Connect with us

North America

၁၆ နှစ်အတွင်း ပထမဆုံးအကြိမ် ဘိုးရင်း (Boeing) ဝန်ထမ်းများ သပိတ်မှောက်မှု၊ ပါဝင်သူပေါင်း ၃၀,၀၀၀ ကျော်ရှိ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ပြင်ရှိ Le Bourget လေဆိပ်တွင် ကျင်းပသော ပဲရစ်လေကြောင်းပြပွဲတွင် ပါဝင် ပြသခဲ့သော Boeing 737 MAX နှင့် Boeing 777X လေယာဉ်တို့ကို ၂၀၂၃ ခုနှစ် ဇွန် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းရှိ ဘိုးရင်း (Boeing) ကုမ္ပဏီ စက်ရုံမှ ဝန်ထမ်းများသည် ဒေသစံတော်ချိန် ၁၃ ရက် နံနက်အစောပိုင်းတွင် စတင် သပိတ်မှောက်ခဲ့ကြပြီး လူပေါင်း ၃၃,၀၀၀ ခန့် ပါဝင်ခဲ့ကြသည်။ အဆိုပါ သပိတ်မှောက်မှုသည် အခြေခံအားဖြင့် ဘိုးရင်းကုမ္ပဏီ ၏ စီးပွားရေးလုပ်ငန်းသုံး လေယာဉ်ထုတ်လုပ်မှုကို ရပ်တန့်စေမည်ဟု CNN က သတင်းတွင် ထုတ်ပြန်ခဲ့သည်။
၁၆ နှစ်အတွင်း ပထမဆုံးသပိတ်မှောက်မှု
ဘိုးရင်းကုမ္ပဏီမှ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များသည် မဲအရေအတွက် အပြတ်အသတ်ဖြင့် ကုမ္ပဏီနှင့် ၄ နှစ်သက်တမ်းရှိသော အလုပ်သမားစာချုပ်ကိုချုပ်ဆိုရန် ငြင်းပယ်ခဲ့သည်ဟု နိုင်ငံတကာ စက်ပိုင်းဆိုင်ရာအလုပ်သမားနှင့် အာကာသဆိုင်ရာ အလုပ်သမားများသမဂ္ဂ (IAM) က ပြောကြားခဲ့သည်။ အဆိုပါ သပိတ်မှောက်မှုသည် ဘိုးရင်းကုမ္ပဏီ၏ ၁၆ နှစ်တာအတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။
သပိတ်မှောက်မှုတွင် ပါဝင်ခဲ့ကြသော ဘိုးရင်းကုမ္ပဏီဝန်ထမ်းများသည် ဆီယက်တယ်ဒေသနှင့် ပေါ့တ်လန်ဒေသ၌ 737 MAX စသည့် စက်မော်ဒယ်များ ထုတ်လုပ်မှုတွင် အဓိက တာဝန်ယူကြသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြခဲ့သည်။
အလုပ်သမားစာချုပ်အသစ်တွင် အလုပ်သမားများအတွက် ယေဘူယျလစာ ၂၅ ရာခိုင်နှုန်းတိုးမြှင့်ခြင်းနှင့် ဆီယက်တယ်ဒေသတွင် မျိုးဆက်သစ်စီးပွားရေးလုပ်ငန်းသုံးလေယာဉ်များ ထုတ်လုပ်မည့် ကတိကဝတ်များ ပါဝင်သည်ဟု အစီရင်ခံစာအရ သိရသည်။
ဘိုးရင်းကုမ္ပဏီဝန်ထမ်းများအား အဆိုပါ စာချုပ်ကို လက်ခံရန် IAM က အကြံပြုထားသော်လည်း ဝန်ထမ်းအချို့က လစာ ၄၀ ရာခိုင်နှုန်းနှင့် နှစ်စဉ် ဆုကြေးငွေ တိုးမြှင့်ရန် မလျှော့တမ်း ဒေါသတကြီးတုံ့ပြန်ခဲ့ကြသည်။
အမေရိကန်စီးပွားရေးအပေါ် ထိခိုက်မှု
