Connect with us

Africa & Middle East

“ဖီလာဒဲဖီးယားစင်္ကြံ” တွင် စစ်တပ် အခြေစိုက်ထားမည်လားဟူသည့် အခြေအနေအပေါ် အစ္စရေးနိုင်ငံအတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပွား

ဂါဇာကမ်းမြောင်ဒေသနှင့် အီဂျစ် နယ်စပ်ရှိ " ဖီလာဒဲဖီးယားစင်္ကြံ " ကို ကြည့်ရှုစစ်ဆေးနေသော အစ္စရေးကာကွယ်ရေးဝန်ကြီး Galante (အရှေ့) ကို ဩဂုတ် ၂၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – အစ္စရေးနိုင်ငံအစိုးရ ပြန်ကြားရေးရုံး)

ပေကျင်း၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသတွင် ထိန်းသိမ်းခံထားရသော အစ္စရေး ၆ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိကြောင်း အစ္စရေးနိုင်ငံကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁ ရက်၌ သတင်းထုတ်ပြန်ပြီးနောက် သဘောတူညီမှု အမြန်ဆုံး ရရှိပြီး ထိန်းသိမ်းခံထားရသူများကို ပြန်လွှတ်ပေးရန် ဂါဇာကမ်းမြောင်ဒေသနှင့် အီဂျစ် နယ်နိမိတ်ချင်း ထိစပ်နေသော “ဖီလာဒဲဖီးယားစင်္ကြံ” (Philadelphia Corridor) တွင် အခြေစိုက်တပ်ထားရှိရေး ဆုံးဖြတ်ချက်ကို ပြုပြင်ရန် လိုအပ်သည်ဟု ဆိုကာ အစ္စရေးကာကွယ်ရေးဌာနဝန်ကြီး Yoav Gallant က အစိုးရအဖွဲ့ အရေးပေါ် အစည်းအဝေး ပြုလုပ်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
အစ္စရေးအစိုးရအဖွဲ့အနေဖြင့် “ဖီလာဒဲဖီးယားစင်္ကြံ” တွင် အခြေစိုက်တပ်ထားရှိရေး ဆုံးဖြတ်ချက်ကို ပြုပြင်ရမည်ဖြစ်ကြောင်း Gallant က အဆိုပါနေ့ ညပိုင်းတွင် ဆိုရှယ်မီဒီယာ၌ ရေးသားခဲ့သည်။ တစ်ပြိုင်နက်တည်းမှာပင် ထိန်းသိမ်းခံထားရသော အစ္စရေးတပ်သားများ ပြန်လွှတ်ရေးကို လုံးဝ အကောင်အထည်ဖော်ရမည်ဟု ၎င်းကပြောကြားခဲ့သည်။
“ဖီလာဒဲဖီးယားစင်္ကြံ” ဆိုသည်မှာ ဂါဇာကမ်းမြောင်ဒေသနှင့် အီဂျစ်နယ်စပ်ရှိ ၁၄ ကီလိုမီတာရှည်လျားသော စစ်ဘက်ဆိုင်ရာ ကြားခံဇုန်အဖြစ် ဆောင်ရွက်သည့် ကျဉ်းမြောင်းရှည်လျားသောနယ်မြေတစ်ခုဖြစ်သည်။ ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) လက်ထဲမှ ၎င်းနယ်မြေထိန်းချုပ်ပိုင်ခွင့်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က မေလတွင် ကြေညာခဲ့သည်။ ဟားမက်စ်က အစ္စရေးကို “ဖီလာဒဲဖီးယားစင်္ကြံ” မှ တပ်များရုပ်သိမ်းရန် တောင်းဆိုခဲ့သော်လည်း အစ္စရေးဘက်က လုံးဝမရုပ်သိမ်းခဲ့ပေ။ ယင်းမှာ နှစ်ဘက်အပစ်အခတ်ရပ်စဲရေးနှင့် ထိန်းသိမ်းခံထားရသူများ ပြန်လည်လွှတ်ပေးရေး စေ့စပ်ညှိနှိုင်းမှုများကို ကျဉ်းထဲကျပ်ထဲ ကျရောက်စေသော အကြောင်းရင်းတစ်ခု ဖြစ်လာခဲ့သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်က အစ္စရေးလုံခြုံရေးအစိုးရအဖွဲ့က “ဖီလာဒဲဖီးယားစင်္ကြံ” တွင် အစ္စရေးတပ်များကို ဆက်လက်တပ်စွဲရန် မဲပေးဆုံးဖြတ်ခဲ့ကြောင်း Deutsche Presse Agentur သတင်းထုတ်ပြန်ချက်အရ သိရသည်။ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် Gallant တို့သည် အစိုးရအဖွဲ့ အစည်းအဝေးတွင် သဘောထားကွဲလွဲမှုများရှိခဲ့ကြောင်း၊ Gallant က “ဖီလာဒဲဖီးယားစင်္ကြံ” တွင် အခြေစိုက်တပ်ထားရှိရေးကို ဦးစားပေးစဉ်စားရန်ကိစ္စအဖြစ်သတ်မှတ်ခြင်းသည် ထိန်းသိမ်းခံထားရသော အစ္စရေးများကို သေဒဏ်ပေးလိုက်ရာရောက်သည်ဟု နေတန်ယာဟုကို ပြစ်တင်ပြောဆိုခဲ့ကြောင်း အချို့မီဒီယာများက ဖော်ပြထားသည်။ (Xinhua)
…………………..
(Chinese Version)
是否在“费城走廊”驻军?以色列内部现分歧
新华社北京9月2日电 以色列国防军9月1日通报在加沙地带发现6名以方被扣押人员遗体后,以国防部长约亚夫·加兰特呼吁召开内阁紧急会议,称需改变在加沙地带与埃及接壤的“费城走廊”保留驻军决定,以尽快达成释放被扣押人员协议。
加兰特当天晚些时候在社交媒体上写道,以色列内阁必须改变在“费城走廊”保留驻军的决定。他同时说,必须实现以方被扣押人员获释。
“费城走廊”是指加沙地带与埃及边界一段长约14公里、作为军事缓冲区的狭长地带。以军5月宣布已从巴勒斯坦伊斯兰抵抗运动(哈马斯)手中夺取对该地带的控制权。哈马斯要求以色列从“费城走廊”撤军,以方则坚持不撤,这成为导致双方停火和释放被扣押人员谈判陷入僵局的主要原因之一。
据德新社报道,以色列安全内阁数日前投票决定让以军继续驻扎在“费城走廊”。有媒体报道说,以总理本雅明·内塔尼亚胡和加兰特在内阁会议上产生分歧,加兰特指责内塔尼亚胡把在“费城走廊”驻军作为优先考虑事项,这无异于给所有以方被扣押人员判死刑。(李彦南)
图说:8月21日,以色列国防部长加兰特(前)在加沙地带与埃及接壤地区的“费城走廊”视察。新华社发(以色列政府新闻办公室供图)