Connect with us

International Organizations

အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီ (USADA) အား စေ့စေ့စပ်စပ် ပြင်ဆင်ရန် WADA က တိုက်တွန်း

ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီ (WADA) အမှတ်တံဆိပ်ပုံကို တွေ့ရစဉ်

ပေကျင်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
မကြာသေးမီက ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီ (WADA) က အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီ (USADA) ထံ ပေးပို့ခဲ့သော စာတစ်စောင်တွင် USADA အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွင် ကာလကြာရှည်စွာ ချို့ယွင်းချက်များ ရှိနေသည်နှင့် ပတ်သက်၍ “ဘက်စုံ စေ့စေ့စပ်စပ်” ပြင်ဆင်မှုများ ပြုလုပ်ရန် ပြင်းပြင်းထန်ထန် တောင်းဆိုထားကြောင်း သိရသည်။
သတင်းထောက်မှရရှိထားသော USADA ဒါရိုက်တာဘုတ်အဖွဲ့ဥက္ကဋ္ဌ Toby Smith ထံပေးသောစာတွင် အမေရိကန်နိုင်ငံရှိ အားကစားသမား ၉၀ ရာခိုင်နှုန်း၊ အထူးသဖြင့် ကောလိပ်ကျောင်းသား အားကစားသမားများနှင့် ပရော်ဖက်ရှင်နယ်လိဂ်အားကစားသမားများသည် နိုင်ငံတကာစံနှုန်းများဖြင့်သတ်မှတ်ထားသော မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စနစ်၏ အကာအကွယ်မရှိကြောင်း၊ နိုင်ငံခြား ကောလိပ်ကျောင်းသား အားကစားသမားများသည် အမေရိကန်နိုင်ငံသို့ သွားရောက်လေ့ကျင့်ရေးဆင်းခြင်းကို “မူးယစ်ဆေးဝါး အားလပ်ရက်ယူခြင်း” ဟုပင်ခေါ်ဆိုကြကြောင်း WADA က ထောက်ပြခဲ့သည်။ ၎င်းတို့သည့် အိုလံပစ်ပြိုင်ပွဲစသည့် နိုင်ငံတကာပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုနှင့် ငွေတံဆိပ်ဆုရရန် ယှဉ်ပြိုင်ကြသောကြောင့် ပြိုင်ပွဲမှာ တရားမျှတမှုမရှိ ဖြစ်ပေါ်ခဲ့ရသည်ဟု WADA က ဖော်ပြထားသည်။ အားကစားသမားများအား နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စနစ်အောက်တွင် ထည့်သွင်းထားသော်လည်း USADA မှ နှစ်စဉ် ပြုလုပ်သော စမ်းသပ်မှု အရေအတွက်သည် လုံလောက်ခြင်းမရှိကြောင်း၊ ထို့အပြင် USADA သည် သတင်းအချက်အလက်များရရှိစေရန် အကြောင်းပြု၍ တားမြစ်ဆေး အသုံးပြုမှုကို ပြင်းထန်စွာ ချိုးဖောက်ထားသည့် အားကစားသမားများအား “သူလျှို” အဖြစ် ပြိုင်ပွဲများတွင် ဆက်လက် ပါဝင်ခွင့်ပြုခြင်း၊ ဆုတံဆိပ်များရယူခြင်းနှင့် ဆုကြေးငွေများရယူခြင်းသည် “ကမ္ဘာ့မူးယစ်ဆေးဝါးဆန့်ကျင်ရေးစည်းမျဉ်းများ”ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် WADA သည် အမေရိကန်နိုင်ငံအား “မိမိတို့၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစနစ်နှင့်ပတ်သက်၍ အထူးသဖြင့် ကောလိပ်ကျောင်းအားကစား၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို စေ့စေ့စပ်စပ် ပြင်ဆင်ရေး လုပ်ဆောင်ရန် ” ပြင်းပြင်းထန်ထန် တိုက်တွန်းခဲ့သည်။ “WADA အနေဖြင့် နိုင်ငံရေး စွက်ဖက်မှုကို မကြောက်ဘဲ “စည်းမျဉ်းများ”ကို မကြောက်မရွံ့ တရားမျှတစွာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး အားကစားသမားများစသည့် အားကစားနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ နိုင်ငံနှင့် ဒေသဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့များ၊ အစိုးရဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
