Connect with us

Europe

ဥရောပသမဂ္ဂ၏ ရုရှားမှ သဘာဝဓာတ်ငွေ့တင်သွင်းမှု သုံးလပတ် စုစုပေါင်း ပမာဏက အမေရိကန်ကို ကျော်လွန်

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်ရှိ ဥရောပသမဂ္ဂကော်မရှင်ရုံးချုပ် အဆောက်အဦ ပြင်ပတွင် စကားပြောနေကြသူများအား ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂနိုင်ငံများက ရုရှားမှ တင်သွင်းသော သုံးလပတ် သဘာဝဓာတ်ငွေ့ စုစုပေါင်းပမာဏမှာ ယခု နှစ်နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်မှ တင်သွင်းသည့် ပမာဏကို ကျော်လွန်ခဲ့ကြောင်း ဘယ်လ်ဂျီယမ် Bruegel သုတေသန ဌာန၏ နောက်ဆုံး ထုတ်ပြန်သည့် စွမ်းအင်ဈေးကွက် သုတေသနပြုချက်တွင် ဖော်ပြထားသည်။ယခုနှစ် ဒုတိယ သုံးလပတ်တွင် ဥရောပသမဂ္ဂနိုင်ငံများက ရုရှားမှ သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၂.၇ ဘီလီယံကျော် ဝယ်ယူခဲ့ပြီး အမေရိကန်မှ ကုဗမီတာ ၁၂.၃ ဘီလီယံ ဝယ်ယူခဲ့ကြောင်း၊ ပထမ သုံးလပတ်နှင့် နှိုင်းယှဉ်လျှင် ရုရှား၏သဘာဝဓာတ်ငွေ့ပေးပို့မှုပမာဏမှာ အနည်းငယ် ကျဆင်းခဲ့သော်လည်း အမေရိကန်၏ပမာဏကျဆင်းမှုက ပိုမိုကြီးမားခဲ့ကြောင်း DPA သတင်းဌာနက Bruegel သုတေသနဌာန၏ ကိန်းဂဏန်းများကို ကိုးကား၍ စက်တင်ဘာ ၁ ရက်တွင် ဖော်ပြထားသည်။

မည်သည့်နိုင်ငံများက ရုရှားမှ သဘာဝဓာတ်ငွေ့ဝယ်ယူသည်ကိုမူ သုတေသန အစီရင်ခံစာ၌ ဖော်ပြထားခြင်း မရှိပေ။နော်ဝေနိုင်ငံသည် ဥရောပသမဂ္ဂ၏ အကြီးဆုံး သဘာဝဓာတ်ငွေ့ ပံ့ပိုးတင်သွင်းသူအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်ပြီး ဒုတိယ သုံးလပတ် တင်သွင်းမှုပမာဏမှာ ကုဗမီတာ ၂၃.၉ ဘီလီယံခန့် ရှိခဲ့သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ၊ ယူကရိန်းအကျပ်အတည်း ဘက်စုံ အရှိန်မမြင့်တက်မီကာလတွင် ရုရှားသည် ဥရောပသမဂ္ဂ၏ သဘာဝဓာတ်ငွေ့ တင်သွင်းသည့် ပထမအကြီးဆုံး နိုင်ငံအဖြစ် တောက်လျှောက်ရပ်တည်ခဲ့သည်။ သို့သော် ထို့နောက်ပိုင်းတွင် ဥရောပသမဂ္ဂက ရုရှားသဘာဝဓာတ်ငွေ့တင်သွင်းမှုပမာဏကို များစွာ လျှော့ချခဲ့သည်။

ဂျာမနီအနေဖြင့် ရုရှားသဘာဝဓာတ်ငွေ့များကို ထပ်မံ တင်သွင်းခြင်းမရှိတော့ကြောင်း ဂျာမန်အစိုးရ ဝန်ကြီးဌာန ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားသည်။ဥရောပသမဂ္ဂအတွင်း ရုရှားသဘာဝဓာတ်ငွေ့တင်သွင်းမှုကို တားမြစ်ရန် ဂျာမနီအတိုက်အခံပါတီ ခရစ်ယာန် ဒီမိုကရက်တစ် ယူနီယံ (CDU) နိုင်ငံခြားရေးပညာရှင် Norbert Röttgen က World Channel သတင်းစာတွင် လွန်ခဲ့သည့်ရက်က တိုက်တွန်းပြောကြားခဲ့သည်။

