Connect with us

China

အီရန်နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ ထိပ်တန်းအတွင်းရေးမှူး Ahmadian နှင့် ဝမ်ရိ တွေ့ဆုံ

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အီရန်နိုင်ငံ ထိပ်တန်းအမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး Ahmadian နှင့် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ စက်တင်ဘာ ၁၂ ရက်က တွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

စိန့်ပီတာစဘတ်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အီရန်နိုင်ငံ ထိပ်တန်းအမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး Ahmadian နှင့် စိန့်ပီတာစဘတ်မြို့၌ စက်တင်ဘာ ၁၂ ရက်တွင် တွေ့ဆုံခဲ့သည်။
တရုတ်-အီရန် ဆက်ဆံရေးသည် နိုင်ငံတကာ အပြောင်းအလဲ၊ အတက်အကျ စမ်းသပ်မှုကို ခံနိုင်ရည်ရှိပြီး ခိုင်မာသော အခြေခံအုတ်မြစ်ချခဲ့ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ တရုတ်နှင့် ချစ်ကြည်ရေးကို ဆက်လက်ထိန်းသိမ်းသွားမည့် အီရန်အစိုးရသစ်၏ ထပ်လောင်းပြောဆိုခြင်းကို တရုတ်က လေးစားချီးကျူးကြောင်းနှင့် တရုတ်-အီရန် ဆက်ဆံရေးကို ဆက်လက် ခိုင်မြဲပြီး နက်ရှိုင်းအောင် ဆက်လက်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ဝမ်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် တရုတ်-အီရန် ဆက်ဆံရေးကို မဟာဗျူဟာရှုထောင့်နှင့် ရေရှည်ရှုထောင့်မှ အမြဲရှုမြင်ပြီး အီရန်နိုင်ငံ၏ အချုပ်အခြာအာဏာလုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာကို ထိန်းသိမ်းကာကွယ်ရန် အီရန်အား ထောက်ခံကြောင်း၊ ၎င်း၏နိုင်ငံအခြေအနေများနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လျှောက်လှမ်းကာ ပြင်ပဝင်ရောက်စွက်ဖက်မှုနှင့် တရားမျှတမှုမရှိသော ဖိနှိပ်မှုများကို ဆန့်ကျင်ရာတွင်လည်း အီရန်ကို ထောက်ခံခဲ့ကြောင်း၊ နှစ်နိုင်ငံ အကြီးအကဲများ၏ အရေးကြီးသော သဘောတူညီမှုကို လမ်းညွှန်မှုအောက်တွင် တရုတ်-အီရန် ဆက်ဆံရေး တည်ငြိမ်မှုကို ထိန်းသိမ်း၍ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွ ပူးပေါင်းဆောင်ရွက်မြှင့်တင်ပြီး နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများ ရရှိစေရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယမန်နှစ်က အီရန်နှင့် ဆော်ဒီအာရေဗျတို့သည် ပေကျင်း၌ သမိုင်းဝင် ပြန်လည်ပေါင်းစည်းရေး အကောင်အထည်ဖော်နိုင်ခဲ့ရာ နိုင်ငံတကာအသိုင်းအဝိုင်းအများစု၏ ကြိုဆိုမှုရရှိခဲ့ကြကြောင်း ဝမ်ရိက ဖော်ပြခဲ့သည်။ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အပြုသဘောဆောင်သော အချက်ပြမှုများကို ဖော်ဆောင်ပေးနိုင်ရန် တရုတ်နိုင်ငံသည် အီရန်နှင့် ဒေသတွင်းနိုင်ငံများအကြား ဆွေးနွေးညှိနှိုင်းမှုများဖြင့် ကွဲလွဲမှုများကို ဖြေရှင်းရန်၊ ခက်ခက်ခဲခဲရရှိထားသော ပြန်လည်ပေါင်းစည်းရေး အရှိန်အဟုန်ကို ခိုင်မာစေရန်၊ ဆက်ဆံရေး လုပ်ငန်းစဉ်ကို ဆက်လက်တိုးတက်ကောင်းမွန်စေရန် ထောက်ခံကြောင်း ၎င်းက ပြောကြားခဲ့သည်။
အီရန်အစိုးရသစ်သည် အီရန်-တရုတ် ချစ်ကြည်ရေး ခိုင်မာအားကောင်းစေရန် အခိုင်အမာ ဆောင်ရွက်ပြီး တရုတ်နိုင်ငံနှင့် အတူ အီရန်-တရုတ် ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များကို အကောင်အထည်ဖော်တိုးမြှင့်ရန်နှင့် စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဒစ်ဂျစ်တယ်နည်းပညာ၊ ယဉ်ကျေးမှုခရီးသွားလုပ်ငန်းစသည့်ကဏ္ဍများတွင် ဘက်စုံ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း Ahmadian က ပြောကြားခဲ့သည်။ နိုင်ငံတကာအသိုင်းအဝိုင်းတွင် တာဝန်ကျေပွန်သော အင်အားကြီးနိုင်ငံတစ်ခုအနေဖြင့် လုပ်ဆောင်သော တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို အီရန်က လေးစားချီးကျူးခဲ့ကြောင်း၊ အီရန်-ဆော်ဒီရေဗျ ပေကျင်းတွေ့ဆုံဆွေးနွေးမှုကို အောင်မြင်စွာ ရင်ကြားစေ့ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း၊ အီရန်သည် တရုတ်နိုင်ငံနှင့် အပြန်အလှန် ပံ့ပိုးကူညီမှုများ ဆက်လက်လုပ်ဆောင်ပြီး ဘုံစိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဂါဇာအရေးနှင့် ပတ်သက်၍လည်း နှစ်ဖက် အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ဝမ်ရိက တရုတ်နိုင်ငံ၏ အခြေခံသဘောတရားနှင့် ရပ်တည်ချက်ကို အသေးစိတ် ရှင်းပြခဲ့သည်။ ထိပ်တန်း ဦးစားပေး အနေဖြင့် အမြဲတမ်း အပစ်အခတ်ရပ်စဲရေးနှင့် တပ်များ အလုံးစုံ ဆုတ်ခွာရေးကို မြှင့်တင်ရန်၊ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ကို ဆောလျင်စွာ ပြန်လည်စတင်ရန် ကြိုးပမ်းပြီး နောက်ဆုံးတွင် “ပါလက်စတိုင်းပိုင်ဆိုင်မှုကို ပါလက်စတိုင်းပြည်သူများမှ ဦးဆောင်၊ ပါလက်စတိုင်းပြည်သူများက ပါလက်စတိုင်းကို အုပ်ချုပ်” အား အကောင်အထည်ဖော်နိုင်ရန် နှစ်ဖက်စလုံးက အလေးပေးပြောကြားခဲ့သည်။ (Xinhua)


