Connect with us

Europe

ဥရောပသမဂ္ဂ (EU) က ယူကရိန်းအား ချေးငွေ ယူရို ၃၅ ဘီလီယံ ထောက်ပံ့မည်၊ EU ၏ “သီးခြားရပ်တည်မှု ဆုံးရှုံး” သွားပြီဟု ရုရှားက ဝေဖန်

ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen အား ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ ပြုလုပ်သော EU ထိပ်တန်းအစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် ဇွန် ၂၈ ရက် နံနက်အစောပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်/ မော်စကို၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)
EU သည် ယူကရိန်းအား ချေးငွေ ယူရို ၃၅ ဘီလီယံ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ယူကရိန်းနိုင်ငံသို့ အလည်အပတ်ခရီးရောက်ရှိနေသော ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က စက်တင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ EU သည် ၎င်းတို့ ပိတ်ဆို့ထားသော ရုရှားပိုင်ဆိုင်မှုများမှ ရရှိသော အမြတ်ငွေများကို ယူကရိန်းနိုင်ငံအား လက်နက်များ ထောက်ပံ့ရာတွင် အသုံးပြုခြင်းသည် EU က ၎င်း၏ သီးခြားရပ်တည်မှုကို လုံးဝ ဆုံးရှုံးသွားပြီဟု အဓိပ္ပာယ် သက်ရောက်ကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ပြောကြားခဲ့သည်။
Von der Leyen သည် စက်တင်ဘာ ၂၀ ရက်တွင် ကိဗ်မြို့သို့ ရောက်ရှိခဲ့ပြီး ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးနှင့် တွေ့ဆုံကာ စွမ်းအင်၊ ကာကွယ်ရေးနှင့် EU သို့ ယူကရိန်း ဝင်ရောက်ရေးဆိုင်ရာစသည့် ကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ကြောင်း ယူကရိန်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ယူကရိန်းသည် အီးယူ၏ စဉ်ဆက်မပြတ် ထောက်ခံမှု လိုအပ်ကြောင်း၊ ယင်းမတိုင်မီ G7 ၏ သဘောတူညီမှုရရှိထားသော ယူကရိန်းအား အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံ ချေးငွေထောက်ပံ့မည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် EU က ယူကရိန်းအား ချေးငွေ ယူရို ၃၅ ဘီလီယံ ထောက်ပံ့မည် ဖြစ်ကြောင်း Von der Leyen က စက်တင်ဘာ ၂၀ ရက်တွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။
EU သည် ယူကရိန်းအား စွမ်းအင်အကူအညီ ယူရိုသန်း ၁၆၀ ပေးမည်ဟု Von der Leyen က စက်တင်ဘာ ၁၉ ရက်တွင် ကြေညာခဲ့ကြောင်း ယူကရိန်း Pravda ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ယခုနှစ် ဆောင်းရာသီတွင် ယူကရိန်းအနေဖြင့် လျှပ်စစ်ဓာတ်အား ၁၇ ဂဂ္ဂါဝပ် (GW) ခန့် လိုအပ်နေသော်လည်း လက်ရှိတွင် ယူကရိန်း၏ အပူစွမ်းအင်သုံး ဓာတ်အားပေးပစ္စည်း ၈၀ ရာခိုင်နှုန်းနှင့် ရေအားလျှပ်စစ်ပစ္စည်းများ၏ သုံးပုံတစ်ပုံကျော် ပျက်စီးသွားခဲ့ရာ ယခုနှစ် ဆောင်းရာသီတွင် EU မှ ယူကရိန်းအား ၂.၅ ဂဂ္ဂါဝပ် (GW) လျှပ်စစ်ဓာတ်အားပံ့ပိုးပေးရန် စီစဉ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
