Connect with us

Africa & Middle East

အစ္စရေး၏ အနီရောင်စည်းကျော်ခြင်းက စစ်ကြေညာခြင်းနှင့် တူညီကြောင်း လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့က ပြောကြား၊ စစ်ဆင်ရေး “အဆင့်သစ်” စတင်လိုက်ပြီဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးက ပြောကြား

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့၌ မိန့်ခွန်းပြောကြားနေသော ဟစ်ဇ်ဘိုလာအဖွဲ့ ခေါင်းဆောင် Nasrallah အား ရုပ်မြင်သံကြားမှတစ်ဆင့် စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
အစ္စရေးသည် ထောင်ပေါင်းများစွာသော ဆက်သွယ်ရေးကိရိယာများကို ဖောက်ခွဲပြီး လက်ဘနွန် နိုင်ငံသား ထောင်ပေါင်းများစွာကို သတ်ဖြတ်ရန် ကြိုးပမ်းခဲ့ကြောင်း၊ ၎င်းမှာ အနီရောင်စည်းအားလုံးကို ကျော်လိုက်ခြင်းဖြစ်ပြီး စစ်ကြေညာခြင်းနှင့် တူညီကြောင်း လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် Nasrallah က စက်တင်ဘာ ၁၉ ရက် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ အစ္စရေး စစ်လေယာဉ်များသည် လွန်ခဲ့သည်တစ်ရက် ညပိုင်းတွင် လက်ဘနွန်တောင်ပိုင်း ဒေသအများအပြားရှိ ဟစ်ဇ်ဘိုလာ ပိုင်ဆိုင်သည့် အဆောက်အအုံများကို လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က စက်တင်ဘာ ၁၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အစ္စရေးအနေဖြင့် လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့နှင့် စစ်ဆင်ရေးကို “အဆင့်သစ်”တစ်ခု စတင်နေပြီဟု အစ္စရေးနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Yoav Gallant က ပြောကြားခဲ့သည်။
စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် အစ္စရေးက ဆင်ခြင်တုံတရားကင်းမဲ့စွာ လက်ဘနွန်ရှိ ပေဂျာစက်နှင့် အင်တာကွန်းကိရိယာ အများအပြားကို တစ်ချိန်တည်း ဖောက်ခွဲခဲ့ရာ ပေါက်ကွဲမှုအများစုသည် ဆေးရုံများ၊ ဆေးဆိုင်များနှင့် ဈေးများစသည့် အရပ်သားစုဝေးရာနေရာများတွင် ဖြစ်ပွားခဲ့ကြောင်း Nasrallah က ပြောကြားခဲ့သည်။ “ဒီလုပ်ရပ်က စည်းမျဉ်းစည်းကမ်း၊ အနီရောင်စည်းနဲ့ ဥပဒေအားလုံးကို ချိုးဖောက်လိုက်ခြင်းဖြစ်တယ်… ဒါဟာ လက်ဘနွန်နိုင်ငံ၊ ပြည်သူ၊ တော်လှန်ရေးလှုပ်ရှားမှု၊ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးအတွက် ကြီးမားတဲ့ ထိပါးကျူးကျော်မှုဖြစ်တယ်။ စစ်ရာဇ၀တ်မှု ဒါမှမဟုတ် စစ်ကြေညာလိုက်တယ်လို့လည်း