Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယာယီအစိုးရဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းချက်အား တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဖြေကြား

ပေကျင်း၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယာယီအစိုးရဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းချက်အား တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သြဂုတ် ၉ ရက်က ဖြေကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သြဂုတ် ၈ ရက်တွင် ယာယီအစိုးရ ထူထောင်ခဲ့ပြီး နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် ယူနွတ် (Muhammad Yunus) က ယာယီအစိုးရ ထိပ်တန်းအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်ဟု သတင်းများအရ သိရကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် မည်သို့သုံးသပ်ပါသနည်း ဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယာယီအစိုးရ ဖွဲ့စည်းခြင်းကို တရုတ်နိုင်ငံက သတိပြုမိပြီး ယင်းနှင့် ပတ်သက်၍ ကြိုဆိုကြောင်း၊ တရုတ်နိုင်ငံသည် အခြားနိုင်ငံများ၏ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရေး အခြေခံမူကို အမြဲခိုင်မာစွာ လက်ကိုင်ထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစားသလို ဘင်္ဂလားဒေ့ရှ်ပြည်သူများလွတ်လပ်စွာ ရွေးချယ်ထားသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လေးစားကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်သူတစ်ရပ်လုံးကို မျက်နှာမူသည့် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းကောင်းမူဝါဒကို အမြဲလိုက်နာခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
တရုတ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သည် အစဉ်အလာ ချစ်ကြည်ရေး သမိုင်းကြောင်း ရှည်လျားသည်ဟု ပြောရေးဆိုခွင့်ရှိသူက ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံသည် တရုတ်-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားကြောင်း၊ နှစ်နိုင်ငံ ကဏ္ဍအသီးသီး အပြန်အလှန်ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် တရုတ်-ဘင်္ဂလားဒေ့ရှ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အတူ ကြိုးပမ်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………………………………………………
(Chinese Version)
外交部发言人就孟加拉国成立临时政府答记者问
新华社北京8月9日电 外交部发言人9日就孟加拉国成立临时政府答记者问。
有记者问:据报道,孟加拉国8月8日成立临时政府,诺贝尔和平奖得主穆罕默德·尤努斯担任临时政府首席顾问。中方对此有何评论?
发言人说,中方注意到孟加拉国临时政府成立,对此表示欢迎。中方一贯坚持不干涉别国内政原则,尊重孟加拉国的独立、主权和领土完整,尊重孟加拉国人民自主选择的发展道路,始终奉行面向全体孟加拉国人民的睦邻友好政策。
发言人表示,中孟传统友好源远流长。中方重视中孟关系发展,愿同孟方一道努力,推进两国各领域交流合作,推动中孟全面战略合作伙伴关系向前发展。(完)