အဆိုပါ သပိတ်မှောက်မှုသည် ဘိုးရင်းကုမ္ပဏီ စီးပွားရေးလုပ်ငန်းသုံး လေယာဉ်ထုတ်လုပ်မှုကို အခြေခံအားဖြင့် ရပ်တန့်သွားမည်ဖြစ်ပြီး အမေရိကန်စီးပွားရေးကို ထိခိုက်နိုင်ကြောင်း၊ အကယ်၍ သပိတ်မှောက်မှုသည် ဆက်လက် အချိန်ကြာမြင့်ပါက အမေရိကန်နိုင်ငံတစ်ဝန်း ပြည်နယ် ၅၀ ရှိ ဘိုးရင်းကုမ္ပဏီဖြန့်ချိသူ ၁၀,၀၀၀ နီးပါးတွင်လည်း ပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း CNN မှ စက်တင်ဘာ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။
ဘိုးရင်းကုမ္ပဏီက လက်ရှိတွင် အမေရိကန်ဝန်ထမ်း ၁၅၀,၀၀၀ ခန့်ကို အလုပ်ခန့်ထားကာ အမေရိကန်စီးပွားရေးအတွက် နှစ်စဉ် ခန့်မှန်းခြေ ဒေါ်လာ ၇၉ ဘီလီယံ ပံ့ပိုးပြီး တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ဖြစ်စေ အလုပ်အကိုင် ၁.၆ သန်းကို ထောက်ပံ့ပေးထားသည်။
၂၀၀၈ ခုနှစ်တွင် ဘိုးရင်းကုမ္ပဏီဝန်ထမ်းများပြုလုပ်သော သပိတ်မှောက်မှုကြောင့် စက်ရုံကို ၅၂ ရက်ကြာ ပိတ်ခဲ့ရရာ ကုမ္ပဏီသည် နေ့စဉ် ၀င်ငွေ ဒေါ်လာ သန်း ၁၀၀ ဆုံးရှုံးခဲ့ရကြောင်း ရိုက်တာ သတင်းဌာန၏ အဆိုအရ သိရသည်။
ပေကျင်းစံတော်ချိန် စက်တင်ဘာ ၁၃ ရက် ညနေ ၅ နာရီအထိ သပိတ်မှောက်မှုတွင် ပါဝင်သည့် ဘိုးရင်းကုမ္ပဏီဝန်ထမ်းများသည် သပိတ်ကာလကြာချိန် အတိအကျကို ထုတ်ပြန်ကြေညာခြင်းမရှိခဲ့ကြောင်း သိရသည်။
အကယ်၍ သပိတ်မှောက်မှုသည် အချိန်တိုအတွင်း မပြီးဆုံးပါက ဘိုးရင်းကုမ္ပဏီ၏ စွမ်းဆောင်ရည် ပြန်လည်ကောင်းမွန်လာမှုကို နှောင့်နှေးစေနိုင်ပြီး ယုံကြည်မှု အဆင့်သတ်မှတ်ချက်ကို ထိခိုက်စေနိုင်သည်ဟု S&P Global ကုမ္ပဏီက ဆိုခဲ့သည်။ S&P Global နှင့် အခြားအဆင့်သတ်မှတ်ရေးအေဂျင်စီ Moody’s တို့သည် လက်ရှိ ဘိုးရင်းကုမ္ပဏီ၏ ယုံကြည်မှု အဆင့်သတ်မှတ်ချက်ကို အညံ့ဖျင်းဆုံးအခြေအနေထက် အနည်းငယ်သာ ပိုကောင်းသော အဆင့်အဖြစ် သတ်မှတ်ပေးခဲ့သည်။
အကြီးစား ကုန်ထုတ်လုပ်ငန်းများ ဆုတ်ယုတ်လာခြင်း
ဘိုးရင်းကုမ္ပဏီသည် ၂၀၁၈ ခုနှစ်မှစတင်၍ နှစ်စဉ်အမြတ်အစွန်းရရှိရေးကို ထပ်၍ မဖော်ဆောင်နိုင်ခဲ့သည့်အပြင် လွန်ခဲ့သည့် ၅ နှစ်အတွင်း စတော့စျေးနှုန်းသည် ၆၀ ရာခိုင်နှုန်းကျော်ကျဆင်းသွားခဲ့ကြောင်း CNN မှ ဖော်ပြခဲ့သည်။