ပြောနိုင်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ဟစ်ဇ်ဘိုလာအဖွဲ့သည် ဤတိုက်ခိုက်မှုကြောင့် ပြိုလဲသွားမည်မဟုတ်ကြောင်း၊ အစ္စရေးအနေဖြင့် “ပြင်းထန်သည့် လက်တုံ့ပြန်မှုနှင့် တရားမျှတသည့် ပြစ်ဒဏ်ခတ်ခြင်း” ကို ခံရမည်ဖြစ်ကြောင်း Nasrallah က ပြောကြားခဲ့သည်။ အစ္စရေး၏ ဂါဇာကမ်းမြောင်ဒေသတွင် “ကျူးကျော်ခြင်း” မရပ်တန့်သရွေ့ ဟစ်ဇ်ဘိုလာအဖွဲ့၏ တိုက်ခိုက်မှုများ ရပ်တန့်သွားမည်မဟုတ်ဟု ၎င်းက ပြောကြားခဲ့သည်။
ဟစ်ဇ်ဘိုလာအဖွဲ့သည် လုံခြုံရေးနှင့် နည်းပညာဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မတီများစွာကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားခဲ့သော ဆက်သွယ်ရေးကိရိယာများ၏ ဝယ်ယူရေး၊ ထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေးစသည့်လုပ်ငန်းစဉ်များကို စုံစမ်းစစ်ဆေးလျက်ရှိပြီး ဖြစ်နိုင်ခြေအားလုံးကို လေ့လာမည်ဖြစ်ကြောင်း Nasrallah က ပြောကြားခဲ့သည်။
Nasrallah က စကားပြောနေစဉ်တွင်ပင် အစ္စရေးစစ်လေယာဉ်ဟု သံသယရှိသောလေယာဉ်တစ်စင်းသည် လက်ဘနွန်မြို့တော် ဘေရွတ် ဝေဟင်တွင် ပျံသန်းသွားပြီး အသံဗုံးဖောက်ခဲ့ရာ ဘေရွတ်တွင် ကြီးမားကျယ်လောင်သော ဆူညံသံများ ဖြစ်ပေါ်စေခဲ့သည်။
စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တွင် လက်ဘနွန်၌ ဖြစ်ပွားသော ဆက်သွယ်ရေးကိရိယာများပေါက်ကွဲမှုကြောင့် လူ ၃၇ ဦး သေဆုံးပြီး ၂,၉၃၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်ပြည်သူ့ကျန်းမာရေး၀န်ကြီး Firass Abiad က အဆိုပါနေ့ အစောပိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ စက်တင်ဘာ ၁၇ ရက် ပေါက်ကွဲမှုကြောင့် လူ ၁၂ ဦးသေဆုံးပြီး ၂,၃၂၃ ဦးဒဏ်ရာရရှိကာ စက်တင်ဘာ ၁၈ ရက် ပေါက်ကွဲမှုကြောင့် လူ ၂၅ ဦးသေဆုံးပြီး ၆၀၈ ဦး ဒဏ်ရာရခဲ့ကြောင်း နောက်ဆုံးထုတ်ပြန်သည့်ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။
Beirut-Rafic Hariri အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လုပ်ငန်းလည်ပတ်နေသော လေကြောင်းလိုင်းကုမ္ပဏီအားလုံးကို လေယာဉ်ပေါ်တွင် ပေဂျာစက်များ သို့မဟုတ် စကားပြောစက် (walkie-talkie) ကိရိယာများ သယ်ယူပို့ဆောင်ခြင်းကို တားမြစ်ကြောင်း လက်ဘနွန်မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့သည် စက်တင်ဘာ ၁၉ ရက်တွင် သတိပေးချက်ထုတ်ပြန်ခဲ့သည်။
