Connect with us

Asia

တောင်ကိုရီးယားရှိ အမေရိကန်စစ်အခြေစိုက်စခန်းများ၏ကုန်ကျစရိတ် မျှခံရာတွင် သင့်လျော်သည့်အတိုင်းအတာရှိရန် တောင်ကိုရီးယား မျှော်လင့်

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့လယ်တွင် ပြုလုပ်သောအမေရိကန်ဆန့်ကျင်ရေးဆန္ဒပြပွဲ၌ "စစ်ပွဲလေ့ကျင့်မှု ဆန့်ကျင်ရေး" နှင့် "အမေရိကန် ဆန့်ကျင်ရေး" စသည့် စာတန်းများ ကိုင်ဆောင်ထားသော ဆန္ဒပြသူများအား ၂၀၂၂ ခုနှစ် ဩဂုတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံသည် မြို့တော် ဆိုးလ်၌ အမေရိကန်နိုင်ငံနှင့်အတူ သက်ဆိုင်ရာ သဘောတူညီချက်များဆိုင်ရာ ၈ ကြိမ်မြောက် စေ့စပ်ညှိနှိုင်းမှုကို စက်တင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး တောင်ကိုရီးယားရှိ အမေရိကန်စစ်အခြေစိုက်စခန်းများ၏ ကုန်ကျစရိတ် မျှခံရာတွင် သင့်လျော်သည့်အတိုင်းအတာရှိရန် တောင်ကိုရီးယားက မျှော်လင့်ကြောင်း တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ၂၃ ရက်၌ ပြောကြားခဲ့သည်။
ယခုနှစ် ဧပြီလတွင် တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် ၁၂ စုံမြောက် “ကာကွယ်ရေး ကုန်ကျစရိတ်များ မျှခံရေး အထူးသဘောတူညီချက်” အတွက် စေ့စပ်ညှိနှိုင်းမှုများ စတင်ခဲ့ပြီး ယခင်လ လကုန်တွင် ၇ ကြိမ်မြောက် စေ့စပ်ညှိနှိုင်းမှု ပြီးဆုံးခဲ့သည်။ စေ့စပ်ညှိနှိုင်းမှုမှာ “ကောင်းမွန်သော တိုးတက်မှုရရှိ” ခဲ့ကြောင်း အမေရိကန်ဘက်က ပြောကြားခဲ့ပြီး နှစ်ဖက်အကြားသဘောထားကွဲလွဲမှုများ အတိုင်းအတာတစ်ခုအထိ လျော့နည်းသွားကြောင်း အရိပ်အမြွက်ပြောခဲ့သည်ဟု တောင်ကိုရီးယားမီဒီယာများက သတင်း ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲ မတိုင်မီ ၈ ကြိမ်မြောက် စေ့စပ်ညှိနှိုင်းမှု ပြီးစီးနိုင်၊ မပြီးစီးနိုင်ကို အများက အာရုံစိုက်ကြောင်း တောင်ကိုရီးယား မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ ထိုမတိုင်မီ ထရမ့်အစိုးရက တောင်ကိုရီးယားကိုတစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့် (ယခင်ကုန်ကျစရိတ်ထက် ၅ ဆ) မျှဝေ အကုန်အကျခံပေးရန် ပြောကြားခဲ့သော်လည်း တောင်ကိုရီးယားဘက်က ငြင်းပယ်ခဲ့သည်။

