Connect with us

Politics, Law & Military

တရုတ်ကမ်းခြေစောင့်တပ် အမှတ် ၅၂၀၅ သင်္ဘော ကို ဖိလစ်ပိုင် အမှတ် ၉၇၁၀ သင်္ဘော ရည်ရွယ်ချက်ရှိရှိတိုက်ခဲ့သည့်အပေါ် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပေကျင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်းပင်းကျောင်း ကျောက်ဆောင်တွင် တရားမဝင်ရပ်နားထားသည့် ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် အမှတ် ၉၇၀၁ သင်္ဘော သည် ဩဂုတ် ၃၁ ရက် ၈ နာရီ ၀၂ မိနစ်တွင် ကျောက်ဆူး မတင်၍ ရှန်းပင်းကျောင်း ကျောက်ဆောင်တွင် ဆက်တိုက်မောင်းနှင်လှုပ်ရှား၍ ရန်စမှုများပြုခဲ့ရာ တရုတ်ကမ်းခြေစောင့်တပ် အမှတ် ၅၂၀၅ သင်္ဘော က တရားဥပဒေနှင့်အညီ အမှတ် ၉၇၀၁ သင်္ဘောကို သတိပေးပြောကြားမှု၊ လိုက်ပါစောင့်ကြည့်စီမံထိန်းချုပ်မှု စသည့်တို့ကို လုပ်ဆောင်ခဲ့ကြောင်း တရုတ်ကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့်ရှိသူ လျိုတယ်ကျွင်းက ပြောကြားခဲ့သည်။၁၂ နာရီ ၀၆ မိနစ်တွင် တရုတ်နိုင်ငံ၏ ပုံမှန် အခွင့်အရေးကာကွယ်ထိန်းသိမ်းမှုနှင့် တရားဥပဒေစိုးမိုးမှု လုပ်ဆောင်နေသည့် အမှတ် ၅၂၀၅ သင်္ဘောကို ဖိလစ်ပိုင် အမှတ် ၉၇၀၁ သင်္ဘောက ကျွမ်းကျင်မှုမရှိ၊ အန္တရာယ်များသည့် နည်းလမ်းဖြင့် ရည်ရွယ်ချက်ရှိစွာ တိုက်ခဲ့မှုကြောင့် ပွတ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း၊ ယင်းတာဝန်အလုံးစုံမှာ ဖိလစ်ပိုင်၌သာရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ရှန်းပင်းကျောင်း ကျောက်ဆောင်တွင် တရားမဝင်ရပ်နားထားသည့် ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် အမှတ် ၉၇၀၁ သင်္ဘောက တရုတ်ကမ်းခြေစောင့်တပ် အမှတ် ၅၂၀၅ သင်္ဘောဘယ်ဘက်ခြမ်းသို့ ရည်ရွယ်ချက်ရှိစွာ တိုက်ခဲ့၍ ပွတ်တိုက်မှု ဖြစ်ပွားခဲ့သည်ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၃၁ ရက် ၁၂ နာရီခန့်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်းပင်းကျောင်း ကျောက်ဆောင်တွင် တရားမဝင်ရပ်နားထားသည့် ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် အမှတ် ၉၇၀၁ သင်္ဘောက တရုတ်ကမ်းခြေစောင့်တပ် အမှတ် ၅၂၀၅ သင်္ဘောဘယ်ဘက်ခြမ်းသို့ ရည်ရွယ်ချက်ရှိစွာ တိုက်ခဲ့၍ ပွတ်တိုက်မှု ဖြစ်ပွားခဲ့သည်ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၃၁ ရက် ၁၂ နာရီခန့်က တွေ့ရစဉ် (ဆင်ဟွာ)

လက်တွေ့ကို တည့်မှန်စွာ ရှုမြင်ရန်၊ မဖြစ်နိုင်သည့် စိတ်ကူးယဉ်မှုကို စွန့်လွှတ်ရန် ၊ ချက်ချင်းနောက်ပြန်လှည့်ခြင်းကသာ မှန်ကန်သော တစ်ခုတည်း နည်းလမ်းဖြစ်ပြီး အခြေအနေများကို မှားယွင်းစွာ သုံးသပ်မှု မပြုရန်၊ အာရုံစိုက်ဖွယ်များကို ဖန်တီးခြင်း မပြုရန်၊ အခြေအနေများကို အရှိန်မြှင့်တင်ခြင်း မပြုရန်၊ သို့မဟုတ်လျှင် ထိုမှဖြစ်ပွားသည့် နောက်ဆက်တွဲကိစ္စရပ်များကို ဖိလစ်ပိုင်က တာဝန်ယူရမည် ဖြစ်သည်ဟု မိမိတို့အနေဖြင့် ထပ်မံ ပြောကြားလိုက်ကြောင်း၊ တရုတ်နိုင်ငံသည် ရှန်းပင်ကျောင်း အပါအဝင် နန်ရှားကျွန်းစုနှင့် ၎င်းအနီး ပင်လယ်ပြင်တွင် အငြင်းပွားဖွယ်မရှိသော အချုပ်အခြာအာဏာကို ပိုင်ဆိုင်ကြောင်း၊ တရုတ်ကမ်းခြေစောင့်တပ်က လိုအပ်သည့် အစီအမံများကို ဆောင်ရွက်သွားမည် ဖြစ်ပြီး ပြဿနာလုပ်ခြင်း၊ ရန်စသည့် အခွင့်အရေးချိုးဖောက်မှု အလုံးစုံကို ပြတ်ပြတ်သားသား တားဆီးသွားမည် ဖြစ်သလို နိုင်ငံ၏ နယ်မြေပိုင်နက် အချုပ်အခြာအာဏာနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ အခွင့်အရေးနှင့်အကျိုးစီးပွားကို ခိုင်မာစွာ ကာကွယ် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း လျိုတယ်ကျွင်းက ပြောကြားခဲ့သည်။ (Xinhua)

—————————–
中国海警局新闻发言人就菲9701号船故意冲撞我海警5205舰发表谈话
中国海警局新闻发言人刘德军表示,8月31日08时02分,菲律宾非法滞留中国仙宾礁的海警9701号船起锚,位仙宾礁潟湖内持续机动、寻衅肇事,中方海警5205舰依法依规对9701号船采取喊话警告、跟监管控等措施。12时06分,菲9701号船以不专业、危险方式故意冲撞中方正常维权执法的5205舰,导致发生擦碰,责任完全在菲方。我们再次正告菲方正视现实、放弃幻想,立即自行撤走才是唯一正确途径,不要误判形势、制造热点、升级事态,否则由此引发的一切后果由菲方承担。中国对包括仙宾礁在内的南沙群岛及其附近海域拥有无可争辩的主权,中国海警将采取必要措施,坚决挫败一切挑头闹事、多点滋事的侵权行径,坚决维护国家领土主权和海洋权益。
1. 8月31日12时许,非法滞留中国仙宾礁的菲律宾9701号船寻衅肇事,位中国海警5205舰左舷,故意冲撞我舰,并发生碰撞。 新华社记者 郭良川 摄