အစ္စရေးလေတပ်မှ တိုက်လေယာဉ်များသည် ထိုနေ့တွင် လက်ဘနွန်တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာစစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံ အများအပြားကို တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁၉ ရက် ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အစ္စရေးစစ်တပ်သည် ထိုနေ့တွင် လက်ဘနွန်တောင်ပိုင်းရှိ ဒေသအများအပြားတွင် ဟစ်ဇ်ဘိုလာ ပိုင်ဆိုင်သည့် အခြေခံအဆောက်အအုံများနှင့် လက်နက်သိုလှောင်ရေးအဆောက်အအုံများကို တိုက်ခိုက်ခဲ့ပြီး Naqoura ဒေသကို အမြောက်နှင့်ပစ်ခတ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစ္စရေးနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Yoav Gallant က အဆိုပါနေ့ မြောက်ပိုင်း စစ်မျက်နှာ တိုက်ပွဲအခြေအနေဆိုင်ရာ အစည်းအဝေးတွင် အစ္စရေးမြောက်ဘက်၌ ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်သူများ နေရပ်ပြန်နိုင်ရေး သေချာစေရန် အစ္စရေးဘက်က စစ်ရေးလှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု အစ္စရေးအစိုးရပိုင် သတင်းဌာနက စက်တင်ဘာ ၁၉ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အစ္စရေးစစ်တပ်သည် လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားနေစဉ် တစ်ချိန်တည်းမှာပင် ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) မှ ဂါဇာကမ်းမြောင်ဒေသတွင် ဖမ်းဆီးထားသူများကို ပြန်လည်လွတ်မြောက်လာရန်နှင့် ဟားမက်စ်ကို ဖြိုခွင်းရန် ကြိုးစားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သေးသည်။
အစ္စရေးသည် လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့နှင့် စစ်ဆင်ရေး “အဆင့်သစ်”ကို စတင်လိုက်ကြောင်း၊ ဤအဆင့်၏ ရည်မှန်းချက်မှာ မြောက်ဘက်ရှိ ရွှေ့ပြောင်းနေထိုင်သူများကို ဘေးကင်းစွာ အိမ်ပြန်နိုင်စေရန်” ဖြစ်ကြောင်း Gallant က အစ္စရေးနိုင်ငံ မြောက်ပိုင်းရှိ စစ်အခြေစိုက်စခန်းတစ်ခု၌ စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။ အစ္စရေးစစ်တပ်သည် စစ်ဆင်ရေးအရင်းအမြစ်များကို ပြန်လည်နေရာချထားပေးပြီး တပ်ဖွဲ့အား မြောက်ဘက်သို့ ပြောင်းရွှေ့မည်ဟု ၎င်းက ပြောကြားခဲ့သည်။
အစ္စရေးစစ်သားနှစ်ဦးသည် အစ္စရေး-လက်ဘနွန်နယ်စပ်တွင် လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဆက်သွယ်ရေးကိရိယာ ပေါက်ကွဲမှု နောက်ကွယ်၏ အဓိကချုပ်ကိုင်သူမှာ အစ္စရေး ဖြစ်ကြောင်း အမည်မဖော်လိုသူ အမေရိကန် ကာကွယ်ရေးနှင့် ထောက်လှမ်းရေး လက်ရှိ အရာရှိနှင့် အရာရှိဟောင်း အများအပြား၏ ပြောကြားချက်ကို ကိုးကား၍ New York Times က စက်တင်ဘာ ၁၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