EU မှ ပိတ်ဆို့ထားသော ရုရှားပိုင်ဆိုင်မှုများမှ ပထမဆုံးရရှိသော ယူရိုငွေ ၁.၄ ဘီလီယံကို ယူကရိန်းအား စစ်ရေးအကူအညီပေးရန် ယခုနှစ် သြဂုတ်လကုန်တွင် လွှဲပေးခဲ့ပြီးဖြစ်ကြောင်း EU ကော်မရှင် အမှုဆောင်ဒုတိယဥက္ကဋ္ဌ Valdis Dombrovskis က မကြာသေးမီရက်က ပြောကြားခဲ့သည်ဟု အခြား ရုရှားမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ ယင်းလုပ်ရပ်မှာ EU သည် ၎င်း၏ သီးခြားရပ်တည်မှု လုံးဝ ဆုံးရှုံးသွားသည့် အဓိပ္ပာယ်သက်ရောက်ပြီး “EU သည် ဆင်ခြင်တုံတရားမဲ့သွားခြင်းဖြစ်ပြီး မိမိကိုယ်ကို အဆုံးစီရင်မယ့် မူဝါဒကို ဖော်ဆောင်နေခြင်း ဖြစ်တယ်” ဟု ယင်းနှင့်ပတ်သက်၍ ရုရှားနိုင်ငံ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Zakharova က ပြောကြားခဲ့သည်။
ယခုနှစ်ဇွန်လတွင် G7 နိုင်ငံခေါင်းဆောင်များသည် ရုရှား၏ ပိတ်ဆို့ထားသော ပိုင်ဆိုင်မှုများမှ ရရှိသော အမြတ်ငွေများကို အပေါင်ပစ္စည်းအဖြစ်အသုံးပြု၍ ယူကရိန်းအား အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံ ချေးငွေ ထောက်ပံ့ရန် သဘောတူညီမှုရရှိခဲ့ရာ ယခုနှစ်မကုန်မီ ယူကရိန်းအား ချေးငွေထုတ်ပေးမည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။ (Xinhua)
#EU #ProvideLoan #Ukraine #Russia #စစ်ရေးအကူအညီ #ရုရှား #ယူကရိန်း #ချေးငွေ #ဥရောပသမဂ္ဂ
…………………………………….
(Chinese Version)
欧盟将向乌克兰提供350亿欧元贷款 俄批欧盟已“失去独立性”
新华社基辅/莫斯科9月20日电(记者李东旭 黄河)正在乌克兰访问的欧盟委员会主席冯德莱恩20日表示,欧盟将向乌克兰提供350亿欧元贷款。俄外交部发言人扎哈罗娃表示,欧盟将被冻结俄罗斯资产所获收益用于向乌克兰提供武器,意味着欧盟已完全失去独立性。
据乌克兰媒体报道,冯德莱恩20日抵达基辅,将与乌总统泽连斯基举行会晤并就能源、国防、乌克兰加入欧盟等问题进行讨论。
冯德莱恩20日在社交媒体发文称,乌克兰需要欧盟持续支持,作为七国集团此前达成的向乌克兰提供500亿美元贷款计划的一部分,欧盟将向乌提供350亿欧元贷款。
据《乌克兰真理报》报道,冯德莱恩19日宣布欧盟将向乌克兰提供1.6亿欧元的能源援助。她称,今年冬季乌克兰需要约17吉瓦的发电量,但目前乌方80%的火电设备和超过三分之一的水电设备已被摧毁,欧盟计划帮助乌方在今冬修复2.5吉瓦的电力供应。
另据俄罗斯媒体报道,欧盟委员会执行副主席东布罗夫斯基斯日前称,被欧盟冻结的俄罗斯资产第一笔收益14亿欧元,已于今年8月底汇出用于向乌克兰提供军事援助。对此,俄外交部发言人扎哈罗娃20日表示,此举意味着欧盟已完全失去了独立性,“欧盟已经失去理智,正在奉行自杀式政策”。
今年6月,七国集团领导人就以俄罗斯被冻结资产所产生收益作为抵押、向乌克兰提供500亿美元贷款达成共识,承诺将在今年年底前向乌方提供贷款。(完)
图说:6月28日凌晨,在比利时布鲁塞尔,欧盟委员会主席冯德莱恩在欧盟峰会后的新闻发布会上讲话。新华社记者赵丁喆摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.