Connect with us

Videos

အသံတိတ်လောက၏ ကြိုးစားရုန်းကန်သံ

ယူနန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

နှစ်စဉ် စက်တင်ဘာလ၏ စတုတ္ထအပတ် တနင်္ဂနွေနေ့သည် အပြည်ပြည်ဆိုင်ရာ နားမကြားသူများနေ့ ဖြစ်သည်။ယူနန် အထူးအသက်မွေးဝမ်းကျောင်းပညာရေးကောလိပ် အနုပညာဌာနက အကြားအာရုံချို့ယွင်းမှုကြောင့် စကားမပြောနိုင်သော ကျောင်းသား/ကျောင်းသူများကို အဓိက လက်ခံသင်ကြားပေးနေပါသည်။

အဆိုပါကျောင်းတွင် အကြားအာရုံချို့ယွင်းသော ကျောင်းသား/ကျောင်းသူ ၂၃၄ ဦးရှိပြီး အကြားအာရုံချို့ယွင်းသည့် ဆရာ၊ ဆရာမ ၅ ဦးရှိကြောင်း သိရသည်။
ထိုကျောင်းသည် အကြားအာရုံချို့ယွင်းသော ကျောင်းသား/ကျောင်းသူတွေအတွက် ရည်ရွယ်ကာ ကိုယ်ပိုင် ပညာရေး သင်ကြားမှု နည်းစနစ်အချို့နှင့် ယူနန်ပြည်နယ်၏ ဒေသသွင်ပြင်လက္ခဏာကို ပေါင်းစပ်ပြီး ဆီဆေးပန်းချီ၊ တိုင်းရင်းသား ဆေးဆိုးပန်းရိုက်နည်းပညာ၊ တိုင်းရင်းသား ပန်းပုအနုပညာ၊ သစ်သား ပန်းပု ပန်းချီ စသော တိုင်းရင်းသားရိုးရာ အတတ်ပညာ သင်တန်းများကို ဖွင့်လှစ်ထားသည်။

စာသင်ကျောင်း အနေဖြင့်လည်း အကြားအာရုံချို့ယွင်းသော ကျောင်းသားကျောင်းသူများနှင့် အံဝင်ကွင်ကျ ဖြစ်သည့် အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို ဖန်တီးပေးထားရာ အကြားအာရုံချို့ယွင်းသော ကျောင်းသားကျောင်းသူများ အလုပ်အကိုင်ရရှိမှုနှုန်းအား ၉၀ ရာခိုင်နှုန်းအထက် ရှိနေစေရန် စာသင်ကျောင်းနှင့် စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ကာ ၎င်းတို့၏ မိမိကိုယ်ကို အားကိုး၍ လူ့အဖွဲ့အစည်းအတွင်း ဝင်ဆံ့စေရန် စီမံထားကြောင်း သိရသည်။ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများ၏ အသံတိတ်လောကက ကြိုးစားရုန်းကန်သံများမှာ ဘဝအတွက် တံခါးသစ်ဖွင့်လှစ်ပေးလိုက်ခြင်းပင် ဖြစ်ပါသည်။ (Xinhua)

……………………………………..
(Chinese Version)

吹响无声世界的号角

每年9月的第四个周日是国际聋人日。云南特殊教育职业学院的艺术系,主要招收听力言语障碍学生。学校现有234名听障学生,还有5名听障教师。学校针对听障学生,设置一些个性化的教育教学方法,结合云南的区域特点,开设了油画、民族印染技艺、民族雕刻技艺、木刻版画等带有民族民间技艺传承的课程。学校也为听障学生铺设一条量身打造的职业发展道路,加强学校和企业合作,使听障学生的就业率保持在90%以上,让他们通过一技之长自力更生、融入社会。
师生们在无声世界里吹响奋斗的号角,为生活打开了一扇新的大门。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.