Connect with us

Asia

ဗီယက်နမ်နိုင်ငံတွင် တိုင်ဖုန်း ရာဂီ မုန်တိုင်းကြောင့် လူ ၆၅ ဦး သေဆုံးပြီး ၃၉ ဦး ပျောက်ဆုံး

ဗီယက်နမ်နိုင်ငံ၊ Hung Yen ပြည်နယ်တွင် ပျက်စီးသွားသော ငှက်ပျောစိုက်ခင်းနေရာကို ကြည့်ရှုစစ်ဆေးနေသော အမျိုးသားတစ်ဦးအား စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံတွင် စက်တင်ဘာ ၁၀ ရက် နံနက် ၆ နာရီအထိ တိုင်ဖုန်းမုန်တိုင်း ရာဂီ နှင့် ၎င်း၏ နောက်ဆက်တွဲ သက်ရောက်မှုများကြောင့် လူ ၆၅ ဦး သေဆုံးပြီး ၇၅၂ ဦး ဒဏ်ရာရကာ အခြား ၃၉ ဦး ပျောက်ဆုံးနေကြောင်း ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း သိရသည်။
“ရာဂီ” ကြောင့် ဗီယက်နမ်နိုင်ငံရှိ နေရာအများအပြားတွင် ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားခဲ့ရာ ယင်းတို့အနက် Quang Ninh ပြည်နယ်နှင့် ဟိုင်ဖောင်မြို့တွင် ဒဏ်ရာရသူဦးရေ အများဆုံးဖြစ်ပြီး လူ ၅၃၆ ဦးနှင့် ၈၁ ဦး အသီးသီးရှိခဲ့ကြောင်း၊ ထို့အပြင် ဆန်စပါး စိုက်ဧရိယာ ၁၁၄,၀၀၀ ဟက်တာခန့်နှင့် သီးပင်စိုက်ဧရိယာ ၆,၈၈၇ ဟက်တာ ပျက်စီးခဲ့ပြီး သစ်ပင်ပေါင်း ၁၂၁,၇၀၀ ပင်ကျိုးကျကာ ငါးပုစွန်မွေးမြူရေးကန် ၁,၅၀၀ ကျော် ပျက်စီး သို့မဟုတ် မျောပါသွားခဲ့သလို ကြက်၊ ဘဲအကောင်ရေ ၁၉၀,၀၀၀ ခန့် သေဆုံးခဲ့ကြောင်း စာရင်းဇယားများအရ သိရသည်။
Yên Bái ပြည်နယ်နှင့် Lao Cai ပြည်နယ်ရှိ Thao မြစ်၏ ရေမျက်နှာပြင်သည် စက်တင်ဘာ ၁၀ ရက် နံနက်အစောပိုင်းတွင် ၁၉၆၈ ခုနှစ်နှင့် ၂၀၀၈ ခုနှစ် သမိုင်းဝင် အမြင့်ဆုံးရေမျက်နှာပြင်ထက် တစ်မီတာခန့် မြင့်တက်ခဲ့ကြောင်း ဗီယက်နမ်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ ဟနွိုင်းမြို့တော်ရှိ မြစ်အများအပြားသည် အမြင့်ဆုံး သတိပေးအဆင့် ရေမျက်နှာပြင်သို့ မြင့်တက်လာခဲ့သည်။ စက်တင်ဘာ ၉ ရက် ညပိုင်းမှစတင်၍ ဟနွိုင်းမြို့ရှိ မြစ်နီမြစ်ရေမျက်နှာပြင်သည် ဆက်လက်မြင့်တက်နေပြီး မြို့တွင်းရှိ နေရာအများအပြား ရေနစ်မြုပ်လျက်ရှိသည်။
“ရာဂီ” သည် စက်တင်ဘာ ၇ ရက်က ဗီယက်နမ်မြောက်ပိုင်းသို့ဝင်ရောက်တိုက်ခက်ခဲ့သည်။ “ရာဂီ” သည် ဗီယက်နမ်နိုင်ငံ အနောက်မြောက်ပိုင်း ဒေသတွင် အပူပိုင်း လေဖိအားနည်း ရပ်ဝန်းအဖြစ်သို့ အားလျော့သွားကာ တိုင်ဖွန်းမုန်တိုင်း၏ နောက်ဆက်တွဲ သက်ရောက်မှုကြောင့် ဗီယက်နမ် မြောက်ပိုင်းဒေသတွင် အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ ဇလဗေဒနှင့် မိုးလေဝသစင်တာ၏ အဆိုအရ သိရသည်။ (Xinhua)


………………………………
(Chinese Version)
台风“摩羯”在越南造成65人死亡、39人失踪
新华社河内9月10日电(记者胡佳丽)越南农业与农村发展部10日说,截至当天6时,台风“摩羯”及其后续影响在越南已造成65人死亡、752人受伤,另有39人失踪。
据统计,“摩羯”在越南多地引发洪水和山体滑坡等灾害,其中广宁省和海防市受伤人数最多,分别有536人和81人。此外,约11.4万公顷稻米、6887公顷果树受损,12.17万棵树木被折断,1500多个水产养殖网箱受损或被冲走,19万只家禽死亡。
据越南媒体报道,10日凌晨,安沛省和老街省的洮江水位分别比1968年和2008年的历史最高水位高出约一米。首都河内多条河流上涨至最高警戒水位。自9日晚间以来,河内红河水位不断上涨,市内不少地区被淹。
“摩羯”7日在越南北部登陆。据越南国家水文气象预报中心消息,“摩羯”8日上午在越南西北地区已减弱为热带低气压,受台风后续影响,越南北部地区出现持续强降雨。(完)
图说:9月8日,在越南兴安省,一名男子查看受损的香蕉种植区。