Connect with us

Europe

ရုရှားနိုင်ငံ Kursk ပြည်နယ်ကို ယူကရိန်းစစ်တပ် တိုက်ခိုက်မှုက “ကြီးမားသည့်ရန်စမှု” ဖြစ်သည်ဟု ပူတင် ပြောကြား

ရုရှားနိုင်ငံ မော်စကိုမြို့၌ ရုရှားသမ္မတ ပူတင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနတွင် မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၄ ခုနှစ် ဇွန် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ တောင်ပိုင်း Kursk ပြည်နယ်ကို ယူကရိန်းစစ်တပ် တိုက်ခိုက်မှုက နောက်တစ်ကြိမ် “ကြီးမားသည့်ရန်စမှု” ဖြစ်သည်ဟု ရုရှားသမ္မတ ပူတင်က ဩဂုတ် ၇ ရက်တွင် ပြောကြားခဲ့သည်။

ယင်းနေ့တွင် ပူတင်က Kursk ပြည်နယ် အခြေအနေကို ဆွေးနွေးရန် ရုရှားအစိုးရအဖွဲ့ဝင်များ၊ အင်အားကြီးဌာနများမှ တာဝန်ရှိသူများကို ခေါ်ယူခဲ့ကြောင်း ရုရှားသမ္မတ ဝက်ဘ်ဆိုက်၏ သတင်းများအရ သိရသည်။

ယင်းဆွေးနွေးပွဲတွင် ပူတင်က Kursk ပြည်နယ်ကို ယူကရိန်းစစ်တပ်က လက်နက်မျိုးစုံ သုံးပြီး အရပ်ဘက်အဆောက်အဦများကို ဒုံးကျည်သုံးတိုက်ခိုက်ခြင်းအပါအဝင် “ခွဲခြားမှုမရှိ တိုက်ခိုက်”ခဲ့ကြောင်း ပြောကြားခဲ့သည်။ ရုရှားဒေသအသီးသီးအနေဖြင့် Kursk ပြည်နယ်ကို ပံ့ပိုးပေးရန် ပူတင်က ညွှန်ကြားထားကြောင်း သိရသည်။

လက်ရှိတွင် ယူကရိန်းဘက်က Kursk ပြည်နယ် တိုက်ခိုက်ခံရမှုအပေါ် မည်သည့် တရားဝင် တုံ့ပြန်ဖြေကြားမှုမျှ မရှိသေးကြောင်း သိရသည်။ (Xinhua)
………………………….
(Chinese Version)
普京:乌军对库尔斯克州的袭击是“大规模挑衅”
新华社莫斯科8月7日电(记者黄河)俄罗斯总统普京7日表示,乌克兰武装部队对俄南部库尔斯克州的袭击是又一次“大规模挑衅”。
据俄总统网站消息,普京当天召集俄政府成员、强力部门负责人等举行会议,讨论库尔斯克州局势。普京在会上说,乌军使用各类武器对库尔斯克州实施了“无差别袭击”,包括使用导弹袭击民用建筑。普京要求俄各地区积极为库尔斯克州提供支持。
目前,乌方尚未对俄库尔斯克州遭袭事件做出正式回应。
1. 6月14日,在俄罗斯首都莫斯科,俄罗斯总统普京在俄外交部发表讲话(视频截图)。 新华社发