ကမ္ဘာတစ်ဝှမ်းရှိ လေကြောင်းလိုင်းများအား ဘိုးရင်းကုမ္ပဏီ၏ ဘိုးရင်း 787 မော်ဒယ် “Dreamliners” အမျိုးအစား ၃ မျိုးတွင် လေယာဉ်မှူးထိုင်ခုံပြသနာရှိမရှိ စစ်ဆေးရန် အမေရိကန်နိုင်ငံ လေကြောင်းအုပ်ချုပ်ရေးဌာန (FAA) မှ ဩဂုတ်လ ၁၉ ရက်က ညွှန်ကြားထားပြီး ဘိုးရင်း 777-9X မော်ဒယ် လေယာဉ်သည်လည်း လေယာဉ်ကိုယ်ထည် စက်အစိတ်အပိုင်းများ ချို့ယွင်းမှုကြောင့် စမ်းသပ်ပျံသန်းမှုများကို ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
ယခုနှစ်မှစတင်၍ “သတင်းပေးသူများ” ရှိလာကာ 737 MAX၊ 787 စသည့် မော်ဒယ်များနှင့် အဓိကအစိတ်အပိုင်းဖြန့်ချိသော Spirit AeroSystems ကုမ္ပဏီ အပါအဝင် ဘိုးရင်းကုမ္ပဏီ၏ ထုတ်ကုန်အရည်အသွေးနှင့် လုံခြုံရေးထိန်းချုပ်မှုဆိုင်ရာ ပြဿနာများကို ဆက်တိုက်ဆိုသလို ထုတ်ဖော်ခဲ့ကြသည်။
ယခုနှစ် ဇူလိုင်လတွင် ဘိုးရင်းကုမ္ပဏီသည် အမေရိကန် တရားရေးဌာနနှင့် လျှောက်လဲချက်သဘောတူညီမှု ရရှိခဲ့ကာ 737 MAX လေယာဉ်မော်ဒယ်အတွက် လေကြောင်းဆိုင်ရာ အသိအမှတ်ပြုလက်မှတ် ရှာဖွေရေး လုပ်ငန်းစဉ်တွင် “အမေရိကန် အစိုးရအား လိမ်လည်ရန် ပူးပေါင်းကြံစည်မှု” ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ၂၀၂၁ ခုနှစ် သဘောတူညီချက်နှင့် တန်ဖိုးတူညီသော စုစုပေါင်း ဒေါ်လာ ၄၈၇.၂ သန်းထက် မပိုသော ဒဏ်ကြေးငွေကို လက်ခံခဲ့ကာ ဘိုးရင်းကုမ္ပဏီသည် လာမည့် ၃ နှစ်အတွင်း သတ်မှတ်ချက်နှင့်ကိုက်ညီရန်ပြင်ဆင်မှုများတွင် ဒေါ်လာ ၄၅၅ သန်း အနည်းဆုံး ရင်းနှီးမြှုပ်နှံမည်ဟု နောက်ထပ်ကတိပြုခဲ့သည်။
၂၀၁၈ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၉ ခုနှစ် မတ်လတွင် အင်ဒိုနီးရှား Lion Air နှင့် အီသီယိုးပီးယား လေကြောင်းလိုင်းတို့ ရှေ့ဆင့်နောက်ဆင့် လေယာဉ်ပျက်ကျခဲ့ရာ စုစုပေါင်း ၃၄၆ ဦး သေဆုံးခဲ့၍ ပျက်ကျသည့်လေယာဉ်များမှာ ဘိုးရင်း 737 MAX မော်ဒယ် ခရီးသည် လေယာဉ်ဖြစ်သည်။ မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းမှာ အဆိုပါမော်ဒယ်လေယာဉ်၏ ဆော့ဖ်ဝဲအသစ်စနစ်တွင် လုံခြုံရေး ဒီဇိုင်းချို့ယွင်းချက်နှင့် ဆက်စပ်နေပြီး ဘိုးရင်းကုမ္ပဏီသည် လေကြောင်းဆိုင်ရာ အသိအမှတ်ပြုလက်မှတ် ရယူရန် FAA ထံ ၎င်း၏ အန္တရာယ်များကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ခဲ့သလို ယင်းဆော့ဖ်ဝဲစနစ်နှင့် ပတ်သက်၍လည်း လေယာဉ်မှူးများအား အားကောင်းသောလေ့ကျင့်မှုများ မလုပ်ပေးခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုအရ တွေ့ရှိခဲ့ရသည်။ (Xinhua)
……………………………….
