Connect with us

Africa & Middle East

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးမှုများ ပြန်လည်စတင်ရန် သဘောတူ

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းရှိ ခန်ယွန်းနစ်မြို့ အရှေ့ပိုင်းဒေသတွင် အစ္စရေးက လူစုခွဲ ရွှေ့ပြောင်းရန် သတိပေးချက်ထုတ်ပြန်ခဲ့ပြီးနောက် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေသူများကို သြဂုတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)
အစ္စရေးက ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးမှုများ ပြန်လည်စတင်ရန် သဘောတူလိုက်ပြီး ဩဂုတ် ၁၅ ရက်တွင် ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရန် စီစဉ်ထားကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက သြဂုတ် ၉ ရက် နံနက်အစောပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။
အစ္စရေးသည် စေ့စပ်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ကို သတ်မှတ်ထားသော နေရာသို့စေလွှတ်မည်ဖြစ်ပြီး မူဘောင်သဘောတူညီချက် အကောင်အထည်ဖော်မှု အသေးစိတ်ဆုံးကို အဆုံးသတ်ဆောင်ရွက်မည်ဟု ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
အစ္စရေးနှင့် ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) တို့အနေဖြင့် ဩဂုတ် ၁၅ ရက်တွင် ကျန်ရှိသောကွဲပြားမှုများအားလုံးကို ဖြည့်ဆည်းပြီး သဘောတူညီချက် အကောင်အထည်ဖော်ရေးကို ချက်ချင်းစတင်ဆောင်ရွက်နိုင်ရေးအတွက် ဒိုဟာ (သို့) ကိုင်ရိုတွင် ညှိနှိုင်းဆွေးနွေးမှု ပြန်လည်စတင်ရန် တိုက်တွန်းကြောင်း ကာတာ၊ အီဂျစ်နှင့် အမေရိကန် ခေါင်းဆောင်တို့က ဩဂုတ် ၈ ရက် ညနေပိုင်း ထုတ်ပြန်သော သုံးနိုင်ငံ ခေါင်းဆောင် ပူးတွဲကြေညာချက်တွင် ဖော်ပြခဲ့သည်။
လွန်ခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်မှ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအသစ် တစ်ဖန်ဖြစ်ပွားပြီးကတည်းက အစ္စရေးနှင့် ဟားမက်စ်တို့သည် ညှိနှိုင်းဆွေးနွေးမှု အကြိမ်များစွာ ပြုလုပ်ခဲ့သည်။ ယမန်နှစ် နိုဝင်ဘာလတွင် ခဏတာ နှစ်ဖက် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ပြီး ထိန်းသိမ်းခံထားရသူအချို့ လဲလှယ်ပြီးနောက် တိုးတက်မှု မရှိခဲ့ပေ။ (Xinhua)
………………………………………………………………………
(Chinese Version)
以色列同意恢复加沙停火谈判
新华社耶路撒冷8月9日电(记者陈君清)以色列总理办公室9日凌晨发表声明说,以方同意恢复加沙停火谈判,并计划于本月15日派出谈判代表团。
声明说,以色列将派谈判代表团前往待定地点并敲定框架协议实施的细节。
卡塔尔、埃及和美国领导人8日晚在一份联合声明中表示,三国领导人呼吁以色列和巴勒斯坦伊斯兰抵抗运动(哈马斯)于15日在多哈或开罗恢复谈判,以弥合所有剩余分歧并立即开始执行协议。
去年10月7日新一轮巴以冲突爆发以来,以色列与哈马斯进行了多轮谈判。自去年11月双方达成短暂停火并换取部分被扣押人员获释之后再无进展。
图说:8月8日,在加沙地带南部城市汗尤尼斯东部地区,人们在以色列发出疏散警告后撤离。