လက်ဘနွန် ဆက်သွယ်ရေး ကိရိယာ ပေါက်ကွဲမှု ဖြစ်ရပ်တွင် သက်ဆိုင်ရာစက်ကိရိယာပိုင်းနှင့် ပတ်သက်နေသော ဂျပန်၊ ဟန်ဂေရီစသည့် တတိယနိုင်ငံများသည် ယင်းဖြစ်ရပ်မှာ ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ယခုရက်ပိုင်းတွင် ရှေ့ဆင့်နောက်ဆင့် ကြေညာချက်များထုတ်ပြန်ခဲ့သည်။ ယင်းဖြစ်ရပ်နှင့် ပတ်သက်သည့် စကားပြောစက်တွင် “ICOM” တံဆိပ်ပါရှိသည့်အပေါ် ဂျပန်နိုင်ငံ ICOM ကုမ္ပဏီက ပေါက်ကွဲသွားသော စကားပြောစက်တွင် အတုအပမဟုတ်ကြောင်း အမှတ်တံဆိပ်ကပ်ထားခြင်းမပါရှိဘဲ ၎င်းမှာ အဆိုပါကုမ္ပဏီ၏ ထုတ်ကုန်ဟုတ်မဟုတ် အတည်မပြုနိုင်ကြောင်း စက်တင်ဘာ ၁၉ ရက်က ဖော်ပြခဲ့သည်။ ဘူလ်ဂေးရီးယားနိုင်ငံတွင် မှတ်ပုံတင်ထားသောကုမ္ပဏီတစ်ခုအား စစ်ဆေးရေးလုပ်ဆောင်လျက်ရှိကြောင်း ဘူလ်ဂေးရီးယားနိုင်ငံ လုံခြုံရေးဗျူရိုက စက်တင်ဘာ ၁၉ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ယင်းကုမ္ပဏီသည် လက်ဘနွန်နှင့် ဆီးရီးယားနိုင်ငံများသို့ ပေဂျာစက်ကိရိယာများ ရောင်းချရာတွင် ပါဝင်ပတ်သက်သည်ဟု ဖော်ပြခဲ့သည်။ ပေဂျာစက်ပေါက်ကွဲမှုတွင် ပတ်သက်နေသည့် ဟန်ဂေရီကုမ္ပဏီတစ်ခုသည် တစ်ဆင့်ခံ ရောင်းချသူဖြစ်ကြောင်း ဟန်ဂေရီနိုင်ငံ အစိုးရပြောရေးဆိုခွင့်ရှိသူ Zoltan Kovacs က စက်တင်ဘာ ၁၈ ရက်တွင် လူမှုပလက်ဖောင်းမှတစ်ဆင့် ရေးသားဖော်ပြခဲ့သည်။ ဟန်ဂေရီနိုင်ငံ လုံခြုံရေးဗျူရိုက နောက်ထပ် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အဆိုပါ ပေါက်ကွဲမှုဖြစ်ရပ်ကို ဆက်တိုက် ပြစ်တင်ရှုတ်ချခဲ့သည်။ လက်ဘနွန်တွင် ဆက်သွယ်ရေးစက်များ ပေါက်ကွဲမှုမှာ အကြမ်းဖက်ဝါဒီလုပ်ရပ်ဖြစ်ကြောင်း အီရန်နိုင်ငံအနေဖြင့် ဤရာဇဝတ်မှုကို ရှုတ်ချပြီး ရာဇဝတ်မှုကျူးလွန်သူများသည် ပြစ်ဒဏ်မုချခံရမည်ဖြစ်ကြောင်း အီရန်နိုင်ငံ သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ် က လူမှုမီဒီယာ၌ စက်တင်ဘာ ၁၉ ရက်တွင် ရေးသားဖော်ပြခဲ့သည်။ ပါလက်စတိုင်း သမ္မတအိမ်တော်က အဆိုပါနေ့တွင် လက်ဘနွန်အပေါ် “အကြမ်းဖက်ဝါဒီ” လုပ်ရပ်နှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ဒေသတွင်းတင်းမာမှုအရှိန်အဟုန်မြင့်တက်လာမှုကို တားဆီးရန် နိုင်ငံတကာအသိုင်းအဝိုင်းအား အရေးယူဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြောင်း ပါလက်စတိုင်းသတင်းဌာနက စက်တင်ဘာ ၁၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

