Connect with us

Africa & Middle East

ပါလက်စတိုင်း နယ်မြေများ တရားမ၀င် သိမ်းပိုက်မှုကို ၁၂ လအတွင်း အဆုံးသတ်ရန် အစ္စရေးအား တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံက အတည်ပြု

ကုလသမဂ္ဂအထွေထွေညီလာခံ ၁၀ ကြိမ်မြောက် အရေးပေါ် အထူးအစည်းအဝေးတွင် ထောက်ခံမဲ ၁၄၃ မဲ၊ ကန့်ကွက်မဲ ၉ မဲနှင့် ကြားနေမဲ ၂၅ မဲ ရလဒ်ဖြင့် ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပြီး ပါလက်စတိုင်းနိုင်ငံသည် “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” သတ်မှတ်သော ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အရည်အချင်းနှင့် ကိုက်ညီကာ အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုသင့်သည်ဟု ယူဆကြောင်း ဖော်ပြထားသော ဖန်သားမျက်နှာပြင်ကို မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

စက်တင်ဘာ ၁၈ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံ ၁၀ ကြိမ်မြောက် အရေးပေါ် အထူးအစည်းအဝေးတွင် ပါလက်စတိုင်း နယ်မြေများ တရားမ၀င် သိမ်းပိုက်မှုကို ၁၂ လအတွင်း အဆုံးသတ်ရန် အစ္စရေးအား တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို မဲအရေအတွက် အပြတ်အသတ်ဖြင့် အတည်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါနေ့ မဲခွဲဆုံးဖြတ်မှု ရလဒ်မှာ ထောက်ခံမဲ ၁၂၄ မဲ၊ ကန့်ကွက်မဲ ၁၄ မဲ၊ ကြားနေမဲ ၄၃ မဲ ဖြစ်သည်။ အဆိုပါ ဆုံးဖြတ်ချက် အတည်ပြုပြီးနောက် ၁၂ လအတွင်း ပါလက်စတိုင်းနယ်မြေများတွင် တရားမ၀င်ရောက်ရှိနေခြင်းကို အဆုံးသတ်ရန်နှင့် အပြည်ပြည်ဆိုင်ရာတရားရုံးသတ်မှတ်သည့် တာဝန်ဝတ္တရားများအပါအဝင် အပြည်ပြည်ဆိုင်ရာဥပဒေအရ တာဝန်ယူရမည့် ဥပဒေတာဝန်အားလုံးကို အချိန်မီ လိုက်နာဆောင်ရွက်ရန် အစ္စရေးအား ဆုံးဖြတ်ချက်တွင် တောင်းဆိုခဲ့ကြောင်း သိရသည်။ ပါလက်စတိုင်းတွင် သိမ်းပိုက်ထားသောနယ်မြေများမှ အစ္စရေးစစ်ရေးအင်အားများ အားလုံး ဆုတ်ခွာရန်၊ အခြေချနေထိုင်မှုအသစ်များအားလုံးကို ချက်ချင်းရပ်တန့်ခြင်းနှင့် ပါလက်စတိုင်းတွင် သိမ်းပိုက်ထားသောနယ်မြေများမှ အခြေချနေထိုင်သူများအားလုံး ဆုတ်ခွာပေးခြင်းအပါအဝင် တရားမဝင်မူဝါဒများနှင့် လှုပ်ရှားမှုများကို အဆုံးသတ်ရန်၊ ပါလက်စတိုင်းနယ်မြေများနှင့် အခြားမရွှေ့ပြောင်းနိုင်သော ပစ္စည်းများအား ပြန်လည်ပေးအပ်ရန်၊ သိမ်းပိုက်ထားသည့် ကာလအတွင်း အိုးအိမ်မဲ့ပါလက်စတိုင်းသားများ မူလနေရပ်သို့ အားလုံးပြန်လာခွင့်ပေးရန် အစ္စရေးအား ဆုံးဖြတ်ချက်က တောင်းဆိုခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာဥပဒေအရ တာဝန်ယူရမည့် တာဝန်ဝတ္တရားအားလုံးကို နိုင်ငံတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး အထူးသဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံးက ချမှတ်ထားသော တရားဝင်တာဝန်ဝတ္တရားများအားလုံးကို ပူးပေါင်းဆောင်ရွက်မှုများနှင့် တစ်ဦးချင်းလုပ်ဆောင်မှုများဖြင့် ပါလက်စတိုင်းလူမျိုးများ၏ အမျိုးသားကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို မြှင့်တင်ရန်လည်း ဆုံးဖြတ်ချက်က တောင်းဆိုထားသည်။