“ဥရောပသားတွေက တစ်ဖက်က ကန်ဒေါ်လာ ဘီလီယံနဲ့ချီသုံးပြီး ယူကရိန်းကို ထောက်ပံ့နေပြီး တစ်ခြားတစ်ဖက်မှာလည်း ကန်ဒေါ်လာ ဘီလီယံနဲ့ချီထုတ်ပြီး ရုရှားရဲ့ စစ်ပွဲရန်ပုံငွေကို ဖြည့်တင်းနေကြတယ်။ ဒါက တာဝန်ယူမှုမရှိသလို ကျိုးကြောင်းဆီလျော်မှု မရှိဘူး၊ ယုံကြည်ဖွယ်လည်း မကောင်းဘူး” ဟု Norbert Röttgen ၏ အဆိုအရ သိရသည်။

ဂျာမနီ အာဏာရညွှန့်ပေါင်းအဖွဲ့ဝင် ဖြစ်သည့် လွတ်လပ်သော ဒီမိုကရက်တစ်ပါတီ (FDP) ပြောရေးဆိုခွင့်ရှိသူ Michael Kruse က ဥရောပသမဂ္ဂက ယူကရိန်းကို ငွေကြေးအကူအညီနှင့် စစ်ရေးအကူအညီများ ပုံမှန်ပေး၍ ရသလို ရုရှားထံမှ သဘာဝဓာတ်ငွေ့တင်သွင်းနိုင်ကြောင်း ယူဆပေသည်။

ယခုနှစ် မေလတွင် အမေရိကန် သဘာဝဓာတ်ငွေ့ရည်(LGN) တင်ပို့မှု အဓိက အဆောက်အဦများ ချို့ယွင်းမှုစသည့် “တစ်ကြိမ်တစ်ခါ အကြောင်းရင်း”များကြောင့် ဥရောပ၏ ရုရှားမှ သဘာဝဓာတ်ငွေ့ တင်သွင်းမှု တစ်လပမာဏသည် ယခုနှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်မှ တင်သွင်းသည့် ပမာဏကို ကျော်လွန်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)
————————————-
欧盟从俄罗斯进口天然气单季总量超美国
新华社北京9月2日电 比利时布鲁盖尔研究所最新发布的能源市场研究显示,单季度欧盟国家从俄罗斯进口天然气总量近两年来首次超越从美国进口规模。
德新社1日援引布鲁盖尔研究所数据报道,今年第二季度,欧盟国家从俄罗斯购买逾127亿立方米天然气,从美国购买123亿立方米。相比第一季度,俄罗斯天然气交付量小幅下降,但美国的降幅更大。
研究报告未写明哪些国家从俄罗斯购买天然气。
挪威仍是欧盟最大天然气供应国,第二季度供应量约239亿立方米。2022年2月乌克兰危机全面升级前,俄罗斯一直是欧盟第一大天然气供应国。然而此后,欧盟大幅缩减俄罗斯天然气进口规模。
德国政府部门发布的数据显示,德国已不再从俄罗斯进口天然气。德国反对党基督教民主联盟外交事务专家诺贝特·勒特根日前在《世界频道》报呼吁,在欧盟范围内禁止从俄罗斯进口天然气。
按照勒特根的说法:“欧洲人一边花数十亿美元支持乌克兰,一边拿出数十亿美元充实俄罗斯的战争基金——这既不负责任,也不理性、不可靠。”
德国执政联盟成员自由民主党的发言人米夏埃尔·克鲁泽认为,欧盟可以向乌克兰支付固定额度的援助资金和军事援助,换取从俄罗斯进口天然气。
今年5月,受美国液化天然气出口主要设施故障等“一次性因素”影响,欧洲单月从俄罗斯进口的天然气规模近两年来首次超过从美国进口的规模。(孙硕)
1. 2022年10月18日,人们在位于比利时布鲁塞尔的欧盟委员会总部大厦外交谈。新华社记者郑焕松摄