Connect with us

Africa & Middle East

ဂါဇာကမ်းမြောင်ဒေသရှိ စာသင်ကျောင်းနှင့် ဒုက္ခသည်စခန်းများကို အစ္စရေးက ထပ်မံဗုံးကြဲ

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းရှိ Jebaliya ဒုက္ခသည်စခန်းကို စက်တင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသရှိ စာသင်ကျောင်းတစ်ကျောင်းနှင့် ဒုက္ခသည်စခန်းနှစ်ခုကို အစ္စရေးစစ်တပ်က စက်တင်ဘာ ၁၅ ရက်၌ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုသည် အရပ်သားရပ်ကွက်များတွင် ဝှက်ထားသော ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) ကို စစ်ရေးပစ်မှတ်ထားခြင်းဖြစ်သည်ဟု ကြေညာခဲ့သည်။ လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေး၏ အမြောက်များဖြင့်ပစ်ခတ်မှုကြောင့် နောက်ထပ် ပါလက်စတိုင်း ၂၄ ဦး သေဆုံးခဲ့ကြောင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဌာနက စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်း Beit Hanoun မြို့ရှိ စာသင်ကျောင်းတစ်ကျောင်းကို အစ္စရေးစစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ကျောင်းအတွင်း ဝှက်ထားသော ဟားမက်စ်ကွပ်ကဲရေးစခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အစ္စရေးစစ်တပ်သည် အရပ်သားများကိုထိခိုက်မှုမဖြစ်စေရန် ဆောင်ရွက်မှုများပြုလုပ်ခဲ့၍ လက်ရှိတွင် အသေအပျောက်သတင်းထုတ်ပြန်ထားခြင်းမရှိကြောင်း အဆိုပါထုတ်ပြန်ချက်၏အဆိုအရ သိရသည်။ အစ္စရေးစစ်တပ်သည် လေကြောင်းတိုက်ခိုက်မှု မပြုလုပ်မီ ဒုံးကျည်တစ်စင်း ပစ်လွှတ်၍ အနီးနားရှိ အရပ်သားများကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန် သတိပေးခဲ့ကြောင်း မျက်မြင်သက်သေများက DPA သတင်းထောက်ကို ပြောကြားခဲ့သည်။
ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအသစ်တစ်ဖန် ဖြစ်ပွားပြီးနောက် ဂါဇာကမ်းမြောင်ဒေသရှိ စာသင်ကျောင်းများသည် အခြေခံအားဖြင့် ကျောင်းပိတ်ခဲ့ကြပြီး အများစုမှာ ဒုက္ခသည်များအတွက် ခိုလှုံရာစခန်းများ ဖြစ်လာခဲ့သည်။ စက်တင်ဘာ ၁၅ရက်က အစ္စရေး လေကြောင်းတိုက်ခိုက်ခဲ့သော အဆိုပါစာသင်ကျောင်းတွင် ဒုက္ခသည် မည်မျှနေထိုင်ကြောင်းရှင်းရှင်းလင်းလင်း မသိရသေးပေ။
ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်း စစ်ဘေးဒုက္ခသည်များအား လက်ခံထားသော စာသင်ကျောင်းတစ်ကျောင်းကို အစ္စရေးတပ်ဖွဲ့များက လွန်ခဲ့သည့် ရက်သတ္တပတ်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့သည်။ အဆိုပါ ကျောင်းတွင် လူပေါင်း ၁၂,၀၀၀ ခန့် ရှိပြီး အများစုမှာ အမျိုးသမီးများနှင့်ကလေးငယ်များ ဖြစ်ကြောင်း ကျောင်းကို တာဝန်ယူလည်ပတ်နေသော ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့ (UNRWA) ထံမှ သိရသည်။ ထိုစဉ်က အဆိုပါလေကြောင်းတိုက်ခိုက်မှုကို နိုင်ငံတကာအသိုင်းအဝိုင်းမှ ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခဲ့ကြသည်။
