Connect with us

International Organizations

ကုလသမဂ္ဂ အနာဂတ် ထိပ်သီးအစည်းအဝေး ဖွင့်လှစ်၊ “အနာဂတ် သဘောတူညီချက်” မှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်

နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်တွင် ကုလသမဂ္ဂ အနာဂတ် ထိပ်သီးအစည်းအဝေး ကျင်းပနေသည်ကို စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
နှစ်ရက်ကြာ ကုလသမဂ္ဂ အနာဂတ်ထိပ်သီးအစည်းအဝေးကို နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်တွင် စက်တင်ဘာ ၂၂ ရက်က ဖွင့်လှစ်ခဲ့သည်။ ထိပ်သီးအစည်းအဝေးပွဲတွင် “အနာဂတ် သဘောတူညီချက်” နှင့် ၎င်း၏ပူးတွဲအကြောင်းအရာများကို အတည်ပြုခဲ့ပြီး နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ မူဘောင်ကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုနှင့် လိုက်လျောညီထွေဖြစ်စေရန်၊ လုံခြုံမှု၊ ငြိမ်းချမ်းမှု၊ တရားမျှတမှု၊ တန်းတူညီမျှရှိမှု၊ အားလုံးပါဝင်နိုင်မှု၊ ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် ချမ်းသာကြွယ်ဝမှု ရှိသော ကမ္ဘာကို တည်ဆောက်ရန် ကြိုးပမ်းခဲ့သည်။
မိမိတို့သည် အသွင်ကူးပြောင်းရေး၏ လမ်းဆုံလမ်းခွတွင် ရောက်ရှိနေပြီး မကြုံစဖူး စိန်ခေါ်မှုများကို ရင်ဆိုင်နေကြရာတွင် စုပေါင်းလှုပ်ရှားရန် လိုအပ်ကြောင်း ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ Philémon Yang က အဆိုပါနေ့ ထိပ်သီးအစည်းအဝေး အဖွင့်မိန့်ခွန်း၌ ပြောကြားခဲ့သည်။ “အနာဂတ် သဘောတူညီချက်” သည် လက်ရှိအကျပ်အတည်းများကို ကိုင်တွယ်စီမံရာတွင်သာမက ရေရှည်တည်တံ့သော၊ တရားမျှတပြီး ငြိမ်းချမ်းသော ကမ္ဘာလုံးဆိုင်ရာ ဖွဲ့စည်းပုံစနစ်အတွက် အုတ်မြစ်ချပေးလိုက်ခြင်းဖြစ်ကြောင်း၊ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများသည် အတူယှဉ်တွဲတည်ရှိနေပြီး အနာဂတ်သည် မိမိတို့၏လက်ထဲတွင်ရှိကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
ကမ္ဘာကြီးသည် မတည်ငြိမ်မှုနှင့် အသွင်ကူးပြောင်းရေးကာလကို ဖြတ်သန်းနေရပြီး အဆုံးအဖြတ်ပေးနိုင်သော ပထမခြေလှမ်းဖြင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကို မုချလုပ်ဆောင်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ “《ကုလသမဂ္ဂ ပဋိညာဉ် စာတမ်း》ရဲ့ တန်ဖိုးတွေကို အခြေခံပြီး ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတွေ ပိုမိုတရားဝင်မှု၊ တရားမျှတမှုနှင့် ထိရောက်မှု ရှိစေဖို့အတွက် ဒီတစ်ခေါက်ထိပ်သီးအစည်းအဝေးမှာ နက်နက်ရှိုင်းရှိုင်း ပြုပြင်ပြောင်းလဲမှုတွေကို ထည့်သွင်းစဉ်းစားဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အနာဂတ်ထိပ်သီးအစည်းအဝေးသည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာငွေ၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ သိပ္ပံ၊ နည်းပညာ၊ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ် ပူးပေါင်းဆောင်ရွက်မှု၊ လူငယ်များနှင့် အနာဂတ်မျိုးဆက်များ၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေး အပါအဝင် အဓိကနယ်ပယ်ငါးခုနှင့် ပတ်သက်သော 《အနာဂတ် သဘောတူညီချက်》 နှင့် ၎င်း၏ ပူးတွဲအကြောင်းအရာများဖြစ်သည့် 《ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ် သဘောတူညီချက်》 နှင့် 《အနာဂတ်မျိုးဆက် ကြေညာချက်》 တို့ကို ထိုနေ့တွင်ပင် အတည်ပြုခဲ့သည်။
၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို စက်တင်ဘာ ၁၀ ရက်က နယူးယောက်မြို့တွင် စတင်ကျင်းပခဲ့သည်။ အနာဂတ်ထိပ်သီးအစည်းအဝေးသည် ယခုအကြိမ် ကုလသမဂ္ဂအထွေထွေညီလာခံအတွင်း အများအာရုံစိုက်မှုကို ဆွဲဆောင်ထားသော အရေးကြီးအဆင့်မြင့်အစည်းအဝေးတစ်ခုဖြစ်ပြီး နိုင်ငံ့အကြီးအကဲများနှင့် အစိုးရခေါင်းဆောင် ၁၃၀ ခန့် တက်ရောက်ခဲ့ကြသည်။ (Xinhua)


…………………………………..
(Chinese Version)
联合国未来峰会开幕 通过《未来契约》促发展
新华社纽约9月22日电(记者高山 夏林)为期两天的联合国未来峰会22日在纽约联合国总部开幕。峰会通过《未来契约》及其附件,以进一步发展多边主义框架,适应未来发展,努力建设一个安全、和平、公正、平等、包容、可持续和繁荣的世界。
第79届联合国大会主席菲勒蒙·扬当天在峰会开幕致辞中表示,我们正站在转型的十字路口,面临着前所未有的挑战,需要采取集体行动。《未来契约》不仅应对当前的危机,而且为可持续、公正与和平的全球秩序奠定了基础。他强调,挑战与机遇并存,未来掌握在我们自己手中。
联合国秘书长古特雷斯在致辞中表示,世界正在经历一个动荡和转型的时期,必须采取决定性的第一步来更新和改革国际合作。“我呼吁本次峰会考虑进行深层次改革,以《联合国宪章》价值观为基础,使全球机构更加合法、公平和有效。”
未来峰会当天通过《未来契约》及其附件《全球数字契约》和《子孙后代宣言》,涉及可持续发展和发展筹资,国际和平与安全,科学、技术和创新及数字合作,青年和子孙后代,全球治理变革等五大领域。
第79届联合国大会10日在纽约拉开帷幕。未来峰会是本届联大期间备受瞩目的重要高级别会议,约130位国家元首和政府首脑出席峰会。(完)
图说: 9月22日,联合国未来峰会在位于纽约的联合国总部举行。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.