လက်ဘနွန်နိုင်ငံ ဘားလ်ဘက်ခ်မြို့တွင် ဆက်သွယ်ရေးကိရိယာ ပေါက်ကွဲမှုကြောင့် ဆိုင်ကယ်တစ်စီး ပျက်စီးသွားသည်ကို စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………
(Chinese Version)
黎真主党说以越过红线等同宣战 以防长说“新阶段”作战开启
新华社北京9月20日电 综合新华社驻外记者报道:黎巴嫩真主党领导人纳斯鲁拉19日发表讲话说,以色列引爆数千个通信设备试图杀死数千名黎巴嫩人,这越过了所有红线,等同于宣战。以色列军方19日发表声明说,以军战机过去一晚空袭了黎南部多个地区隶属于真主党的设施。以防长加兰特说,以色列已开启与黎巴嫩真主党作战的 “新阶段” 。
纳斯鲁拉说,以色列17日和18日毫无顾忌地同时引爆黎巴嫩大量传呼和对讲设备,许多起爆炸发生在医院、药店和市场等平民聚集场所。“这一行动违背了所有的规则、红线和法律……这是对黎巴嫩国家、人民、抵抗运动、主权和安全的重大侵略,可以称之为战争罪或宣战。”
纳斯鲁拉表示,真主党不会被此次打击击倒,以色列将受到“严酷清算和公正惩罚”。在以色列停止对加沙地带的“侵略”前,真主党不会停止战斗。
纳斯鲁拉说,真主党已成立多个安全和技术调查委员会,正在对发生爆炸的通信设备的采购、生产、运输和分发等流程进行调查,研究所有可能性。
纳斯鲁拉讲话时,疑似以色列战机飞过黎巴嫩首都贝鲁特上空制造音爆,致使贝鲁特出现数声巨响。
当天早些时候,黎巴嫩公共卫生部长菲拉斯·阿卜亚德在新闻发布会上说,17日和18日发生在黎巴嫩的通信设备爆炸事件已造成37人死亡、2931人受伤。根据最新公布的数据,17日的爆炸造成12人死亡、2323人受伤;18日的爆炸造成25人死亡、608人受伤。
黎巴嫩民航局19日发布通告,要求所有在贝鲁特拉菲克·哈里里国际机场运营的航空公司禁止在飞机上运输传呼机或对讲机设备。
以色列国防军19日晚发表声明说,以空军战斗机当天袭击了黎巴嫩南部多处真主党的军事基础设施。
声明说,以军当天还袭击了黎南部多个地区隶属于真主党的基础设施和武器储存设施,并炮击了纳古拉地区。
以色列政府新闻办公室19日发表声明说,以国防部长加兰特当天在关于北方战线作战进展的会议上说,以方将继续采取军事行动,确保以北部因冲突而撤离的居民返回家园。他还说,以军在与黎巴嫩真主党作战的同时,将努力确保被巴勒斯坦伊斯兰抵抗运动(哈马斯)扣押在加沙地带的人员获释,并瓦解哈马斯。
加兰特18日在以北部一处军事基地说,以色列已开启与黎巴嫩真主党作战的“新阶段”,这一阶段的目标是“让北部疏散居民安全回家”。加兰特称,以军正重新分配作战资源,将部队向北方转移。
以色列国防军19日傍晚发表声明说,两名以军士兵在以黎边境遭黎巴嫩真主党袭击身亡。
《纽约时报》19日援引多名匿名美国现任和前任国防及情报官员消息报道称,以色列是通信设备爆炸事件幕后主使。
涉及生产黎巴嫩通信设备爆炸事件中相关设备的日本、匈牙利等涉事第三方近日相继发声,试图撇清关系。针对涉事对讲机上印有“ICOM”(艾可慕)字样标签,日本艾可慕公司19日称,发生爆炸的对讲机上没有贴防伪标签,无法确认是否为该公司产品。保加利亚国家安全局19日发表声明说,正对一家在保加利亚注册的公司展开检查。该公司据称涉及向黎巴嫩、叙利亚供应传呼机设备。匈牙利政府发言人科瓦奇18日通过社交平台发文表示,涉及传呼机爆炸的匈牙利公司是一家中间商。匈国家安全局正展开进一步调查。
国际社会持续谴责此次爆炸事件。伊朗总统佩泽希齐扬19日在社交媒体上发文说,黎巴嫩通信设备爆炸事件是恐怖主义行为,伊朗谴责这一罪行,罪犯一定会受惩罚。巴勒斯坦通讯社18日报道说,巴勒斯坦总统府当天强烈谴责针对黎巴嫩的 “恐怖主义” 行动,呼吁国际社会采取行动,防止地区局势升级。
图说1:这是9月19日在黎巴嫩贝鲁特拍摄的真主党领导人纳斯鲁拉发表讲话的电视画面。新华社发(比拉尔·贾维希摄)
图说2:这张9月18日在黎巴嫩巴勒贝克拍摄的照片显示的是通信设备爆炸损毁的摩托车。新华社发(塔希尔·阿布·哈姆丹摄)