စာထဲတွင် အမေရိကန် တစ်နိုင်ငံလုံးဆိုင်ရာ ကောလိပ်အားကစားအသင်း (NCAA) နှင့် ပရော်ဖက်ရှင်နယ်လိဂ်များသည် “ကမ္ဘာ့မူးယစ်ဆေးဝါးဆန့်ကျင်ရေးစည်းမျဉ်းများ” ၏ အုပ်ချုပ်မှုအောက်တွင်မရှိသောကြောင့် ၎င်း၏ အားကစားသမားများဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကြီးကြပ်မှုသည် “နိုင်ငံတကာအသိအမှတ်ပြုစံနှုန်းများထက် အလွန်နိမ့်ကြောင်း” WADA ကထောက်ပြခဲ့သည်။ NCAA ၏ အဖွဲ့ဝင်ကျောင်းများမှ ကျောင်းသားအားကစားသမား အများအပြားသည် ကမ္ဘာ့အဆင့်မီလက်ရွေးစင်များဖြစ်လာကြမည်ဖြစ်ပြီး ပဲရစ်အိုလံပစ်ပြိုင်ပွဲတွင် အမေရိကန်ကိုယ်စားလှယ်အဖွဲ့မှ လက်ရွေးစင် လေးပုံသုံးပုံသည် ကောလိပ်အားကစားစနစ်မှ ရောက်ရှိလာကြောင်း စာရင်းဇယားများအရ သိရသည်။
“USDA အမှုဆောင်အရာရှိချုပ် Travis Tygart ပင်လျှင် ကောလိပ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစနစ်၏ ချို့ယွင်းချက်များကို ဝန်ခံခဲ့သည်” ဟု WADA မှ ပြောကြားခဲ့သည်။
USADA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ထိရောက်မှုမရျိသောပြဿနာသည် အမေရိကန်နိုင်ငံရှိ ပြည်တွင်းအားကစားသမားများအပေါ်တွင်သာ သက်ရောက်မှုရှိတော့သည်မဟုတ်ဘဲ အမေရိကန်နိုင်ငံ၌ လေ့ကျင့်ရေးဆင်းသော နိုင်ငံခြားလက်ရွေးစင်များကိုလည်း Tygart က “မူးယစ်ဆေးဝါး အားလပ်ရက်ယူခြင်း” ဟုခေါ်ဆိုခဲ့ကြောင်း WADA မှ ပြောကြားခဲ့သည်။ ပဲရစ်အိုလံပစ်ပြိုင်ပွဲတွင် နိုင်ငံ (ဒေသ) ပေါင်း ၁၀၀ကျော်မှ နိုင်ငံခြားကောလိပ်အားကစားသမား ၁,၀၀၀ ကျော်သည် အမေရိကန်နိုင်ငံတွင် လေ့ကျင့်မှုများ ပြုလုပ်ခဲ့၊ ပြုလုပ်ဆဲ (သို့မဟုတ်) နောက်ပိုင်းလည်း လေ့ကျင့်မှုများ ပြုလုပ်ကြမည်ဖြစ်သည်။ ၎င်းတို့အနက် နိုင်ငံ (ဒေသ) ပေါင်း ၂၆ နိုင်ငံမှ လူ ၂၇၂ ဦးသည် ဆုတံဆိပ် ၃၃၀ ဆွတ်ခူးရရှိခဲ့သည်။
ထို့ပြင် မူးယစ်ဆေးဝါး စစ်ဆေးမှု အရေအတွက် နည်းပါးမှုကလည်း USADA က ကြီးကြပ်မှုအားနည်းကြောင်းဖော်ပြနေသည်ဟု WADA မှ ပြောကြားခဲ့သည်။ စာရင်းဇယားများအရ ၂၀၂၃ ခုနှစ်တွင် အားကစားသမား ၃,၀၁၁ ဦးထံမှ နမူနာစစ်ဆေးမှု ၇,၇၇၃ ခု ပြုလုပ်ခဲ့ပြီး “အိုလံပစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သော အမေရိကန် ကိုယ်စားလှယ်အဖွဲ့၏ ပမာဏနှင့် နှိုင်းယှဉ်ပါက ကိန်းဂဏန်းများမှာ စိတ်ပျက်စရာဖြစ်ကြောင်း” WADAက ဖော်ပြထားသည်။ ပြင်သစ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီသည် USADA ဘတ်ဂျက်၏ သုံးပုံတစ်ပုံခန့်သာ အသုံးပြုသော်လည်း စစ်ဆေးမှု အရေအတွက်မှာမူ အမေရိကန်နိုင်ငံထက် အလွန်များကြောင်း၊ တရုတ်၊ ဗြိတိန်၊ ရုရှားနှင့် အီတလီနိုင်ငံတို့၏ စစ်ဆေးမှု အရေအတွက်သည်လည်း အမေရိကန်နိုင်ငံထက် များကြောင်း WADA က ဆက်လက်ထောက်ပြခဲ့သည်။
