Connect with us

Asia

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ရှေ့သို့ချီပါတီ (Move Forward Party) ဖျက်သိမ်းရန် စီရင်ဆုံးဖြတ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက Move Forward Party အား ဖျက်သိမ်းကြောင်း စီရင်ဆုံးဖြတ်ပြီးနောက် Move Forward Party ဌာနချုပ်သို့ ရောက်ရှိလာသော ပါတီခေါင်းဆောင်ဟောင်း Pita Limjaroenrat (အလယ်) အား ဩဂုတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)
အောက်လွှတ်တော်တွင် အကြီးဆုံးပါတီဖြစ်သည့် Move Forward Party သည် ယမန်နှစ် ရွေးကောက်ပွဲကာလအတွင်း ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၁၂ (တော်ဝင်မိသားစုကို စော်ကားသောပြစ်မှု) ကို ပြင်ဆင်မည်ဟု ကတိပြုခဲ့သောလုပ်ရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီသောကြောင့် Move Forward Party ကို ဖျက်သိမ်းကြောင်းကြေညာခဲ့ပြီး ၎င်းပါတီ၏ သက်ဆိုင်ရာ အမှုဆောင်ကော်မတီဝင်များကို နိုင်ငံရေးလှုပ်ရှားခွင့် ၁၀ နှစ်ကြာ တားမြစ်ကြောင်း ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက သြဂုတ် ၇ ရက်တွင် စီရင်ဆုံးဖြတ်ခဲ့သည်။
Move Forward Party က ယမန်နှစ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပွဲတွင် မဲအနိုင်ရရှိရေးအတွက် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၁၂ ကို ပြင်ဆင်ရန် ကတိပြုထားသည့် သက်သေအထောက်အထားများရှိကြောင်း၊ ယင်းအပြုအမှုသည် ဘုရင်ကို နိုင်ငံအကြီးအကဲအဖြစ် သတ်မှတ်သည့် နိုင်ငံရေးအာဏာကို ဖျက်သိမ်းရန် ကြိုးစားခြင်းဖြစ်သဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်မညီသောလုပ်ရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံက Move Forward Party ဖျက်သိမ်းရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံး စီစဉ်ချက်က ယူဆသည်။
၂၀၂၁ ခုနှစ် မတ် ၂၅ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အတွင်း တာဝန်ထမ်းဆောင်ခဲ့သည့် Move Forward Party ၏ အမှုဆောင် ကော်မတီဝင်များကို တရားရုံးက စီရင်ချက်ချသည့်နေ့မှစ၍ ၁၀ နှစ်အတွင်း နိုင်ငံရေးတွင် ပါဝင်ခွင့်မပြုကြောင်းလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက စီရင်ဆုံးဖြတ်ခဲ့သည်။
၎င်းပါတီ ခေါင်းဆောင်ဟောင်း Pita Limjaroenrat နှင့် လက်ရှိပါတီခေါင်းဆောင် Chaithawat Tulathon စသည်တို့ အပါအဝင် အထက်ပါ စီရင်ဆုံးဖြတ်မှုနှင့် ပတ်သက်သော အမှုဆောင် ကော်မတီဝင် စုစုပေါင်း ၁၁ ဦးရှိကြောင်း Move Forward Party က ထုတ်ပြန်ထားသော နာမည်စာရင်းတစ်ခုအရ သိရသည်။ (Xinhua)


……………………………………………………….
(Chinese Version)
泰国宪法法院裁定解散远进党
新华社曼谷8月7日电(记者陈倩慈 林昊)泰国宪法法院7日裁定,国会下议院第一大党远进党在去年大选期间承诺修改刑法第112条(即冒犯君主罪)的行为违宪,宣布解散远进党,该党执委会相关成员在10年内不得从政。
泰国宪法法院判决认为,有证据表明远进党去年在竞选活动中承诺修改刑法第112条以争取选票,此举企图颠覆以国王为国家元首的政权,属于违宪行为,宪法法院因此决定解散远进党。
宪法法院同时裁定,在2021年3月25日至2024年1月31日期间担任远进党执委会成员者自宣判之日起10年内不得从政。
根据远进党发布的一份名单,以上裁定涉及的执委会成员共11人,包括该党前任党魁披塔·林乍伦拉、现任党魁猜他瓦·杜拉通等。
图说:8月7日,在泰国曼谷,远进党前任党魁披塔·林乍伦拉(中)在泰国宪法法院裁定解散远进党后抵达远进党总部。