လက်ရှိ တောင်ကိုရီးယားတွင် အမေရိကန်တပ်ဖွဲ့ဝင် ၂၈,၅၀၀ ခန့် တပ်စွဲထားသည်။ တောင်ကိုရီးယားသည် ၁၉၉၀ ပြည့်လွန်နှစ်များမှစ၍ အခြေစိုက်စခန်းများ၏ စစ်ရေးကုန်ကျစရိတ်ကို မျှခံပေးခဲ့သည်။ နှစ်နိုင်ငံသည် ၁၁ စုံမြောက် “ကာကွယ်ရေးကုန်ကျစရိတ်များ မျှခံရေး အထူးသဘောတူညီချက်” ကို ရှေ့ဆင့်နောက်ဆင့် လက်မှတ်ရေးထိုးခဲ့ရာ ၁၁ စုံမြောက်သဘောတူညီချက်သည် ၂၀၂၅ ခုနှစ်အကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ အဆိုပါသဘောတူညီချက်အရ ၂၀၂၁ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံမှ ပေးဆောင်ရသောကာကွယ်ရေးကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၁.၀၃ ဘီလီယံဖြစ်ပြီး ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၃.၉ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း သိရသည်။

တောင်ကိုးရီးယားတွင် တပ်စွဲထားသော အမေရိကန်စစ်တပ်သည် ကာလကြာရှည်စွာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊အရက်သေစာ မူးယစ်ရမ်းကားမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုစသည့် မကောင်းသော အပြုအမူများကို မကြာခဏ ကျူးလွန်ခဲ့သောကြောင့် ဒေသခံပြည်သူများအကြား မကျေနပ်မှုများပြင်းထန်စွာ ဖြစ်ပေါ်စေခဲ့သည်။ တောင်ကိုရီးယားရှိ အမေရိကန်စစ်အခြေစိုက်စခန်းသည် ဇီဝလုံခြုံရေးနယ်ပယ်တွင် ပိုမိုဆိုးရွားသောလုပ်ဆောင်ချက်များစွာရှိခဲ့ရာ ၂၀၁၅ ခုနှစ်တွင် အမေရိကန်စစ်ဘက်ဆိုင်ရာဓာတ်ခွဲခန်းတစ်ခုသည် တောင်ကိုးရီးယားရှိ Osan အမေရိကန်စစ်အခြေစိုက်စခန်းသို့ ဒေါင့်သန်းဘက်တီရီးယားပိုးအရှင် နမူနာပေးပို့ခဲ့သလို တောင်ကိုးရီးယားနိုင်ငံအတွင်း ဇီဝဗေဒဆိုင်ရာစမ်းသပ်မှုများကို ပြုလုပ်ခဲ့ရာ ပြည်သူများ၏ ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။(Xinhua)

…………………………………………..
(Chinese Version)
分摊美军驻韩费用 韩国希冀“合理范围”
新华社北京9月24日电 韩国外交部23日说,韩国将于25日至27日在首都首尔同美方启动相关协议的第八轮谈判,希望在合理范围分摊美军驻韩费用。
今年4月,韩美就第12份《防卫费分担特别协定》启动谈判,上月底完成第七轮谈判。韩国媒体报道,美方表示谈判“取得良好进展”,暗示双方在一定程度上缩小分歧。
按韩国媒体说法,第八轮谈判能否在11月美国举行总统选举前收尾备受关注。此前,特朗普政府一度向韩方开出高达每年约50亿美元的分摊额度,是先前费用的5倍,遭韩方拒绝。
驻韩美军现阶段约有2.85万人。韩方从20世纪90年代开始分摊驻军费用。两国已先后签署11份《防卫费分担特别协定》,第11份协定将于2025年年底到期。根据该协定,2021年韩国承担的防卫费金额为10.3亿美元,较2019年增加13.9%。
长期以来,驻韩美军性侵、酗酒、贩毒、污染环境等恶行频发,引发当地民众强烈不满。驻韩美军基地在生物安全领域更是劣迹斑斑,美国一个军方实验室2015年曾向韩国乌山美军基地寄送有活性的炭疽杆菌样本,并在韩国境内进行生物实验,引发民众持续抗议。(黄爱萍)
图说:2022年8月13日,集会者手持“反对战争演习”“反对美国”等条幅在韩国首尔市中心参加反美集会。新华社/纽西斯通讯社