ယင်းဆုံးဖြတ်ချက်မူကြမ်းကို ပါလက်စတိုင်းက အဆိုပြုခဲ့ပြီး နိုင်ငံပေါင်း ၂၀ ကျော်က အတူပူးပေါင်း အဆိုပြုခဲ့သည်။ အဆိုပါ မူကြမ်းအကြောင်းအရာသည် နိုင်ငံတကာဥပဒေအပေါ် အခြေခံပြီး တာဝန်ခံမှုကို ရှာဖွေရန်နှင့် တရားမျှတမှုရရှိရန် အခြေခံလမ်းကြောင်းဖြစ်သည်ဟု ပါလက်စတိုင်းဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းစောင့်ကြည့်လေ့လာသူ Riyad Mansour က စက်တင်ဘာ ၁၇ ရက် ဆုံးဖြတ်ချက်မူကြမ်းကို တင်သွင်းရာတွင် ပြောကြားခဲ့သည်။ ၁၉၆၇ ပြည့်နှစ် နယ်နိမိတ်ကိုအခြေခံ၍ အရှေ့ဂျေရုဆလမ်ကို မြို့တော်အဖြစ်၊ လွတ်လပ်သောပါလက်စတိုင်းနိုင်ငံ ထူထောင်ရန် ၎င်းက တိုက်တွန်းခဲ့သည်။ (Xinhua)

……………………………….
(Chinese Version)
联大通过决议要求以色列12个月内结束对巴勒斯坦领土的非法占领
新华社联合国9月18日电(记者潘云召)第十次联合国大会紧急特别会议18日以压倒性票数通过决议,要求以色列在未来12个月内结束对巴勒斯坦领土的非法占领。
当天的表决结果为124票赞成、14票反对、43票弃权。决议要求以色列在该决议通过后12个月内结束其在巴勒斯坦被占领土上的非法存在,及时履行根据国际法应承担的所有法律义务,包括国际法院规定的义务。决议要求以色列从巴勒斯坦被占领土撤出所有军事力量;终止其非法政策和行动,包括立即停止所有新的定居点活动,从巴勒斯坦被占领土上撤出所有定居者;归还巴勒斯坦的土地和其他不动产;允许所有在占领期间流离失所的巴勒斯坦人返回原居住地等。
决议还呼吁所有国家履行根据国际法应承担的义务,特别是国际法院所规定的义务,包括通过联合和单独行动,促进巴勒斯坦人民实现自决权等。
这份决议草案由巴勒斯坦提出,20多个国家共同发起。巴勒斯坦常驻联合国观察员里亚德·曼苏尔17日在介绍决议草案时说,该草案文本以国际法为基础,寻求追责以及实现正义的根本途径。他呼吁以1967年边界为基础,建立一个以东耶路撒冷为首都、独立的巴勒斯坦国。(完)
图说:5月10日,第十次联合国大会紧急特别会议以143票赞成、9票反对、25票弃权的表决结果通过决议,认定巴勒斯坦国符合《联合国宪章》规定的联合国会员国资格,应被接纳为联合国会员国。新华社发(联合国供图/曼努埃尔·伊莱亚斯摄)