(Chinese Version)
16年来首次!波音员工罢工 参与者逾三万
新华社北京9月13日电 美国波音公司西海岸工厂员工当地时间13日凌晨开始罢工,约3.3万人参与。美国有线电视新闻网报道说,罢工将使波音公司商业飞机生产基本停摆。
16年来首次罢工
美国机械工人和航天工人国际联合会说,来自波音公司的工会成员以压倒性票数拒绝与公司签订为期4年的劳资合同。此次罢工是波音公司16年来首次。
路透社报道,参与罢工的波音公司员工主要负责在西雅图地区和波特兰地区生产737 MAX等机型。
报道说,新劳资合同包括为员工普遍涨薪25%条款,以及承诺将在西雅图地区生产下一代商业飞机。
机械工人和航天工人国际联合会建议波音公司员工接受上述合约,但一些员工愤怒回应,坚持涨薪40%以及年度奖金的初始诉求。
冲击美国经济
美国有线电视新闻网13日报道说,这次罢工将使波音公司商业飞机生产基本停摆,并可能冲击美国经济。如果罢工持续较长时间,几乎遍布美国50个州的近万家波音公司供应商都可能出现问题。
波音公司目前雇用约15万名美国员工,按估算年均为美国经济贡献790亿美元,直接或间接支撑160万个工作岗位。
据路透社报道,波音公司员工2008年发起的一场罢工导致工厂停止运转52天,致使公司每天损失1亿美元营收。
截至北京时间13日17时,参与罢工的波音公司员工未公布罢工具体期限。
标准普尔全球公司说,罢工如果短期内无法结束,可能推迟波音公司业绩复苏并伤及其信用评级。标普和另一家评级机构穆迪给波音公司的信用评级现阶段略高于垃圾级。
制造业巨头没落
美国有线电视新闻网报道,波音公司自2018年以来再未实现年度盈利,且在过去5年间股价下跌超过60%。
美国联邦航空局8月19日要求全球航空公司检查旗下三款波音787型“梦想客机”的机长座椅是否存在问题,波音777-9X型客机也因机身部件故障而暂停试飞。
今年以来,陆续有“吹哨人”爆料波音公司产品质量和安全控制问题,涉及737 MAX、787等机型以及关键部件供应商势必锐航空系统公司。
今年7月,波音公司与美国司法部达成认罪协议,承认在737 MAX机型寻求适航认证过程中犯有“密谋欺诈美国政府”罪,接受与2021年协议等额的罚款,总额不超过4.872亿美元;波音公司另外承诺未来3年内为合规整改投入至少4.55亿美元。
2018年10月和2019年3月,印度尼西亚狮子航空公司和埃塞俄比亚航空公司航班先后发生空难,总计346人遇难,失事飞机均为波音737 MAX型客机。调查发现,事故原因和该机型新软件系统的安全设计漏洞有关,而波音公司向联邦航空局故意隐瞒其风险以使该机型获得适航认证,也未就该软件系统加强飞行员培训。(卜晓明)
图说:2023年6月19日,在法国巴黎近郊的布尔歇机场举行的巴黎航展上,波音737 MAX和波音777X飞机进行表演。新华社记者高静摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.