မိမိကိုယ်တိုင်၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်မှုမှာ မလုံလောက်သော်လည်း USADA သည် အမေရိကန် အားကစားသမားများအား ၎င်းတို့၏ ပြည်ပပြိုင်ဘက်များက မရိုးသားဘူးဟု ထင်မြင်လာအောင် ကြိုးပမ်းသေးသည်ဟု WADA မှ ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် USADA သည် ပြင်းထန်စွာ “သူလျှို” အဖြစ် သတင်းအချက်အလက်များထောက်လှမ်း ပံ့ပိုးပေးရန် တားမြစ်ဆေး အသုံးပြုမှု ချိုးဖောက်ထားသော အမေရိကန်အားကစားသမားများကို နိုင်ငံတကာပြိုင်ပွဲများတွင် ဆက်လက်ပါဝင်ခွင့်ပြုခြင်း စည်းမျဉ်းများကို ချိုးဖောက်ခဲ့သည်။
ထို့အပြင် WADA သည် ဥရောပနှင့်အခြားဒေသများရှိ ဥပဒေစိုးမိုးရေးအေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်မှုမှတဆင့် အမေရိကန်နိုင်ငံက ကြီးမားသော တားမြစ်ဆေး ရောင်းချခြင်းနှင့် ဖြန့်ဖြူးရေးစျေးကွက်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ယင်းမှာ အားကစားအသိုင်းအဝိုင်း ပြဿနာသာမက လူမှုရေးပြဿနာတစ်ခုလည်းဖြစ်သည်။
ဤအရာများအားလုံးကိုအခြေခံ၍ WADA သည် ဥရောပ၊ အာဖရိကနှင့် အာရှတို့မှ နိုင်ငံနှင့် ဒေသတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအေဂျင်စီ ၃၂ ခုမှ စာဖြင့် ပေးပို့တောင်းဆိုမှုများအရ ကိုယ်ပိုင်ပြဿနာများကို ပြင်ဆင်ရန် USADA ထံ တောင်းဆိုခဲ့သည်။ (Xinhua)
……………………………..
(Chinese Version)
WADA强烈要求美国反兴奋剂机构彻底整改
新华社北京9月10日电(记者马向菲 李春宇)世界反兴奋剂机构(WADA)近日在给美国反兴奋剂机构(USADA)的一封信中,强烈要求对方针对长期以来反兴奋剂工作上的不足,进行“全面彻底”的整改。
在记者拿到的写给USADA理事会主席托比·史密斯的信中,WADA指出美国有90%的运动员没有得到具有国际标准的反兴奋剂系统保护,尤其是大学生运动员和职业联赛运动员,外国大学生运动员在美国训练甚至被称为“度兴奋剂假期”。他们在奥运会等国际大赛上争金夺银,导致不公平竞赛。即使被纳入国际反兴奋剂体系下的运动员每年接受USADA的检查数量也严重不足;此外,USADA以获取情报为理由,让严重兴奋剂违规的运动员以 “卧底” 身份继续参加比赛、取得奖牌、获得奖金,违反了《世界反兴奋剂条例》。
因此,WADA强烈呼吁美国“针对自己的反兴奋剂系统,尤其是大学生体育的反兴奋剂工作进行全面彻底整改”。“WADA不惧政治干扰,将会继续无畏而公正地执行《条例》,与运动员等体育界人士、国家和地区反兴奋剂组织以及政府部门保持合作。”
在信中,WADA指出由于美国全国大学体育协会和职业联赛不受《世界反兴奋剂条例》管辖,因此其麾下运动员受到的反兴奋剂监管“远低于国际承认的标准”。而全国大学体育协会成员学校的很多学生运动员将成长为具有世界水平的选手,据统计巴黎奥运会美国代表团四分之三的选手来自大学体育系统。
“即使USADA的首席执行官泰加特也承认大学反兴奋剂系统的不足。”WADA说。
WADA说,USADA反兴奋剂力度不足的问题早已不单单影响美国本土选手,在美国训练的外国选手被泰加特称为“度兴奋剂假期”。在巴黎奥运会上,有超过1000名、来自100多个国家(地区)的外国大学生运动员曾经、正在或者即将在美国训练。其中,来自26个国家(地区)的272人拿到330块奖牌。
WADA说,兴奋剂检查数量少也表明USADA监管不力。根据统计,2023年仅仅3011名运动员接受了7773例检查,“与美国参加奥运会的代表团规模相比,数字令人失望。” WADA继续指出,法国反兴奋剂机构仅仅用了USADA大概三分之一的预算,执行的检查数量却远超美国,中国、英国、俄罗斯和意大利检查数量也比美国多。
WADA说,虽然本身反兴奋剂力度不足,USADA还试图让美国运动员认为他们的外国对手不够诚信。与此同时,USADA还违规允许严重兴奋剂违规的美国选手继续参加国际大赛,条件是他们作为卧底提供情报。
此外,WADA还通过与欧洲和其他地区执法机构合作得知,美国是巨大的兴奋剂销售和分销市场,这不但是体育圈问题,更是一个社会问题。
鉴于此种种,WADA在32个来自欧洲、非洲和亚洲的国家和地区反兴奋剂机构来信要求下,让USADA针对自身问题进行整改。(完)
Photo: The logo of the World Anti-Doping Agency (WADA).