Connect with us

North America

ထရမ့် က “ခင်ဗျားက နယ်စပ် ဖွင့်ပေးပြီး ရာဇ၀တ်ကောင်တွေကို ဝင်လာခွင့်ပေးလိုက်တာ”၊ ဟားရစ် က “ရှင်က ရာဇဝတ်ကောင်ပဲ” ဟု အပြန်အလှန် ပြောဆို

အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့ရှိ သမ္မတလောင်း စကားစစ်ထိုးပွဲ မီဒီယာစင်တာမှ ရိုက်ကူးသော တိုက်ရိုက်ထုတ်လွှင့်သည့်ဗီဒီယိုတွင် ရုပ်မြင်သံကြား စကားစစ်ထိုးပွဲတွင် ပါဝင်တက်ရောက်လာသော အမေရိကန် ဒီမိုကရက်တစ်သမ္မတလောင်း ဒုတိယသမ္မတ ဟားရစ် (ယာ) နှင့် ရီပက်ဘလစ်ကန်သမ္မတလောင်း၊ သမ္မတဟောင်း ထရမ့်တို့အား စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖီလာဒဲလ်ဖီးယား၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဒုတိယသမ္မတ၊ ဒီမိုကရက်တစ်သမ္မတလောင်း ဟားရစ်နှင့် ရီပက်ဘလစ်ကန်သမ္မတလောင်း ထရမ့်တို့သည် ၎င်းတို့၏ ပထမဆုံး ရုပ်မြင်သံကြား စကားစစ်ထိုးပွဲတွင် အဆက်မပြတ် “စကားများရန်ဖြစ်”ခဲ့ကြသည်။ ဟားရစ် စသည့် ဒီမိုကရက်များသည် ဆန္ဒမဲရရှိရန် ရွှေ့ပြောင်းအခြေချသူ အများအပြားကို နိုင်ငံတွင်းသို့ ဝင်ရောက်ရန် ခွင့်ပြုပေးခဲ့ပြီး ယင်းသည် “ရာဇ၀တ်ကောင်များ”၊ “အကြမ်းဖက်သမားများ” နှင့် “မူးယစ်ဆေးရောင်းဝယ်သူများ” ကို အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်ခွင့် ပြုလိုက်ခြင်းနှင့် ညီမျှပြီး အမေရိကန်နိုင်ငံ၏ ရာဇ၀တ်မှုဖြစ်ပွားနှုန်းကို မြင့်တက်စေသည်ဟု ဒီမိုကရက်တစ်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ထရမ့်က တိုက်ခိုက်ရာတွင် ပြောဆိုခဲ့သည်။ဤစကားများသည် တရားစွဲခံရသူတစ်ဦး နှုတ်မှ ပြောထွက်ပေါ်လာခြင်းဖြစ်သည်ဟု ဟားရစ်က တုံ့ပြန်ခဲ့သည်။ ထရမ့်ကို ရွေးကောက်ပွဲဝင်ရောက်စွက်ဖက်မှု၊ စီးပွားရေးရာဇ၀တ်မှုစသည်တို့တွင် သံသယရှိသော “ရာဇ၀တ်ကောင်” ဖြစ်သည်ဟု ၎င်းက စောင်းပါးရိပ်ခြည်ပြောခဲ့သည်။ဟားရစ်သည် ယခင်က အခမ်းအနားအများအပြားတွင် အစိုးရရှေ့နေအဖြစ် အမှုထမ်းခဲ့ပြီး အမျိုးမျိုးသော ရာဇ၀တ်မှုကျူးလွန်သူများနှင့် ဆုံတွေ့ခဲ့သည်ကို အကြိမ်ကြိမ် အလေးပေးပြောကြားခဲ့သည်။

ထရမ့်တွင် တရားစွဲခံထားရသော ပြစ်မှုပေါင်း ၄ ခုရှိပြီး၊ နယူးယောက်ပြည်နယ် “နှုတ်ပိတ်ခငွေပေးမှု”အတွက် ပြစ်ဒဏ်ချမည့်နေ့ကို ရွေးကောက်ပွဲပြီးနောက်ရွှေ့ဆိုင်းလိုက်ပြီး “လျှို့ဝှက်စာရွက်စာတမ်းများ ပေါက်ကြားမှု” အတွက် တရားရုံးကြားနာမည့်ရက်စွဲကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပြီး၊ “၂၀၂၀ သမ္မတ ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်ခြင်း” အမှုကလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ သက်ဆိုင်ရာ စီရင် ဆုံးဖြတ်ချက်ကြောင့် စစ်ဆေးမှုသည် သိသိသာသာ နှောင့်နှေးခဲ့ပြီး ဂျော်ဂျီယာပြည်နယ်ရှိ ထရမ့်၏ “အသာစီးပြန်ယူရေး မအောင်မြင်မှု” အမှုသည် အစိုးရရှေ့နေ၏ “ပုဂ္ဂိုလ်ရေးရာ သတင်းဆိုး” များကြောင့် နှောင့်နှေးခဲ့ရသည်ဟု အေပီ သတင်းဌာန၏ စုစည်းမှုအရ သိရသည်။ (Xinhua)

…………………………………………
(Chinese Version)
特朗普:你放开边境让罪犯涌入 哈里斯:你就是罪犯
美国副总统、民主党总统候选人哈里斯和共和党总统候选人特朗普在两人首场电视辩论中“嘴仗”不断。特朗普攻击民主党政府的移民政策说,哈里斯等民主党人为获得选票放行大量移民入境,相当于允许“数以百万计罪犯”“恐怖分子”“毒贩”涌入美国,推高美国犯罪率。
哈里斯则回应说,这番话来自一个受起诉人之口。她暗示,特朗普就是“罪犯”,涉嫌干预选举、经济罪等。
哈里斯先前在多个场合强调自己当过检察官、与各种罪犯较量过。
据美联社梳理,特朗普共受4起刑诉,纽约州“封口费”案量刑宣判时间推迟至大选后,“密件风波”案开庭日期遭无限期推迟,“干预2020年总统选举”案因联邦最高法院相关裁定而大幅延迟审理,特朗普在佐治亚州的“翻盘未遂”案则因主控检察官的“桃色新闻”而迟滞。(记者:陈丹、鲁豫;视频:王玉珏)
图说:这张9月10日在美国费城总统辩论媒体中心拍摄的视频直播画面显示,美国民主党总统候选人、副总统哈里斯(右)与共和党总统候选人、前总统特朗普在费城参加电视辩论。