတစ်စင်းကိုလည်း တိုက်ခိုက်ခဲ့ရာ “ပစ်မှတ် အတိအကျ ထိမှန်ခဲ့”ကြောင်း Yahya Saree က ဆိုသည်။ အဆိုပါကုန်တင်သင်္ဘောမှာ မည်သည့် နိုင်ငံပိုင်ဖြစ်သည်ကိုမူ ၎င်းကထုတ်ဖော်ပြောကြားခြင်းမရှိပေ။ (Xinhua)
……………………………
(Chinese Version)
新华简讯|也门胡塞武装称袭击了两艘美国军舰和一艘商船
新华社开罗8月7日电 萨那消息:也门胡塞武装发言人叶海亚·萨雷亚7日发表声明说,该组织当天使用反舰弹道导弹和无人机袭击了亚丁湾的两艘美国军舰和一艘位于红海的商船。
萨雷亚说,胡塞组织在亚丁湾用多架无人机袭击了美国“科尔”号驱逐舰并“获得成功”,并用弹道导弹攻击了美国“拉布恩”号驱逐舰。萨雷亚说,该组织还攻击了位于红海的一艘商船,并“准确命中目标”。他没有提及该商船所属国籍。(完)

1. 6月26日胡塞武装公布的视频截图显示,胡塞武装在不明地点发射导弹。新华社发

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.