…………………………………..
(Chinese Version)
王毅会见伊朗最高国家安全委员会秘书艾哈迈迪安
新华社圣彼得堡9月12日电(记者安晓萌)9月12日,中共中央政治局委员、中央外办主任王毅在圣彼得堡会见伊朗最高国家安全委员会秘书艾哈迈迪安。
王毅说,中伊关系历经国际风云考验,奠定坚实基础。中方赞赏伊朗新政府重申将坚持对华友好,愿继续巩固深化伊中关系。中方始终从战略高度和长远角度看待中伊关系,支持伊朗维护国家主权安全和民族尊严,走出符合自身国情的发展道路,支持伊反对外部干涉和无理打压,愿以两国元首重要共识为指引,携手推动中伊关系保持稳定可持续发展,更好造福两国人民。
王毅表示,去年伊朗同沙特在北京实现历史性和解,得到国际社会普遍欢迎。中方支持伊朗同地区国家通过对话协商化解分歧,巩固来之不易的和解势头,持续改善关系进程,为地区和平稳定释放积极信号。
艾哈迈迪安表示,伊朗新政府坚定致力于巩固强化伊中友好,愿同中方推进落实伊中全面合作计划,拓展经贸投资、数字技术、人文旅游等全方位务实合作。伊朗赞赏中方在国际上发挥负责任大国作用,感谢中方成功斡旋伊沙北京对话,愿同中方继续相互支持,携手应对共同挑战。
双方就加沙问题交换了看法。王毅阐述了中方原则立场。双方强调当务之急是推动永久停火和全面撤军,争取早日重启“两国方案”,最终实现“巴人所有、巴人主导、巴人治巴”。(完)
图说:9月12日,中共中央政治局委员、中央外办主任王毅在圣彼得堡会见伊朗最高国家安全委员会秘书艾哈迈迪安。