Connect with us

Europe

ရုရှားနိုင်ငံ Kursk ပြည်နယ်တွင် တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရသူ ၆၆ ဦး အထိ တိုးမြင့်လာ

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပသော ရုရှားရေတပ်စစ်ရေးပြအခမ်းအနားတွင် ပါဝင်သော စစ်သင်္ဘောအား ၂၀၂၄ ခုနှစ် ဇူလိုင် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)
ယူကရိန်းက ရုရှားနိုင်ငံ Kursk ပြည်နယ်ကို ဩဂုတ် ၆ ရက်မှစ၍ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ် ၉ ဦး အပါအဝင် လူပေါင်း ၆၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရုရှားကျန်းမာရေးဝန်ကြီး Mikhail Murashko က မီဒီယာများကို ဩဂုတ် ၈ ရက်တွင် ပြောကြားခဲ့သည်။
ရုရှားသက်ဆိုင်ရာဌာနများက ဒဏ်ရာရသူများအား လိုအပ်သည့် ဆေးကုသမှု အကူအညီများ အားလုံး ပံ့ပိုးလျက်ရှိကြောင်း Mikhail Murashko က ပြောကြားခဲ့သည်။
အဆိုပါတိုက်ခိုက်မှုကြောင့် Kursk ပြည်နယ်တွင် လူ ၄ ဦး သေဆုံးခဲ့ကြောင်း ယင်းပြည်နယ် ယာယီဒုတိယ အုပ်ချုပ်ရေးမှူး Andrei Belostotsky က ဩဂုတ် ၈ ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်။ ဒေသခံအစိုးရက တိုက်ခိုက်ခံရသည့်ဧရိယာမှ ဒေသခံ ၃,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး လူပေါင်း ၁,၅၀၀ ကို ယာယီနေအိမ်များတွင် နေရာချထားကြောင်း သိရသည်။

ရုရှားလက်နက်ကိုင်အင်အားနှင့် ရုရှားနိုင်ငံ ဖက်ဒရယ်လုံခြုံရုံး နယ်စပ်ကာကွယ်ရေးဌာန နယ်စပ်ကာကွယ်ရေးတပ်ဖွဲ့တို့က Kursk ပြည်နယ် Sudzha ဒေသစသည့် နေရာများ၌ ယူကရိန်းတို့၏ တိုက်ခိုက်မှုကို ဆက်လက်တားဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက လူမှုကွန်ရက်စာမျက်နှာတွင် ဩဂုတ် ၈ ရက်က ဖော်ပြထားသည်။ ရုရှားစစ်တပ်က ယူကရိန်းနိုင်ငံ Sumy ပြည်နယ်ရှိ ယူကရိန်းစစ်တပ် အရန်တပ်ဖွဲ့ကို လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ (Xinhua)
……………………….
(Chinese Version)
俄库尔斯克州遇袭受伤人数增至66人
新华社莫斯科8月8日电(记者黄河)俄罗斯卫生部长穆拉什科8日向媒体通报说,6日以来乌克兰对俄罗斯库尔斯克州的袭击已造成包括9名儿童在内的66人受伤。
穆拉什科说,俄有关部门正在向伤者提供一切必要的医疗援助。
库尔斯克州代理副州长别洛斯托茨基8日早些时候说,上述袭击已造成该州4人死亡。当地政府已组织约3000名居民撤出遭袭区域,约1500人被安置在临时住所。
俄罗斯国防部8日在社交媒体上发文说,俄武装力量和俄联邦安全局边防部队继续在库尔斯克州苏贾区等多地阻击乌克兰的袭击。俄军还对乌克兰苏梅州的乌军预备部队进行了空中打击。(完)
1. 这是7月28日在俄罗斯圣彼得堡拍摄的参加俄罗斯海军节阅兵式的军舰。新华社发(莫京娜 摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.