ယင်းဖြစ်ရပ်၌ သေဆုံးသူ ၉ ဦးသည် ဟားမက်စ် လက်နက်ကိုင် တပ်ဖွဲ့ဝင်များဖြစ်ပြီး ၃ ဦး မှာ UNRWA ဝန်ထမ်းများဖြစ်ကြောင်း အစ္စရေးစစ်တပ်က စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ UNRWA ပြောရေးဆိုခွင့်ရှိသူက အစ္စရေးစစ်တပ်၏ ပြောဆိုချက်ကို ငြင်းဆိုခဲ့သည်။
မကြာသေးမီရက်များအတွင် အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့၌ ဟားမက်စ်လက်နက်ကိုင် အယောက် ၁၀၀ ကျော်ကို ပစ်သတ်ခဲ့ပြီး လက်နက်အများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။ ဤပြောကြားချက်နှင့်ပတ်သက်၍ ဟားမက်စ်ဘက်ကအတည်မပြုခဲ့ကြောင်း သိရသည်။
အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်းရှိ Nuseirat ဒုက္ခသည်စခန်းနှင့် မြောက်ပိုင်းရှိ Jabaliya ဒုက္ခသည်စခန်းတို့ကို စက်တင်ဘာ ၁၅ ရက်တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ သေဆုံးသူ ၃ ဦးနှင့် ၁ ဦး အသီးသီး ရှိခဲ့ကြောင်း Al Awda ဆေးရုံနှင့် Kamal Adwan ဆေးရုံတို့က အဆိုပါနေ့၌ ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေးစစ်တပ်၏ ဂါဇာကမ်းမြောင်ဒေသတွင် စစ်ရေးလှုပ်ရှားမှုများကြောင့် ပါလက်စတိုင်း ၂၄ ဦး ထပ်မံသေဆုံးခဲ့ကြောင်း ဂါဇာကမ်းမြောင်ဒေသကျန်းမာရေးဌာနက စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအသစ်တစ်ဖန် ဖြစ်ပွားချိန်မှစ၍ စစ်ပွဲအတွင်း လူပေါင်း ၄၁,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
ဂျေရုဆလမ်မြို့ဟောင်း ဝင်ပေါက်အနီးတွင် စက်တင်ဘာ ၁၅ ရက်က ရဲတပ်ဖွဲ့ဝင်အား တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ တိုက်ခိုက်သူ အမျိုးသားတစ်ဦးသည် အစ္စရေးနယ်စပ်စောင့်တပ်ကို ဓားဖြင့်ထိုးခဲ့ရာ ၎င်းကို အခင်းဖြစ်နေရာတွင် ပစ်သတ်ခဲ့ကြောင်း သိရသည်။
အစ္စရေးစစ်တပ်သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ဂါဇာကမ်းမြောင်ဒေသတွင် ထိန်းသိမ်းခံထားရသူ ၃ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်း၊ နောက်ဆုံး ခွဲခြမ်းစိတ်ဖြာချက်နှင့် အလောင်းကို ခွဲစိတ်စစ်ဆေးခြင်းမှတ်တမ်းများအရ အဆိုပါ ၃ ဦးသည် ယခင်က ဟားမတ်စ်တပ်မှူးတစ်ဦးအား အစ္စရေးစစ်တပ်က ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ဖွယ်ရှိကြောင်း အဆိုပါနေ့ နောက်ထပ်ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါ ၃ ဦးတွင် အစ္စရေးစစ်သား ၂ ဦးနှင့် ပြင်သစ်နိုင်ငံသား ၁ ဦး ပါဝင်ပြီး ၎င်းတို့သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က ဂါဇာကမ်းမြောင်ဒေသ အနီးတစ်နေရာရှိ သဲကန္တာရတွင် ကျင်းပသော ဂီတပွဲတော်တစ်ခု တက်ရောက်စဉ် ပြန်ပေးဆွဲခံခဲ့ရပြီး ဂါဇာကမ်းမြောင်သို့ ခေါ်ဆောင်သွားခြင်းခံခဲ့ရကြောင်း သိရသည်။
၎င်းတို့ ၃ ဦးသည် ဟားမက်စ်တပ်မှူးတစ်ဦးနှင့် ဥမင်လိုဏ်ခေါင်းတစ်ခုတည်းအတွင်း ရှိနေခဲ့ရာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၀ ရက်၌ အစ္စရေးစစ်တပ်က ထိုဥမင်လိုဏ်ခေါင်းကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်စဉ် ယင်းနှင့် ပတ်သက်သော သတင်းအချက်အလက်များ ရှင်းရှင်းလင်းလင်းမသိခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
လက်ရှိတွင် အစ္စရေးအမှုထမ်း ၁၀၀ ခန့်ကို ဂါဇာကမ်းမြောင်ဒေသတွင် ထိန်းသိမ်းထားဆဲဖြစ်ပြီး ခန့်မှန်းခြေ ထက်ဝက်ခန့်သေဆုံးခဲ့ပြီး အများစုမှာ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည်ဟု မီဒီယာအများအပြား၏ ဖော်ပြချက်အရ သိရသည်။ (Xinhua)


…………………………
(Chinese Version)
以色列再炸加沙学校和难民营
新华社北京9月16日电 以色列军队15日空袭加沙地带一所学校和两座难民营,声称袭击针对藏在平民区的巴勒斯坦伊斯兰抵抗运动(哈马斯)军事目标。加沙地带卫生部门15日说,过去24小时又有24名巴勒斯坦人死于以军炮火。
以色列国防军15日发表声明说,以军对加沙地带北部拜特哈嫩的一所学校实施空袭,目标是藏在校内的一个哈马斯指挥所。依照声明说法,以军采取措施避免伤及平民,暂无人员伤亡报告。目击者告诉德新社记者,以军在发动空袭前发射了一枚导弹,警告附近平民撤离。
新一轮巴以冲突爆发后,加沙地带的学校基本停课,多数成为逃难者的收容场所。暂不清楚以军15日空袭的这所学校内有多少难民栖身。
以军上周轰炸加沙地带中部一个收容流离失所者的学校,致使至少18人死亡。运营学校的联合国近东巴勒斯坦难民救济和工程处说,这所学校收容大约1.2万人,多数是妇女儿童。当时那起空袭招致国际社会广泛谴责。
以军12日称,死者中9人是哈马斯武装人员,其中3人为近东救济工程处工作人员。近东救济工程处发言人否认以军说法。
以军14日说,以军最近几天在加沙地带南部城市拉法打死超过100名哈马斯武装人员,查获大量武器。哈马斯方面没有证实这一说法。
奥达医院和卡迈勒·阿德万医院15日说,以军当天空袭了加沙地带中部的努赛赖特难民营和北部的杰巴利耶难民营,在两地分别炸死三人和一人。
加沙地带卫生部门15日说,过去24小时又有24名巴勒斯坦人死于以军在加沙地带的军事行动,新一轮巴以冲突爆发以来,加沙地带已有超过4.1万人死于战火。
耶路撒冷老城入口附近15日发生一起袭警事件。一名男性袭击者持刀刺伤一名以色列边防人员,被当场击毙。
以军当天在另一份声明中说,以军去年12月在加沙地带找到3名被扣押人员遗体,最新分析和尸检报告表明,这三人很可能死于以军之前针对一名哈马斯指挥官的空袭。三人包括两名以色列士兵和一名法国公民,他们去年10月7日在靠近加沙地带的一处沙漠参加音乐节时遭劫持,被带到加沙地带。
声明说,这三人与一名哈马斯指挥官身处同一条地道,以军去年11月10日对那处地道发动空袭时并不掌握这一情报。
按多家媒体说法,约100名以方人员目前仍被扣押在加沙地带,估计其中一半已经死亡,不少死于以军空袭。(王宏彬)
图说:这是9月9日拍摄的加沙地带北部杰巴利耶难民营。新华社发(阿卜杜勒拉赫曼·萨拉马摄)